Reviews by Benevolent
အပျိုကြီး ၊လူပျိုကြီးတွေ ဖတ်သင့်တဲ့ စာအုပ် တစ်အုပ်လို့ဆိုရမယ်။ဘာလို့ဆို သူတို့အကြောင်း ရေးထားတာပါ။ကျွန်တော် "အော်ဆွေး" အဓိပ္ပါယ်ကို သေချာ မသိခင်က အသည်းကွဲ၊ လွမ်းဆွေး စရာလို့ ထင်ခဲ့မိမယ်။ တကယ်တော့ စာရေးဆရာပြောပြချင်တဲ့ ရည်ရွယ်ချက်က ...ကျွန်တော်ကို ပြုံးမိစေတယ်။
ကားဘော်ဒီပြင်တဲ့အခန်းမှာ "အော်ဆွေး" အကြောင်း ပြောပြထားတယ်။ မိန်းမကြောက်တဲ့သူက ကားကို ဘယ်လိုထားတယ် ဆိုတာလည်း ပါပြန်တယ်။ မိန်းမတွေကို စိတ်ကုန်တဲ့သူက ကားကို ဘယ်လိုလုပ်တတ်တယ်။ သူ့ဆိုလိုတာနဲ့ သူ့အပြောက "အမှန်ပဲလား၊ မသိဘူး " ဆိုတဲ့ အတွေးဝင်လာလိမ့်မယ်။
ဝတ္ထုအစလေးကို ဖတ်လိုက်တာနဲ့ သဘောကျသွား စေတဲ့ စာအုပ်တစ်အုပ်။ "အချစ်ရယ်၊ အရက်ရယ်၊ လောင်းကစားရယ်ဟာ တော်တော်ကလေး တူညီကြသည်၊ စွဲစေတတ်တဲ့ အရာတွေ ချည်းပဲ၊ ဖြတ်မယ် ၊ဖြတ်မယ်နဲ့ ကြွေးကြော်ရင်းကပဲ လစ်မစ်တွေ တိုးတိုးလာနေရာမှာရော တူသည် " ဆိုတဲ့ လူငယ်တွေကို သတိပေးတဲ့ စာသားလေးက ချစ်စရာကောင်းတာ အမှန်ပဲ။
တစ်ခေတ်တစ်ခါက ရန်ကုန်တက္ကသိုလ်မှာ အုတ်မြစ်ချထားတဲ့ အချစ်ဝတ္တုကောင်းလေးတစ်ပုဒ်လို့ ဆိုရမယ်။မြန်မာ ကျောင်းသားအချစ်ဇာတ်လမ်းဖြစ်ပေမယ့် အဓိပ္ပါယ်မဲ့ ပေါတောတော ဇာတ်လမ်းမဟုတ်တာတော့ အသေအချာပါပဲ။ ပျော်စရာတွေနဲ့ ရယ်ရပေမယ့်ပေါတောတော စာအုပ်တော့ မဟုတ်ပါဘူး။ရုပ်တိရှိပြီး ပညာသား ပါပါ ရယ်ရတဲ့စာအုပ်။တစ်ယောက်နဲ့တစ်ယောက် အားပြိုင်နေတဲ့ ဇာတ်လမ်းမျိုးလည်း မဟုတ်ပြန်ဘူး။ဖတ်နေစဉ်ဇာတ်လမ်း အစကနေ အဆုံးထိ မျှော်တလင့်လင့်နဲ့ ဆွဲခေါ်ခြင်းခံရလိမ့်မယ်။
အဓိက ဇာတ်ကောင်တွေက ဇွဲကြီးလှတဲ့"ချစ်နိုး "ဆိုတဲ့ကောင်လေးတစ်ယောက် နဲ့ အချစ်ဆိုတာ တစ်ခါမှထိတွေ့ မခံစားဖူးတဲ့ "မြမြဖူး"။ "မြမြဖူး" ဆိုတာ ပန်းခင်းကြီးထဲက ပန်းကလေးတစ်ပွင့်သာ ဖြစ်တယ်။သူမရဲ့အလှကို စာဖတ်တဲ့သူပါ ကြိုက်ချင်လာအောင်ရေးတတ်လွန်းတယ်။ သူမရဲ့ အလှတရားကြောင့် ကြော်ငြာဆိုင်းဘုတ်တစ်ခုထောင်ကြ ၊စာပုံး ချိတ်ပြီး စာတွေ ဝိုင်းထည့်ကြရတဲ့အထိ အလှဧကရီ တစ်ပါးပဲ။စာကို စာလုံးပေါင်
Unlock to read this premium article with 100 points.