Yuķì
လူမှုကွန်ရက် (online)ပေါ်ကနေ သူလိုကိုယ်လို စကားပြောခဲ့ကြတယ်။စကားတွေကနေ ရင်းနှီးမှုတွေစခဲ့ပါတယ်။
အကိုးးး
ငါတို့ဇာတ်လမ်းဟာ စတွေ့ထဲက မုသားတွေနဲ့ပါလားဟင်။
ငါက ပညာရေးကောလိပ်ကျောင်းသူတစ်ယောက်ပါ။ခုမှပထမနှစ်။အမေ့အိမ်နဲ့ခွဲပြီး တစ်ယောက်တည်းစတက်ရတဲ့ ခံစားမှုတွေထွေပြားတဲ့ အဲ့အခိုက်အတန့်မှာ အကိုနဲ့စပြောဖြစ်ပေမယ့် ငါလည်းမုသားတွေနဲ့စခဲ့တာပါရယ်။
အကို့ကို အမှန်မပြောခဲ့သလို ဓာတ်ပုံကိုလည်း မမြင်စေခဲ့ပါ။သို့သော် ငါတို့စကားတွေကဘဲ ရင်းနှီးခဲ့ပါတယ်။သို့မဟုတ် ရင်းနှီးတယ်လို့ငါထင်ခဲ့ပါတယ်။
အကို့အကြောင်းကိုငါ့ရဲ့ သံသရမေးခွန်းတွေနဲ့ သိပြီးတဲ့နောက်မှာ ငါ လုပ်သင့်တာတွေလုပ်ခဲ့ပါတယ်နော်။အကို ဖြေခဲ့တာက အကိုက အိမ်ထောင်သည်တဲ့။ငါ့ထက် ဆယ်နှစ်ကြီးတဲ့သူပေါ့။အဲ့တာက ငါ့ဖုန်းရဲ့ block calls မှာ အကို့နံပါတ်ဟာ 300 ကျော်ဝင်တဲ့အထိလေ။ငါအဲ့လောက်ထိ နှလုံးသားတွေအေးစက်ခဲ့ပါတယ်။
ခုရေားးးးးးးး
ဘာဆက်ဖြစ်သွားလဲ.???........
အေးစက်တဲ့ ငါ့နှလုံးသားနဲ့ဘဲ အကို့ကို ငါစကားတွေဆက်ပြောနေတယ်။
အကိုဟာ ငါ့အတွက် ရန်သူမမည် ချစ်သူမဟုတ်တဲ့
လူစိမ်းတစ်ယောက်လို့ ငါသတ်မှတ်တယ်။
အရာရာကို လွှတ်ပေးထားပြီးဘာကိုမှငါ မထိန်းချုပ်တော့ပါဘူး။ဖြစ်စရာကိစ္စတွေဟာ သူ့အတိုင်းသာ ဖြစ်တည်လာပါစေတော့။ငါ့ဘက်ကနေ မလွန်သွားအောင်ထိန်းရုံဘဲ ငါတတ်နိုင်ခဲ့တယ်။ဆိုလိုတာက
ငါဟာ အကို့အတွက်မဟုတ်ဘဲ သီးခြားတည်ရှိနေခြင်းမျိုးပါ။အကို့ဘက်က ချစ်တယ် အခါတစ်သောင်းပြောလည်း ငါ့ရဲ့ အနာဂါတ် ဘဝလက်တွဲဖော်အတွက် ငါဟာ အရာအားလုံးကို စောင့်ထိန်း ပေးသွားမှာပါ။
ငါဟာ လူသားမို့ပါ။
ငါဟာ ပညာတတ်မို့ပါ။
ငါဟာ သိက္ခာနဲ့မို့ပါ။
ငါဟာ လှပတဲ့ကောင်မလေးမို့ပါ။
အကို့ဘက်က တိုးဝင်လာသမျှ အချစ်လှိုင်းတွေဟာ ငါ့ရဲ့ ထုံပေပေနဲ့ အေးစက်လွန်းလှတဲ့ စကားမာနတွေအောက်မှာ လောင်ကျွမ်းပြာကျပါစေသား။ပျော်ခဲ့ရသမျှအတွက်ကျေးဇူးပါ။ငိုခဲ့ရသမျှအတွက်လည်းကျေးဇူးပါ။
အကိုက မလျှော့သောဇွဲနဲ့ အချစ်ကိုတိုးဝင်လာခဲ့ပါ။ ငါက ထာဝရမိတ်ဆွေတွေပုံစံမျိုး ပြုမူပြောဆိုပြပါ့မယ်။ဒါဟာ ငါပေးနိုင်တဲ့ အကောင်းဆုံးသောလက်ဆောင်ပါဘဲ ချစ်သောအကို...
ချစ်သောအကိုသို့းးးးးး
#Yuki..
Keep Reading