Author's Profile Photo

စာရေးသူ

19/10/2024

စာရေးသူအကြောင်း တစ်စေ့တစ်စောင်း

1 min read
Personal Development
Book Review
Entrepreneurship

စာရေးသူက

၂၀၂၀အထိ လူကအေးဆေးနေပြီး မိဘကချမှတ်ပေးတဲ့ Decision တွေက်ိုပဲ လိုက်နာခဲ့တယ် စုတ်ပဲ့နေတဲ့ပညာရေးမှာ ဒါကျက်ဒါဖြေပြီး အဆင့်တစ်အမြဲရ အရာအားလုံးဟာ အေးအေးဆေးဆေးဖြစ်တဲ့ ချာတိတ်ပေါ့။

၂၀၂၁ရောက်တဲ့အခါလုံး၀ life changing ဖြစ်သွားတယ် လောကကြီးကျွမ်းပြန်တော့တာပဲ။အဲ့အချိန်မှာ What am I living forဆိုတဲ့ မေးခွန်းကတော့ ရင်ထဲအမြဲရှိခဲ့တယ် တစ်နှစ်လုံးလုံး လမ်းပျောက်ခဲ့တယ်။

FUN FACT တစ်ခု
စာရေးသူ၁၆နှစ်တုန်းက Business Management Diploma Training ကိုonlineနဲ့၀င်တက်ပြီး ဘွဲ့ရတော့မလိုတောင်ဖြစ်ခဲ့ပေမယ့် child labour (ကလေးလုပ်သား) ဥပဒေကရှိတာကြောင့် မရခဲ့ဘူး အဆင့်ကျော်စရာမလိုဘူး ငါအခြေခိုင်မှအပေါ်မယိုင်မှာဆိုတဲ့အသိတော့ရသွားခဲ့တယ်။

၂၀၂၂တစ်နှစ်လုံးလမ်းပျောက်တယ် ဘုရားမှာဆုတောင်းတယ် နှစ်ကုန်ပိုင်းကစပြီးမှာ Fbမှာ Entrepreneurတွေနဲ့ကိုယ့်အတွက်အကျိုးရှိမယ့်အရာ‌တွေကိုပဲရွေးfollowထားတာကနေစခဲ့တယ်။

၂၀၂၃ -၂၀၂၄ GED journey

Decision အမှားဆုံးနှစ်လို့ပြောလို့ရတယ် ပိုက်ဆံနည်းနည်း၀င်လာတဲ့အခါမှာ လမ်းတွေယိုင်သွားနိုင်တယ်ဆိုတာ မှတ်သွားတယ်။Grow in silence ဆိုတာရောပဲသင်ခဲ့ရတယ့်နှစ်ဖြစ်ပြီး အစပျိုးprojectတွေလည်းစနေပြီ(Sarphat app အပါအ၀င်)

ဒီSarphatမှာကတော့ ကမ္ဘာကျော်ဂုရုကြီးတွေရဲ့လက်ရာမြောက်ရေးသားထားတဲ့ စာအုပ်တွေကို ဘာသာပြန်ပြီးကျွန်တော့်ရဲ့ရှုထောင့်နဲ့ပါပြန်လည်ရေးသားသွားမှာဖြစ်ပါတယ်။

၂၀၂၅ကတော့စိတ်လှုပ်ရှားစရာကောင်းတယ်လူငယ်အချင်းချင်းအကြံပေးချင်တာက

1.အိပ်မက်တွေရည်မှန်းချက်‌တွေဆိုတာပြောင်းလဲတတ်တယ် အဓိကကမိနစ်တိုင်း စက္ကန့်တိုင်းအဓိပ္ပါယ်ရှိရှိအသက်ရှင်တတ်ရင်ရပြီ။

2.ပိုက်ဆံနည်းနည်းလေးက ကိုယ့်ရဲ့skillသေးသေးလေး‌တွေကိုတန်ဖိုးဖြတ်ပြီး တိုးတက်မှုကိုမရပ်စေနဲ့ skillများများဖြည့်လေ ပိုက်ဆံကနောက်ကလိုက်လာလေပဲ။

3.မလောနဲ့ အသက်ငယ်သေးလေကိုယ့်အတွက်chanceပိုရှိလေပဲ။ပင်လယ်ရေကခပ်လို့မကုန်ဘူး။ ကိုယ့်နဲ့တန်ရင်ရကိုရတယ် ဆိုတာပါပဲ။



Bonus: သင်ခန်းစာတစ်ခုကို မင်းမသင်ယူသရွေ့ အဲ့သင်ခန်းစာတစ်ခုကမင်းနားမှာပဲရှိနေမယ်

When you keep doing the same mistake,The problem is not the problem. You are the problem.

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်