Author's Profile Photo

Reviews by Benevolent

1/09/2025

ဂျက်ကီချန်းဘဝအကြောင်း

4 mins read
Book Review
History
Fiction
ဂျက်ကီချန်းဘဝအကြောင်း's photo

စိတ်ညစ်တဲ့အခါ ၊ မပျော်ရွှင်ရတဲ့အချိန် ဂျက်ကီချန်းကားကြည့်လိုက်ရင်အပြုံး တွေပြန်လည် မွေးဖွားလာတတ်ကြတာ အားလုံးအသိပါ။ကျွန်တော်စိတ်မကြည်တဲ့အချိန်ဆို ဂျက်ကီချန်းရဲ့ရိုက်ကွင်းအလွဲ( Bloopers )တွေ YouTube မှာ ရှာကြည့်ဖြစ်တယ်၊ အဲ့အရာက ပျော်စရာဖန်တီးတဲ့ ဆေးတစ်ခွက်ပါပဲ။ဂျက်ကီချန်းအကြောင်း (Biography) ရေးထားတဲ့ စာအုပ်နှစ်အုပ်ရှိတယ်လို့ သိရတယ်။၂၀၁၅ မှာ Never Grow Up အမည်နဲ့စာအုပ် ၊ ၂၀၂၂ မှာ မင်းသားကြီးရဲ့အနုပညာသတ်တမ်းနှစ် ၆၀ ပြည့်အတွက် I am Jackie Chan အမည်နဲ့စာအုပ် ၊ထူးခြားတာကနှစ်အုပ်လုံးကို ကျူးမော ( Zhu Mo ) ဆိုတဲ့ တရုတ်အမျိုးသမီးတစ်ဦးတည်းကပဲ ရေးသားထားဝာာပါ။

အခုကျွန်တော်ပြောပြမည့်စာအုပ်က ၂၀၁၅ ခုနှစ်ထွက်စာအုပ်ရဲ့ဂျက်ကီချန်းဗားရှင်းအ‌ကြောင်းပါ။ဒီစာအုပ်ကဂျက်ကီချန်းဘဝနဲ့လည်း အတော်လေနီးနီးကပ်ကပ်ဖြစ်စေနိုင်တဲ့ အမှား၊အမှန်များနဲ့ လူပီသတဲ့ ဇာတ်ရုပ်ကိုမြင်ရတယ်။ မူရင်းကောင်းသလို ဘာသာပြန်သူဆရာအဲလ်ဗစ်ရဲ့အစွမ်းလည်းထက်တယ်လို့ ပြောရမယ်။ဘာသာပြန်အရေးအသားကပြေပြစ်ချောမွေ့တာကြောင့် ဂျက်ကီချန်းဆိုတဲ့ သက်ရှိရုပ်ဝတ္ထုကို ရုပ်လုံးပိုကြွလာစေတယ်။စာကြောင်းတွေကို ပုံမှန်ထက် Font Size အနည်းငယ်ကြီးတာကိုတွေ့ရတယ်။ အသက်အရွယ်ကြီးရင့်သူတွေနဲ့ မျက်စိအားနည်းသူတွေအတွက်ပါ ရည်ရွယ်ထားပုံရပါတယ်။ဒီစာအုပ်ကို ဖတ်ပြီးရင် ချက်ကီချန်းဆိုတာ အမြဲပြုံးနေတဲ့မျက်နှာတစ်ခုပိုင်ဆိုင်နိုင်ဖို့ နောက်ကွယ်က ပေးဆပ်မှုတွေ ၊ အားနည်းချက်အမှားတွေရဲ့သင်ခန်းစာတွေကိုကွက်ကွက်ကွင်းကွင်း မြင်လာလိမ့်မယ်။နောက်တစ်ချက်က တရုတ်လူနာမည်တစ်ခုပါလာရင် စာမျက်နှာအောက်ဆုံးမှာ အခေါ်အဝေါ်မူရင်းနဲ့ အဲ့လူအကြောင်းရှင်းပြချက်ထည့်ပေးထားတာ ဖတ်ရတဲ့လူအတွက် အော်.. အဲ့ရုပ်ရှင်ထဲကလူဘဲ ဆိုတဲ့ အသိရသွားစေတယ်။ဂျက်ကီချန်းရဲ့ငယ်နာမည်က ကန်တုံလို အားဖါ (မြန်မာလိုအမြောက်ဆန်) ၊ဒီစာအုပ်လေးရဲ့ ခေါင်းစဉ်ပေါ့။ဂျက်ကီချန်း ဆိုတဲ့နာမည် ဖြစ်လာပုံကလည်း စိတ်ဝင်စားစရာကောင်းတယ်။

