Leo(Nann)❤️
ဧကရာဇ်တစ်ယောက် စားသောက်ဆိုင်မှာ ဘော်ဒါတွေနဲ့ ဆုံပြီး(၂)နာရီလောက်ကြာသွားခဲ့သည်။
ပြီးမှနာရီကို တစ်ချက်ကြည့်ပြီး.....
"ဟျောင့်တွေ.......ငါပြန်တော့မယ်။"
ချွတ်ထားသောအပေါ်ကုတ်အင်္ကျီကိုပြန်ဝတ်ကာပြန်ရန်ပြင်နေသော ဧကရာဇ်ကို သူရိန်က ....
"မင်းကလည်း ဖြေးဖြေးပေါ့ကွာ။ဆုံရခဲပါဘိနဲ့။"
"အေးလေကွာ...ဟုတ်သားပဲ။"
သူရိန်၏စကားကို မင်းထက်ကပါဝင်ထောက်လိုက်သည်။
"ဒီနေ့ငါအပြင်သွားမယ်ဆိုတာ မာမီ့ကို ကြိုမပြောထားခဲ့ဘူး။သူ ဒီနေ့လာမယ်ဆိုပြီးအရင်ရက်ထဲကဖုန်းကြိုဆက်ထားတာမို့ လွဲနေမှာစိုးလို့....။"
"ခဏလောက်တော့နေပါဦး။မှာထားတာတွေတောင် ကုန်အောင်မစားရသေးဘဲနဲ့။"
"နောက်တစ်ခေါက်မှပေါ့ကွာ....။နောက်တစ်ခေါက်ကျ ငါဒကာခံမယ်...ok"
ဧကရာဇ် အားလုံးကိုနှုတ်ဆက်ပြီး ပြန်လာခဲ့လေသည်။
********
***
ကားကိုတစ်လှိမ့်ချင်းလှိမ်းပြီး ခြံထဲကို မောင်းလာခဲ့လိုက်သည်။အသွားတုန်းက ခုံတန်းပေါ်တွင် စာဖတ်ရင်းကျန်ခဲ့သော ဦးကိုကို ကိုမတွေ့ရတော့။အဲ့ဒီအစား တစ်ယောက်တည်း ပြုံးကာ ထိုင်နေသော ဆင်စွယ်ရောင်ရင်ဖုံးအင်္ကျီနှင့်ထဘီဝမ်းဆက်ဖြင့် ကောင်မလေးကိုသာ တွေ့လိုက်ရသည်။ ကားမှန်များကို တင်ထားသဖြင့် ထိုကောင်မလေးကတော့ ကားထဲကသူ့ကိုမြင်ရဟန်မတူ။
မြင်လိုက်သောခဏတွင်.....
"ဘယ်က ကောင်မလေးလဲ။ငါ့ခြံထဲဘာလာလုပ်တာလဲတာ။"
ဧကရာဇ် မျက်မှောင်ကြုတ်လိုက်ရင်း ကားကိုအိမ်ဘက်ဆက်မောင်းလာခဲ့သည်။
အိမ်ထဲသို့အရောက် စာကြည့်ခန်းထဲမှထွက်လာသော မာမီ့ကိုတွေ့လိုက်ရသည်။
"သားရယ်....ဖုန်းလေးဘာလေးလဲ မဆက်ဘူး။ဘယ်တွေသွားနေတာလဲ။မာမီ ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်။"
"မင်းထက်တို့ခေါ်တာနဲ့ အပြင်သွားနေလို့ပါမာမီ။ခဏလောက်ပဲကြာမှာဆိုပြီး ဖုန်းဆက်မပြောမိတာ။ရောက်တာကြာနေပြီလား။"
"အင်း...သိပ်မကြာသေးပါဘူး"
