Author's Profile Photo

SarPhat Author

23/03/2024

Book club

2 mins read
Personal Development
Education
General Knowledge
ကျောင်းမှအတွေ့အကြုံနှင့် Book club

၂၀၁၈ ကျ​နော်၈တန်း ၁၄နှစ်မှာ ကျ​နော်အပါအဝင် ၈တန်းတစ်ခန်းလုံး စာမဖတ်ပါဘူး။
၂၀၁၉က စ ပြီး ကျောင်းမတတ်တော့ပေမဲ့
၂၀၂၃ မှာ အကြောင်းအမျိုးမျိုးကြောင့်
ကျောင်းတစ်ကျောင်းထဲ ကျနော်​ပြန်ရောက်သွားတယ်။
၂၀၁၈နဲ့ မတူတာက အခန်းထဲမှာ ကျနော်ကလွဲပြီး
စာမဖတ်ပါဘူး။ ခြေလှမ်းမှားပြီးရောက်သွားတဲ့
ဒီပုဂ္ဂလိကကျောင်းမှာ စာကြည့်ခန်းသေးလေး ရှိပါတယ်။ စာအုပ်တော့ သိပ်မများဘူး။ စာအုပ်ကောင်းလည်းသိပ်မရှိပါဘူး။ စာဖတ်တဲ့ကျောင်းသားကတော့ အားရစရာမရှိအောင် လက်ချောင်းအရေအတွက်ထက် နည်းပါတယ်။ အဲ့ဒီလက်ချောင်းအရေအတွက်ထက်နည်းတဲ့ စာဖတ်သူကျောင်းသားတွေဟာလည်း
ကျနော်တို့ဖတ်သလို ဖတ်တာမဟုတ်ပါဘူး။
"ဒါဘာလေးလဲ" ဆိုပြီး စမ်းကိုင်ကြည့်တဲ့သဘောပါ။
အဲ့ဒါနဲ့ကျနော် Book clubလုပ်ဖို့စဥ်းစားပါတယ်။
ဒါပေမဲ့ မအောင်မြင်ပါဘူး။ Kgမှ စ ပြီး အသက် ၁၄ ၁၅ ၁၆ ၁၇ အထိ ကျောင်းသားကျောင်းသူတွေဟာ
ကျောင်းစာကျက်ရတာနဲ့တင် စာဆိုတာကို စိတ်ကုန်နေပါပြီ။ အားတဲ့အချိန်လည်း အပျော်ရှာဖို့ပဲလုပ်ပါတယ်။ ကျနော်နားလည်တယ်။ ကိုယ်ချင်းလည်းစာပါတယ်။
ကျနော်ကတော့ ကျောင်းစာမကျက်လို့ အဆင်ပြေပေမဲ့ သူတို့ကတော့ စနစ်သစ် G12 (တက္ကသိုလ်ဝင်တန်း)
အတွက် ကြိုးစားပမ်းစား နံရံကိုခေါင်းနဲ့တိုက်ဖြိုနေရတယ်။

ကျောင်းတွင်းBook club ရည်ရွယ်ချက်
  • ကျောင်းသားကျောင်းသူများ စာဖတ်ဖို့နှင့် စာဖတ်သူ ကျောင်းသားကျောင်းသူများ တိုးများရန်

အပေါ်မှာပြောတဲ့အတိုင်း တစ်ကျောင်းလုံးအတိုင်းအတာအရ စာဖတ်တဲ့ကျောင်းသား အင်မတန်နည်းပါတယ်။ ဒါကြောင့် အကြီးဆုံးရည်ရွယ်ချက်ကတော့ ကျောင်းသားတွေ စာဖတ်ဖို့ပါပဲ။

  • ကျောင်းသားများ စုစုစည်းစည်း ဆွေးနွေးပြောဆိုခြင်းနှင့် စာဖတ်ခြင်းနှင့်ဆိုင်သော Actvityများ ဆောင်ရွက်ရန်

ဘောလုံးကန်တဲ့လူတွေအတွက် ဘောလုံးအသင်းရှိတယ်။ Volleyball ဆော့တဲ့လူတွေအတွက် Volleyball Team ရှိတယ်။ စုစုစည်းစည်းရှိကြတယ်။
ဒီလို အားကစား Activityရှိတာ အင်မတန်ကောင်းတယ်။ အဲ့လိုပဲ စာဖတ်သူကျောင်းသားတွေအတွက်လည်း Team တစ်ခုရှိသင့်တယ်။ ဘောလုံးကန်ဖို့ တစ်ပတ်မှာဘယ်နှစ်ရက် Training ဆင်းသလို စာဖတ်ကျောင်းသားကျောင်းသူတွေလည်း (Training ဆင်းစရာမလိုပေမဲ့) Reading activity ရှိရမယ်။ ဒါကြောင့် စာဖတ်တဲ့ကျောင်းသားတွေ စုစုစည်းစည်းရှိပြီး စာဖတ်ခြင်းနှင့်ဆိုင်တဲ့ Activity များရှိတဲ့ Team တစ်ခုအဖြစ်ရှိဖို့လည်း ရည်ရွယ်ပါတယ်။

