မြရည်နန္ဒာ

ကျွန်မတို့ လမ်းထိပ်တွင် အကြော်ဆိုင်တစ်ဆိုင်ရှိသည်။ အညာ အကြော်ဆိုင်တို့ထုံးစံ ထန်းရွက်မိုး လေးဘက်ချ ထားသည့် ၁၅ပေပတ်လည်ခန့် ထန်းရွက်တဲ ဖြစ်သည်။ အနောက်ဘက်ဆီက တမာပင်တန်းလေးရှိပြီး သူ့မြောက်ဘက်ဝိုင်းမှာလဲ အလွတ်ဖြစ်လေရာ စားပွဲလေး ခုံလေးများကို ထိုဝိုင်းထဲတချို့ ရှေ့ကွပ်လပ်တွင်တချို့ ချခင်းထားပါသည်။
ကျွန်မ ယခု နေသည့်နေရာရှိ အဆောက်အဦးဆောက်စဥ်က ပန်းရန် လက်သမားများကို သည်အကြော်ဆိုင်ကအကြော် နှစ်ထောင်ဖိုးနေ့တိုင်းဝယ်ကျွေးရသည်။ ရေတွင်းသမားများရှိလျင် ၂၅၀၀ ဖိုး။၂၀၁၇ခန့်ကငွေတန်ဖိုးရှိနေသေးချိန် သူများဆိုင်တွေ တစ်ရာဖိုးလေးခုရောင်းသော်လည်း သူ့ဆိုင်က ငါးခုရသည်။ အကြော်ကလဲ ကြီးသည်။ ငါးလခန့် အချိန်အတွင်း တစ်ထောင်ဖိုးနေ့စဥ်၀ယ်သည့် ဖောက်သည်ကြီးကျွန်မအတွက် ရေနွေးကရားအကြီးကြီးတစ်ကရား ထည့်ပေးလေ့ရှိသည်။ အလုပ်ကြမ်းလုပ်ကြရသူတို့အတွက် နေ့လည်၃နာရီ ၄နာရီ စားထားသည့် နေ့ထမင်းကလဲ ၀မ်းထဲ ကြေညက်ချိန်၊ အကြော်ပူပူနှင့် ရေနွေးမှာ အတော်တာသွားပုံ ရပါသည်။
ကျွန်မလဲ အကြော်ကြိုက်တတ်သည်မို့ သည်နေရာမှာစွဲစွဲ မြဲမြဲနေဖြစ်ပြီဆိုသည့်အခါ သူ့ဆိုင်က အကြော်၀ယ်ခိုင်းပြီး စားတတ်သည်။ သို့သော် သူ့အကြော်တွေကမုန့်နှစ်များလှသည်။ အကြော်က ကြီးသည်မှန်သော်လည်း မုန့်နှစ်များတာကို ကျွန်မ မကြိုက်။ ထို့ကြောင့် နဲနဲ လှမ်းသည့် သံလမ်းအောက်က ဆိုင်ကို သွား၀ယ်စားရသည်။ နောက်တချက်ကသူ့ဆိုင်လေးမှာ အရက်ပုန်းရောင်းသည်။ ဒါကိုလဲ ကျွန်မ မကြိုက် ။ ကျွန်မ မကြိုက်သော်လည်း အလုပ်ပြန်ချိန် ညနေ ၅ခွဲ ၆နာရီမှ ၇နာရီလောက်ထိ သူ့ဆိုင်လေးရှေ့တွင် အကြော်၀ယ်များ ပျားပန်းခတ်နေတတ်ပြန်သည်။
သည်လိုနှင့် တရက်တွင် ကျွန်မတပည့်လေးများ အကြော်၀ယ်စားသည်ကိုတွေ့ရသည်။ သုတို့စားသည့် အကြော်ထဲတွင် ကျွန်မအလွန်ကြိုက်သည့် ဗူးသီး ပေါက်ချောင်းကြော်လဲ ပါသည်။ မေးကြည့်တော့ လမ်းထိပ်ဆိုင်က၀ယ်တာဟု ပြောသဖြင့် ကျွန်မ သွား၀ယ်ပါသည်။ ကျွန်မအတွက်မုန့်နှစ်တွေ အများကြီး မကပ်နဲ့ ဟု လျှာရှည်တော့ ခွက်တခုထဲ မုန့်နှစ်ခပ်ထည့်ပြီး ရေနဲနဲ ထည့်ကာ မုန့်နှစ်ကျဲကျဲနှင့် ကြော်ပေးသည် ။