"ဒါနဲ့....ဟိုကလေးမက မာမီနဲ့ပါလာတာလား။ရှုပ်ရှုပ်ယှက်ယှက် မာမီရာ....ဘယ်က ကလေးမလဲ။
ဒီကို ဘာလို့ခေါ်လာတာတုန်း"
"ဪ...သားရယ် မရှုပ်ပါဘူးကွယ်။အဲ့တာ တို့အိမ်ကိုငယ်ငယ်ထဲက အမြဲလာလည်နေကျသျှင်နန်းလေးလေ။သူအိမ်ရောက်လာတာနဲ့ တိုက်ဆိုင်လို့အလည်ခေါ်လာခဲ့တာ။"
"သျှင်နန်း...ဟုတ်လား။ ကျွန်တော့်ယုန်တွေနဲ့လာဆော့နေကျကလေးမ လား။"
"အင်း..ဟုတ်ပါ့...ဟုတ်ပါ့။"
ထိုကလေးမလေးက မတွေ့တာကြာရွေ့လားမသိ၊အရင်ကနဲ့လုံးလုံးမျှမတူတော့။
ဧကရာဇ်လူပျိုဖြစ်ခါစက ထိုကောင်မလေးမှာ ညစ်ပတ်ပေတူးနေအောင် ဆော့တတ်သော အဆော့မက်သည့်ကလေးလေးသာ။သူစနောက်လျှင် ငိုငိုပြီးအိမ်ပြန်သွားတတ်သော ကလေးမလေး။" ဦးငယ်၏ယုန်တွေကို အိမ်ခေါ်သွားချင်လိုက်တာ"ဆိုသော ငယ်ငယ်ကနေခဲ့သောအိမ်နှင့် တစ်လမ်းအချာတွင်နေသောဂျစ်တူးမလေးသာဖြစ်နေလေ၏။ဒီကလေးမကိုတော့ သူအတော်လေးရေစက်ရှိပါသည်။တစ်ခါတစ်ရံ ထိုကလေးမကလေးနှင့်အတူတူဆော့ပေးခဲ့သည်အထိ အလိုလိုက်ခဲ့ဖူးသည်။
အရင်အချိန်တွေတုန်းက အိမ်ကိုအမြဲလာဆော့တတ်သည့် ကလေးမလေးက ယခုတွင်အပျိုကြီးဖားဖား ဖြစ်နေချေပြီ။
"မာမီရော..... နေ့လည်စာစားပြီးပြီလား။"
"အင်းစားပြီးပါပြီကွယ်။ဒီကိုမလာခင်ကပဲ စားလာတာ။"
ထိုစဉ် အိမ်ထဲသို့သျှင်နန်းက ဝင်လာပြီး သူတို့ထိုင်နေရာဘက်လျှောက်လာကာ ဒေါ်မြသီတာ၏ဘေးတွင် ခါးကလေးညွှတ်ကာ ဝင်ထိုင်လိုက်သည်။
သျှင်နန်းက အလည်လိုက်ခဲ့တာ ဖြစ်သော်ငြားလည်း ဦးငယ်နှင့်အန်တီမြတို့နှစ်ဦးသာ အချင်းချင်းစကားပြောနေကြ၍ ဘာမှဝင်မပြောမိပဲ ကြောင်ကြောင်ကလေးသာ ငေးကြည့်နေမိ၏။ ဦးငယ်မှာအခုချိန်တွင်အသက်ကြီးရုပ်ရင့်ရင့်ကြီးဖြစ်နေလောက်မည်ဟုတွေးထားသော သျှင်နန်းတစ်ယောက် အံ့အားသင့်နေမိတော့သည်။ဦးငယ်မှာ စကားပြောတည်ငြိမ်အေးဆေးသလောက် ရုပ်ကလည်းနု၏။ ဆံနွယ်တို့က နှဖူးစပ်မှ ခွေကျလျက် ညှို့ချက်ပြင်းသော မျက်လုံးတစ်စုံကပင် ဆွဲဆောင်မှုရှိလှသည်။ဒူးပေါ်တွင်ယှက်တင်ထားသော လက်ချောင်းများကလည်းသွယ်လျလျနှင့် အနုပညာသမားတစ်ဦး၏လက်ချောင်းတွေကဲ့သို့ ဖြစ်နသဖြင့်ယောက်ျားတစ်ဦးမတန်ပဲ လှရက်နိုင်လွန်းသည်ဟု သျှင်နန်းက တွေးနေမိသည်။
