Author's Profile Photo

M Min Nyo

23/10/2024

Neil Patel ပြောပြတဲ့ S.M.A.R.T Goals

1 min read
Business
General Knowledge
Marketing
Neil Patel ပြောပြတဲ့ S.M.A.R.T Goals's photo

  Neil Patel-ဟာ Digital Marketer-တွေထဲကမှ အောင်မြင်ကျော်ကြားသူတစ်ယောက်ပါ။ Digital Marketing နဲ့ပက်သက်ပြီး Courses-အားလုံးကို Free သင်ကြားပေးနေသူဖြစ်ပါတယ်။ သူ့ရဲ့ Youtube Channel မှာ Subscriber (1.3M) ရှိပြီး၊ Video ပေါင်း (1.8K) ကျော် တင်ထားပါတယ်။

ဒီနေ့မှာတော့ သူပြောပြခဲ့တဲ့ S.M.A.R.T Goals အကြောင်း မျှဝေသွားမှာပါ။ Content Marketing ဖန်တီးရာမှာ ထိရောက်အောင်လုပ်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ သူပြောပြခဲ့တဲ့ အချက်အလက်တွေကို ကျွန်တော့်အမြင်အနေနဲ့ ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။ Content ဖန်တီးရာမှာ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

S.M.A.R.T  Goals

(1) S-Specific (ထိရောက်တဲ့ အချက်အလက်)

ဒီအပိုင်းမှာ သုံးမျိုးရှိပါတယ်။ တစ်ခုက
Content ဖန်တီးရာမှာ Simple(ရိုးရှင်းမှု) ရှိရပါမယ်။အလွယ်တကူနားလည်နိုင်မယ့်အကြောင်းအရာတွေကိုသာ ဖော်ပြသင့်တယ်။

   နောက်တစ်ချက်က Sensible(သင့်လျော်မှု)ပါ။ စျေးနှုန်းရဲ့သင့်လျော်မှု၊ အကြောင်းအရာရဲ့သင့်လျော်မှုတွေ ရှိမှသာ Customer ရဲ့စိတ်ဝင်စားမှုကို ပိုရနိုင်ပါတယ်။

     နောက်ဆုံးတစ်ချက်က Significant(အဓိပ္ပာယ်ရှိမှု)ပါ။ ကိုယ့်ရဲ့ Content တွေဟာ အဓိပ္ပာယ်ရှိပြီး၊ Customer တွေကို အကျိုးပြုနိုင်ဖို့ လိုအပ်ပါတယ်။

(2) M-Measurable (တိုင်းတာနိုင်မှု)

Customer တွေရဲ့ စိတ်ဝင်စားမှုနဲ့ Engagement ဘယ်လောက်ရှိတယ်ဆိုတာ တိုင်းတာနိုင်ဖို့ ဖြစ်ပါတယ်။ အဲ့ဒီလို ရလာနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ Content တွေဟာ၊ Meaningful(အဓိပ္ပာယ်ရှိမှု) နဲ့ Motivating(အားပေးမှု) တွေ ပါဝင်ဖို့လိုပါတယ်။

   Meaningful-မှာ Customer အတွက် တန်ဖိုးတစ်ခုဖန်တီးပေးနိုင်ရမယ်။ သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အချက်အလက်တွေ ပါဝင်ဖို့လည်း လိုပါတယ်။

   Motivating-မှာတော့ Customer ရဲ့စိတ်အခြေနေ တက်ကြွလာအောင် လှုံ့ဆော်ပေးရမှာပါ။ ဆိုလိုတာက Call To Action တစ်ခုခုဖြစ်လာစေမယ့် ဖော်ပြချက်မျိုးပါ။

(3) A-Achievable (ရည်မှန်းချက်)

   ဒီနေရာမှာတော့ ကိုယ်ဖန်တီးတဲ့ Content တွေဟာ၊ လက်လှမ်းမှီပြီး လုပ်ဆောင်နိုင်တဲ့အရာမျိုးကို ဖော်ပြဖို့လိုပါတယ်။ သက်ဆိုင်ရာ အရင်းအမြစ်၊ ပံ့ပိုးမှု၊ အချိန်ကာလ၊ အခြေအနေ စတာတွေကို တွက်ဆလုပ်ဆောင်ရတာမို့ မနိုင်ဝန်မဖြစ်ဖို့ လိုအပ်ပါတယ်။ ရည်မှန်းချက်က "အောင်မြင်မှု" ဖြစ်တာမို့၊ လွန်ကဲတဲ့ ချမှတ်မှုတွေနဲ့ လက်တွေ့မကျတဲ့အရာတွေကို ရှောင်ကြဥ်သင့်ပါတယ်။

(4) R-Relevant (ကိုက်ညီမှု)

  ကိုယ့်ရဲ့ Content တွေဟာ Customer-တွေရဲ့လိုအပ်ချက်နဲ့ ကိုက်ညီဖို့ လိုပါတယ်။ Customer စိတ်ဝင်စားတဲ့အရာ ဖြစ်ရပါမယ်။ အဓိကတော့ မှန်ကန်တဲ့ Audience ရွေးခြယ်ရမှာဖြစ်ပြီး၊ ကိုယ့်ကုန်ပစ္စည်းဟာ သူတို့နဲ့ထိုက်တန်ကြောင်း ပြသရမှာပါ။ ဒါမှသာ Customers' need ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်။

(5) T-Time Bound (အချိန်ကန့်သတ်ချက်)

   ဒါကတော့ အချိန်ဇယားအတိုင်း ဆောက်ရွက်ခြင်းကို ဆိုလိုပါတယ်။ ဒါကို Content Calendar လို့ ဆိုကြပါတယ်။ ကိုယ်ရေးဆွဲထားတဲ့ Content Calender အရ၊ လိုအပ်မှုမှန်သမျှကို သတ်မှတ်တဲ့အချိန်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။

အခုပြောပြခဲ့တာကတော့ Neil Patel ​မျှဝေပေးခဲ့တဲ့ S.M.A.R.T Goals ကို၊ ကျွန်တော်က အကျဥ်းချုပ် ပြန်ပြောခဲ့တာပါ။ Digital Marketing နဲ့ ပက်သက်သမျှ အပြည့်အစုံလေ့လာချင်တယ်ဆိုရင်လည်း သူ့ရဲ့ Channel မှာ သွားရောက်လေ့လာနိုင်ပါတယ်။

ကိုးကား- Neil Patel (Youtube Channel)
#ContentMarketing
#KnowledgeSharing
#MMinNyo


Keep Reading

စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ဈေးကွက်ထဲကို စတင် ဝင်ရောက်တော့မယ်ဆိုရင် ဘာတွေသုံးသပ်ရမလဲ ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ဈေးကွက်ကို ဘယ်လိုနည်းလမ်းနဲ့ စိုးမိုးထားနိုင်မလဲ လုပ်ငန်းတူတိုင်း ပြိုင်ဘက်တွေလား စီးပွားရေး Ideaကို ဘယ်ကနေရှာဖွေမလဲအရင်းအနှီးထပ်မထည့်ဘဲ အမြတ်ပိုထွက်နည်း သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခုမိမိရဲ့ Product တွေ၊ Service တွေကိုပိုပြီး ဝယ်ယူချင်စိတ်ဖြစ်ပေါ်အောင် နည်းလမ်းတစ်ခု ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုးစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်