ဗူးသီးကနုနုချိုချို ၊ ဖိုက ချ စ ပူပူနွေးနွေး တွင် မုန့်နှစ်ပါးပါးကြွပ်ကြွပ်ဆိုတော့လအတေည် စားလို့ကောင်းပါသည်။ ထိုအထဲတွင် သူ့ဆိုင်က အချဥ်ရည်မှာ ချိုချဥ်စပ်နှင့် အစပ်တည့်ပြီး ပါးပါးလှီးထားသည့် ဂေါ်ဖီများ နံနံများ ခါကျက်ဥများလဲ ပါ၍ ပျစ်နှစ်ပြီး အတော် လျှာသွက်စေသည်။ ထို အချဥ်ကို ဗူးသီးကြော် နုနုချိုချို မုန့်နှစ်ကြွပ်ကြွပ်နှင့် စားပြီး ကော်ဖီသောက်ရသည့် အရသာကို ကျွန်မ အတော် စွဲမက်သွားသည်။
ထိုရသာတဏှာကို အရင်းခံ၍ ရက်ခြားဆိုသလို အကြော် ၀ယ်စားဖြစ်သည်။ သူတို့နှင့်လဲ ခပ်တန်းတန်း မဟုတ်တော့ဘဲ စကား တခွန်းစ နှစ်ခွန်းစ ပြောဖြစ်လာသည်။ သူကလဲ ကျွန်မ အကြော်၀ယ်လျင် ခဏနေပို့ခိုင်းမယ်ဆရာမဟုဆိုကာ မုန့်နှစ်ရေကျဲဖျော်ပြီး သီးသန့်ကြော်ပေးရှာသည်။ သူပုံမှန်ကြော်သည့် ဗူးသီးကြော်ကတော့ မပြောင်းမလဲ လက်သန်းလောက် ဗူးသီးချောင်းက မုန့်နှစ်လူးပြီးကြော်သည့်အခါ လက်နှစ်လုံးလောက်အချောင်းကြီး ဖြစ်လာမြဲ ။ ဗူးသီး၀ယ်မရသည့်နေ့မျိုး သူ့ကိုအားနာသဖြင့် တခြားအကြော်ဝယ်လျင် ပြောင်းဖူး၊ ရုံးအဒေ ၊ ဆူးပုပ် စသည့် အကြော်ပစ္စည်းကို မမြင်ရဘဲ မုန့်နှစ်နှင့်သာ လုံးနေလေ့ရှိသည်။
တရက်ကတော့ ကျွန်မ မနေနိုင်ဘဲ ပြောမိသည်။
ခင်ဗျားအကြော်က မုန့်နှစ်တွေများနေတာ၊ သူများတွေလို ပါးပါးပဲ ကပ်ပါ့လား
သူကဘအကြော်ကြော်ရင်း ပြုံးသည်။ ဆရာမရယ် မုန့်နှစ်ပါးပါးပဲကပ်ရင် တရာဖိုး နှစ်ရာဖိုးနဲ့ ဘယ် ဝ ပါ့မတုန်း
မ၀လို့ ပို၀ယ်ရင် ခငိဗျား ပိုရောင်းရတာပေါ့
ကျွန်မက ခပ်ပေါ့ပေါ့ပြောလိုက်သည်။
သူက အကြော်ကြော်နေရာမှ ခါးဆန့်ကာ မျက်မှောင်ချိုးရင်း
ကျွန်မဆီ လာစားတဲ့သူက လက်လု
Unlock to read this premium article with 10 points.