ငယ်ငယ်ကအိမ်မက် "လူပျံကြီး " ဖြစ်ချင်တယ်၊ ဆုတောင်းမှားခဲ့သလိုမျိုး ထင်ရ‌လောက်အောင် အမြင့် တိုက်ခိုက်ခန်းတွေကို ပရိသတ်တွကအထင်ကြီးပေမဲ့ ကြည့်ကောင်းတဲ့ပြကွက်တွေရဲ့ နောက်ကွယ်က နာကျင်မှုတွကို မသိကြဘူး။ညဘက်ရေချိုးတဲ့အခါမျိုးမှာ ခံစားရတဲ့ နာကျင်မှုကို လူအများစု တောင့်ခံနိုင်ကြမှာမဟုတ်ဘူး။လက်ခုပ်တီးပြီး အော်ဟစ်အားပေးနေကြတဲ့ ပရိသတ်တွေကို ရုပ်ရှင်ရုံထဲ ရပ်ပြီးကြည့်လိုက်ရင် ခံစားခဲ့ရတဲ့ နာကျင်မှု တွေအားလုံးကို မေ့သွားပြီး နောက်တစ်ကားမှာ ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲ ၊ပိုမြင့်တဲ့အမြင့်က ခုန်ချမယ်ဆိုတဲ့အတွေးမျိုးတွေပဲ တွေးနေမိနေတဲ့ဂျက်ကီချန်း။ဆိုးသွမ်း၊ ထိန်းကျောင်းရခက်လို့ မူလတန်းနဲ့ ကျောင်းထွက်ပြီး CDA ပြဇာတ်ကျောင်းမှာ ၁၀ နှစ်နေခဲ့ရတယ်။ထိုကျောင်းရဲ့ ခပ်ကြမ်းကြမ်းကိုင်တွယ်မှု‌တွေက Ninja ကားကြည့်နေရသလိုပါပဲ။ကိုယ့်အလှည့်ရောက်ဖို့ တိတ်တိတ်ကလေး စောင့်ခဲ့ရတဲ့ဘဝ ၊နှစ်ပေါင်းများစွာ အရှုံးသမားအဖြစ်သံသရာလည်ခဲ့ရပြီး Snake in the Eagle 's Shadow, Drunken Master နဲ့ The Fearless Hyena ရိုက်ကူးပြီးနောက် နေ့ချင်းညချင်း လက်မှတ်တောင်းကြတာ၊ ဓာတ်ပုံအတူတွဲရိုက်ချင်ကြတာ ၊သတင်းမဂ္ဂဇင်းသမားတွေရဲ့ အာရုံစိုက်မှုခံလာရပါတယ်။ပညာမတတ် အရှုံးသမားဘဝကနေ ဘရုစ်လီနောက်ပိုင်း တရုတ်ရဲ့အကျော်ကြားဆုံးပုံရိပ်၊ နိုင်ငံတကာအထိ အောင်မြင်တဲ့ကြယ်ပွင့်တစ်ပွင့် ဖြစ်လာခဲ့တယ်။

လူတိုင်းဟာ ဘဝဖြတ်သန်းမှုအလျောက် အမှောင်ဘက်ခြမ်း နဲ့ အလင်းဘက်အခြမ်း ရှိကြတယ်။ ချက်ကီချန်းက နှစ်ခြမ်းလုံးကြုံတွေ့ခဲ့ရတဲ့ အမှား၊အမှန်တွေကို ခရေစေ့တွင်းကျရင်ဖွင့်ပြောပြထားတယ်။အော်ပရာသမား၊ စတန့်သမား၊ လက်ထောက်ကင်မရာသမား ၊ ဆောက်လုပ်ရေးလုပ်သား ဘဝမျိုးစုံကိုဖြတ်သန်းခဲ့တဲ့ ဂျက်ကီချန်းဟာ ဆိုးလွန်းတာတွေရော ကောင်းလွန်းတာတွေပါကြုံခဲ့ရတယ်။အမှားတွေက ကိုယ်ဘဝအတွက်မပေးဆပ်လိုက်ရတဲ့ သင်ခန်းစာအဖြစ်လ့လာနိုင်သလို အမှန်တွေက လက်တွေ့ ကျင့်သုံးရမည့် ဘဝနေနည်း တွေအဖြစ် မှတ်ယူလို့ရပါတယ်။ပန်နီဆူလာဟိုတယ်နားသာဖြတ်လျှောက် လှမ်းငေးပြီးသိမ်ငယ်ခဲ့ရတဲ့လူဟာ ချမ်းသာလာတဲ့အချိန်အသိပညာကင်းပြီး မရင့်ကျက်တတ်စိတ်၊ အာဃာတကြီး လက်စားချေချင်တဲ့စိတ်နဲ့ မာနထောင်လွှားစိတ်သဘောက အရင်ခြေလှမ်းတတ်တယ်။ဇီဇာကြောင်တဲ့ အရိပ်အ‌ငွေ့ သို့မဟုတ် ဘဝမြင့်တဲ့အငွ့အသက်နည်းနည်း လောက်သာသူအပေါ်ဆက်ဆံရင် မကြိုက်တဲ့လူက ကိုယ်မကြိုက်တဲ့ပုံစံမျိုးဖြစ်လာတ

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.