Thar Htoo-Be Unique
ဒီဟာတွေကို ချိန်ဆနိုင်ရင်ဘဝမှာ
ပြဿနာအတော် နည်းသွားမယ်...။
၁။ ငယ်ရွယ်နှင့်အိမ်ထောင်ပြုတာကိုရှောင်တာ၊
၂။ ပညာကို ငယ်နုတုန်းခါ လွတ်လပ်စွာ ရှာမှီးနိုင်တာ၊
၃။ အတိတ်က အထုတ်တွေကို သေချာကုစားတာ၊
၄။ ကိုယ့်မှတ်ဉာဏ်ဟာ အမြဲသင်ယူနေဖို့လိုတာကိုလက်ခံတာ၊
၅။ တကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှု ကိုအခြေခံခင်းပြီးမှ စီးပွားရေး၊ ပရော်ဖက်ရှင်နယ်လမ်းကြောင်းကိုဖောက်တာ၊
၆။ အပြောအဆိုနှင့် ဆက်ဆံရေးပညာ ကို နိုင်နှင်းစွာသင်ယူလေ့ကျင့်တာ၊
၇။ ခံစားချက်တွေကို နည်းမှန်လမ်းမှန်နှင့်ဖောက်ချဖို့ အရေးအသားနည်းလမ်းတွေကို သင်ယူလေ့ကျင့်တာ၊
၈။ ကိုယ့်အတွက် အတွေးအကြံအလုပ်ကောင်းတွေကိုတွေ့ရှိခြင်းမှ ကာရံထားတဲ့ အမူအကျင့်ဆိုးတွေကို လျှော့ချနိုင်တာ၊ ရှင်းလင်းနိုင်တာ၊
၉။ နားထောင်မှု စွမ်းရည်ကိုဖွင့်တာ၊
၁၀။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေနှင့် နှီးနှောကျွမ်းဝင်ပြီး အမြဲသတိကပ်လေ့လာနိုင်တာ၊
၁၁။ ကိုယ့်အတွက် တန်ဖိုးပေးတဲ့ လူပုဂ္ဂိုလ်တွေနှင့်ကာရံခံတာ၊
၁၂။ တဏှာထူရင် သံသရာရှည်တာကို နားလည်တာ၊
၁၃။ အကြောင်းတရားတွေဘက်ကနေ နေပြီး အခြေအနေတွေအပေါ်အပြစ်တင်မှုကိုလျှော့တာ ၊ရုပ်သိမ်းတာ၊
၁၄။ရည်ရွယ်ချက်ကောင်းတွေနှင့် နေ့စဉ်ဘဝတွေကိုဖြတ်သန်းတာ၊
၁၅။ အနာဂတ်ကို ယနေ့စတင်ပုံဖော်ဖို့လိုတာ။
တခုခုရမယ်လိုယုံကြည်ပါတယ်။
ထပ်မံထည့်လိုသည်များ ရေးပေးသွားပါဗျာ။
??✨
@TharHtooBeUnique
Keep Reading