M Min Nyo
High-quality ရှိတဲ့ Content-တွေကို Creator-တိုင်းက ဖန်တီးချင်ကြသလို၊ Client-တိုင်းကလည်း လိုချင်ကြပါတယ်။
High-quality အဆင့် Content-တစ်ပုဒ် ရလာဖို့ဆိုရင်၊ အခုပြောပြပေးမယ့်အချက်အလက်တွေတော့ သိထားဖို့လိုပါလိမ့်မယ်။
(1) Own Style (ကိုယ်ပိုင်ဟန်)
Content ဖန်တီးရာမှာ ကိုယ်ပိုင်ဟန်ရှိရပါမယ်။ သူများနဲ့မတူအောင် ကွဲထွက်နေလေ ပိုကောင်းလေပါပဲ။ ဒီပုံစံလို့ မြင်လိုက်တာနဲ့ ကိုယ့်ရဲ့နာမည်ပါတွဲမြင်စေတဲ့အထိ ကွဲပြားနေရင်ပိုကောင်းပါတယ်။ အောင်မြင်ပြီးသား Creator-တွေကို အတုယူရမှာမှန်ပေမယ့်၊ အဲ့ဒီလိုယူရာမှာ ကိုယ်ပိုင်ဟန်အဖြစ် ပြောင်းနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဖန်တီးဟန်တစ်ခု တည်ဆောက်ပါ။
(2) Entertainment (ဖျော်ဖြေမှု)
Viral ဖြစ်တဲ့ Content အများစုဟာ အသိပညာ၊ ဗဟုသုတ ပေးရင်ပေး၊ ဒါမှမဟုတ်ရင် ဖျော်ဖြေမှုပေးတာကို တွေ့ကြရမှာပါ။ ကြော်ငြာရောင်းချခြင်းသက်သက်ဆိုရင် လူတွေက ငြီးငွေ့တတ်ကြပါတယ်။ဖျော်ဖြေမှုပေးတာကို လူတိုင်းနီးပါး ပိုနှစ်သက်ကြပါတယ်။ Comdy ၊ Meme ၊ Romance စတဲ့ပုံစံတွေနဲ့ မသိမသာကြော်ငြာခြင်းက ပိုပြီးထိရောက်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဖျော်ဖြေမှုပေးနိုင်ဖို့ ကြိုးစားပါ။
(3) Value (တန်ဖိုး)
ကိုယ့်ရဲ့ Content တွေမှာ တန်ဖိုးတစ်ခုခုထည့်ပေးပါ။ Customer အတွက် အသုံးကျတဲ့ ကုန်ပစ္စည်းဆိုင်ရာ အချက်အလက်ဖြစ်စေ၊ အသိပညာ၊ အတတ်ပညာ တစ်ခုခုဖြစ်စေ၊ မှတ်သားစရာ၊ ရှောင်ကြဥ်စရာ တစ်ခုခုဖြစ်စေ ထည့်ပေးသင့်ပါတယ်။ ကိုယ်ဖန်တီးတဲ့ Content အပေါ်မူတည်ပြီး တစ်ခုမဟုတ်တစ်ခု Added လုပ်ပေးရမှာပါ။ ဒါမှသာ Customer တွေရဲ့ စိတ်ကျေနပ်မှုကို ရပါလိမ့်မယ်။
(4) Editing Skill (တည်းဖြတ် ကျွမ်းကျင်မှု)
အရေးပါတဲ့ Skill တစ်ခုဖြစ်ပါတယ်။ Writing ပိုင်းမှာ Content ဆိုင်ရာလိုအပ်ချက်တွေကို တည်းဖြတ်နိုင်ရပါမယ်။ Video ၊ Audio အပိုင်းတွေမှာလည်း အဆင်ပြေချောမွေ့အောင် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ Cover Photo နဲ့ Thumbnail Photo မှာလည်း အလိုက်ဖက်ဆုံး Photo ကို Edit လုပ်နိုင်ရပါတယ်။ Content idea က ကောင်းပြီး၊ Editing မှာ လိုအပ်ချက်ရှိနေရင်လည်း အဆင်မပြေလှပါဘူး။ ဒါကြောင့် Editing Skill ရှိဖို့ လိုအပ်ပါတယ်။
(5) Promote (တိုးမြှင့်ခြင်း)
Promote လုပ်ခြင်းမှာ နှစ်ပိုင်းရှိတယ်။ ပထမတစ်ခုက ကုန်ပစ္စည်း Promote လုပ်တာ၊ ဒုတိယတစ်ခုက ကိုယ့်ရဲ့ Skill ပိုင်းကို Promote လုပ်တာပါ။ အခုက Content Creation အတွက်ဖြစ်တာမို့ ကိုယ့်ရဲ့ Skill ကို မြှင်တင်ဖို့လိုပါတယ်။ ကိုယ့်ရဲ့လိုအပ်ချက်ကို ကိုယ်သာအသိဆုံးမို့ ၊ ဘယ်နေရာတွေမှာ လေ့လာဖြည့်တင်းဖို့လိုသလဲဆိုတာ ကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။
အခုပြောပြခဲ့တာကတော့ ကျွန်တော့်ရဲ့ အမြင်တွေပါ။ High-quality Content ရဖို့ဆိုတာ အဖက်ဖက်က
ပြည့်စုံနေဖို့လိုအပ်ပါတယ်။ တခြားလိုအပ်တဲ့ Skills တွေလည်း အများကြီး ရှိနေပါသေးတယ်။ နောက်ထပ် Post တွေမှပဲ ဆုံတွေ့ကြတာပေါ့။ Content ကောင်းတွေ ဖန်တီးနိုင်ကြပါစေ။
"Online ပေါ်မှာငွေရှာဖို့ အခွင့်အလမ်းဖန်တီးကြပါစို့"
#KnowledgeSharing
#Content
#MMinNyo
Keep Reading