ပြသနာ

ဒုတိယအကြီးဆုံးပြသနာက ကျောင်းသားတွေ စာဖတ်ဖို့စိတ်မဝင်စားကြပါဘူး။ အပေါ်မှာပြောခဲ့သလိုပါပဲ။စာကျက်ချိန်ကလွဲရင် စာဖတ်ဖို့အချိန်မပေးနိုင်ကြပါဘူး။ စာဖတ်ပြီး ဘာလုပ်မှာလဲ ဆိုတဲ့Mindsetကြီး ရှိနေတာ အင်မတန် ဆိုးပါတယ်။ ဒီထက်ဆိုးတာက
ဒါကို ပြင်မပေးကြတာပါ။ဒါကြောင့်...
ပထမအကြီးဆုံးပြသနာကတော့ ဆရာတွေလည်း စာမဖတ်ကြတာပါ။ ဒါတော့ ကျနော်ဘယ်လိုမှမတတ်နိုင်ပါဘူး။ သဗ္ဗေ သတ္တာ ကမ္မသကာပါပဲ...။
ကျောင်းသားများ စာဖတ်ပြီးနောက် စာသင်ချိန်
စကားမပြောဖို့ အော်စရာမလိုတော့ပါဘူး။ ရည်မှန်းချက်မရှိသူများ မရှိတော့ပါဘူး။
ဘာလို့ကျောင်းခန်းထဲလာထိုင်နေလဲ မသိသူမရှိတော့ပါဘူး။ မင်းစော်ထက်ငါ့စော်ပိုမိုက်တယ် ဆိုတာထက် စီးပွားရေး နိုင်ငံရေး ပညာရေးစတဲ့ ကဏ္ဍများစွာနဲ့ဆိုင်တဲ့အကြောင်းတွေပြောလာမယ်။ ဆရာဟုတ်ဆို ဟုတ် ဆရာလုပ်ဆို လုပ် မျက်စိမှိတ်ပြီးဘာမှမစဥ်းစားဘဲ ခေါင်း​ငြိမ့်တဲ့ကျောင်းသားတွေ မရှိတော့ပါဘူး။
စာဖတ်ခြင်းကြောင့် ရလာတဲ့အကျိုးတွေအများကြီး
ရကြမယ် ဆိုပေမဲ့ ဆရာတွေစာမဖတ်တော့
ဆရာနဲ့တပည့် ဝူးရူးဝါးတွေဖြစ်ကုန်မယ်။
မင်းဆရာလား ငါဆရာလားတွေဖြစ်လာမယ်။
ဖြစ်လည်းနေဖြစ်နေပေမဲ့ ခေါင်းစဥ်ပြောင်းပြီး
မနေ့ကတရားပဲဒီနေ့ပြန်ဟောတဲ့ သဘောပါပဲ။
အကြောင်းအမျိုးမျိုးကြောင့် Book clubလုပ်ဖို့
အဆင်မပြေခဲ့ပါဘူး။

လက်ရှိBook clubနှင့်ပန်းတိုင်

ခြေလှမ်းမှားပြီးရောက်သွားတဲ့ကျောင်း ထွက်ပြီးတဲ့နောက်တော့ တွေးမိတာက ဒီကျောင်းသားတွေမှ
စာမဖတ်ရင် ဘယ်သူတွေ ဖတ်ရမှာလဲ။ စာမဖတ်ဘဲ လူကြီးဖြစ်လာတဲ့လူတွေ ထိပ်ကပိတ်နေလို့ ကျနော်တို့တိုင်ပတ်နေပါတယ်။ စာမဖတ်ဘဲ ​ကျောင်းသားတွေပျောက်​သောလမ်းမှာစမ်းတဝါးဝါးဖြစ်ကြတယ်။
ဒါကြောင့် လက်ရှိမှာတော့ Book clubက
ဆက်Runပါတယ်။ ကျောင်းတွင်နဲ့ကျောင်းပြင်သာ
ကွာပြီး စာဖတ်သူတိုင်းအတွက် Book club လေးရှိပါတယ်။ ရည်ရွယ်ချက်လည်း ဘာမှမပြောင်းပါဘူး။ လူတိုင်း စာဖတ်ဖို့နဲ့ စာဖတ်သူတွေ စာဖတ်ခြင်းနဲ့ဆိုင်တဲ့
Activityတွေ ဆောင်ရွက်ကြဖို့ပါပဲ။ ပိုတိုးလာတာကတော့ ပန်းတိုင်ပါ။ လက်ရှိ Book clubမှာ ပန်းတိုင်ရှိပါတယ်။ လျှောက်လမ်းရမဲ့ခရီးနဲ့ရောက်ရမဲ့ ပန်းတိုင် ရှိပါတယ်။ဒါပါပဲ။ ကျနော်ကအခုမှစပြီး အာချောင်တာဆိုပေမဲ့ ရှေ့မှာ ဒီလိုမျိုး Book Club သော်လည်းကောင်း စာဖတ်သူများအသင်း ဘာညာ လုပ်ကြသူများကိုလည်း အတွေ့အကြုံမျှဝေပေးစေချင်လိုပါတယ်။

ရှင်းသန့်
23rd march 2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်