ဦးငယ်၏ လက်ရှိကိုယ်ခန္ဓာအနေအထားက သူမဖတ်ဖူးသော wattpad ဇာတ်လမ်းများထဲမှ ဇာတ်ကောင်မျိုးတွေ၏ အဆက်အပေါက်မျိုး။
"ဦးငယ်က အရင်ကထက်တောင် ချောလာတာပဲ"
သျှင်နန်း စိတ်ထဲမှ ကြိတ်၍တွေးနေမိ၏။
ထိုနေ့က အလည်လိုက်လာခဲ့သောသူမ ဦးငယ်ကို ပြုံးပြရုံလောက်သာ နှုတ်ဆက်ဖြစ်ခဲ့ပြီး ဘာမှဝင်မပြောဖြစ်ပဲငြိမ်နေခဲ့မိ၏။ဦးငယ်ကတော့ ရုပ်တည်ကြီးနှင့်မို့ စေ့စေ့ပင်မကြည့်ရဲလှ။ အန်တီမြကတော့ သျှင်နန်းကိုအားနာ၍လားမသိ။ သျှင်နန်းကိုတစ်လှည့်၊ဦးငယ်ကိုတစ်လှည့်စကားပြောပေးနေ၏။ ဦးငယ်က သိပ်အရေးမလုပ်သဖြင့် သျှင်နန်းရင်ထဲမကောင်းလှ။
သျှင်နန်းမှာ အသက်ကသာ ၁၇၊၁၈အရွယ်အပျိုဖြန်းကလေးဖြစ်နေသော်လည်း ကလေးစိတ်လက်ကျန်ကလေးတော့ အနည်းငယ်ရှိနေသေးသည်။
အိမ်ပြန်ရောက်တော့ သူမ၏မေမေကို ဦးငယ်၏အကြောင်းတွေပြန်၍ ဖောက်သည်ချဖြစ်၏။
"အဲ့စိတ်ပုတ်ကြီးဦးငယ်ကလေ....သမီးကိုမမှတ်မိဘူးထင်ပါတယ်မေမေရယ်။ချေလိုက်တာကလည်းလွန်ရော.......။"
ဟိုမှာ အနေကျုံ့ခဲ့ရသမျှ အိမ်ကျမှ ပြန်၍ပေါက်ပေါက်ဖောက်နေတော့သည်။
"သမီးရယ်....သူလည်းအရင်လို ငယ်ငယ်လေးမှမဟုတ်တော့တာ.....ဘယ်တူတော့မလဲကွယ်။သမီးရဲ့နေပုံထိုင်ပုံ
ပြောင်းလာသလို သူလည်းပဲအဲ့လိုပေါ့...။
မိခင်ဖြစ်သူ ဒေါ်အမရာနန်းက ကလေဆန်သော သမီးလေးသျှင်နန်းကို ကြည့်ပြီး သက်ပြင်းချလိုက်မိ၏။
"အပြင်ကလူတွေနဲ့ဆို အနေတည်သလောက် အိမ်ကျရင် နွဲ့တုန်းဆိုးတုန်းကလေးပဲ။တစ်နေ့ကျရင်တော့ ကလေးဆန်တာလေးပျောက်သွားကောင်းပါရဲ့။"
ဒေါ်အမရာနန်းတစ်ယောက်စိတ်ထဲမှသာတွေးရင်း..........
ဆက်ရန်
*******
*
အဆုံးထိဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။ အားလုံးကိုအစဉ်လေးစားလျက်... Leo
Keep Reading