Author's Profile Photo

Reviews by Benevolent

28/08/2025

တကယ်မရှိသောနှစ်များ

1 min read
Book Review
History
Fiction
တကယ်မရှိသောနှစ်များ's photo

တကယ့်မရှိခဲ့တဲ့နှစ်တွေကို စာဖတ်သူ၊ကျွန်တော်အပါအဝင် ဒီစာအုပ်ထဲချောင်းမြောင်းကြည့်လိုက်မိရင် ငှက်ပျော်ပင်တစ်ပင်ကို အောက်ခြေက ခုတ်ပိုင်းလိုက်သလို ပြိုလဲနေတဲ့ဘဝတွေ
#reviewsbybenevolent
စာမျက်နှာ ၈၆ နဲ့ ဒီစာအုပ်ကို Autofiction ထဲ ထည့်လို့ရမယ် ထင်တယ်။ ငါ့ ၊ ငါ့သူငယ်ချင်း ၊ ငါ့ညီ ၊ ကျွန်တော်တို့ ဆိုတဲ့ တကယ့်ကိုယ်တွေ့အဖြစ်အပျက်တွေကို ထပ်တလဲလဲ သုံးထားတာ‌ တွေ့ရတယ်။
ဗဟုသုတထိတွေ့မှုနည်းတဲ့ ကျွန်တော်အဖို့ Google ကို အနားခေါ်ထားရပါတယ်။
ဖတ်ရတာ တိုတိုလေး ၊တွေးရတာ အဆမတန်ပါပဲ။စာအုပ်ထဲမှာ လက်တွေ့နဲ့ သဘောတရားအရ 18 + အသုံးတွေမြုပ်ထားတယ်။
မူယာကာမိရဲ့ Kafka on the shore လောက်တော့ မကြမ်းပါဘူး။
၁၉၉၀ ဝန်းကျင်ကရန်ကုန်မြို့လူငယ်တွေ ဘာတွေဖြစ်ခဲ့သလဲ ၊ ဘယ်လို ဘဝတွေရှိမလဲ တစ်ချက်ဝင်ကြည့်လို့ရနိုင်တဲ့ စာအုပ်ဆိုလည်း မမှားဘူး။
မှတ်ဉာဏ်တွေထဲက သွေးညှီနံတွေနဲ့ သွေးဆာနေတဲ့ ဒရက်ကူလာထက်ပိုတဲ့ လူသားတွေလား ၊ ကျွန်တော်ကတော့ ဒီစာအုပ်ဖတ်နေရင်း ငါ့တို့အဘိုး၊ အဘွားကစလို့ အခုချိန်ထိ ခေတ်သမိုင်းတွေဟာ သွေးကို အလွန်အကျွံသောက်သုံးနေတာဘဲလို့ တွေးမိတယ်။

စာရေးသူရေးဟန်က ခေတ်လူငယ်တွေအကြိုက်ထိမိ‌နေတော့ ဖတ်မိသူတိုင်း စွဲလမ်းစေတယ်။ရုပ်ရှင် ၊ ဂီတ ထိတွေ့မှုနဲ့ အတော်ကင်းကွာ နေတဲ့ ကျွန်တော်အတွက်က Google၊ YouTube ကိုဆရာတင်ထားရတာ အမှန်ပါ။
ဖတ်လိုက် ရှာလိုက်နဲ့ အချိန်တော့ ပိုပေးရတယ်။ပေးရတာထက်တန်တဲ့ အသိဉာဏ်လွတ်လပ်မှု၊ အပေါစားမဆန်တဲ့ အမြင်ကိုလည်း ရစေတယ်။ စာအုပ်က တိုတိုလေးနဲ့တွေးရတာ မှတ်ရတာအလွန်များပါတယ်။
စာအုပ်ပါးပါးလေးကို မေးခွန်းအစီအရီနဲ့ ဖတ်နေတာ ၃ ခေါက်နဲ့အထက် ၊ ဒီစာအုပ်သာ အနည်းငယ်ထူခဲ့မယ်ဆိုရင် ညှစ်အားများလို့ 4pack ၊ 6pack တွေများထွက်လာမလားမသိလောက်အောင် အရေးအသားတွ

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.