Hnin
စကားဘဲ ဒီပါးစပ်ကပြောပြီးရင် လေထဲပျောက်ကွယ်သွားတာဘဲ.. ကိုယ်ပြောပြီးတိုင်းလည်း သူတို့ကမှတ်ချင်မှ မှတ်ထားမှာလေ အဲလောက်အရေးကြီးလို့လားလို့ ထင်ကောင်းထင်နိုင်ပါတယ်။ဘာဘဲပြောပြော ဘာဘဲလုပ်လုပ် သူများတွေမသိရင်တောင် ကိုယ်ကိုယ်တိုင်သိနေတာမို့ ကိုယ့်စိတ်ကိုယ်ကို ရိုးသားဖို့လိုပါတယ်။
သူများကမှတ်ထားချင်မှ မှတ်ထားမှာလေဆိုတဲ့စကားကတော့ မှားတယ်လို့တော့မဆိုလိုပါဘူး ဒါပေမဲ့ မှန်တယ်လည်းမဟုတ်ပါဘူး။ ကျွန်မတို့တွေ နေ့စဥ်တကွပြောဆိုနေကြတဲ့စကားတွေမှာ ဟုတ်မှန်တဲ့စကားတွေလည်းရှိသလို၊မဟုတ်မှန်တဲ့စကားတွေလည်းပါပါတယ်။
စကားတွေကိုပြောဆိုကြတဲ့အခါ မလိုအပ်ဘဲ အပိုတွေမပြောမိဖို့ အရမ်းအရေးကြီးပါတယ်။ လောကမှာ ဘယ်လိုကိစ္စတွေနှင့်ဘဲ ပြောဆိုဆက်ဆံရပါစေ စကားကိုအမြဲထိန်းပြောပါ။ ဘယ်သူတွေနှင့်ဘဲပြောပြော ၊ဘယ်လိုလူတွေနှင့်ဘဲ ပြောပြော ကိုယ်ပြောတဲ့စကားကို ကိုယ်အမြဲတန်ဖိုးထားပါ။
ကိုယ့်ပတ်ဝန်းကျင်မှာ အပြောနှင့်အလုပ်မညီတဲ့သူတွေ တွေ့မိခဲ့ရင် သူတို့ကို သေချာလေ့လာကြည့်ပါ။ပြီးရင် ငါရော အဲလိုများဖြစ်နေလားဆိုပြီး အမြဲသုံးသပ်ပါ။ သူများကို အကြောင်းပြုပြီး ကိုယ့်ကိုယ်ကို ပြုပြင်လိုက်ပါ။
Hnin(3.11.24)9:50Pm
Keep Reading