Author's Profile Photo

Clover

6/10/2024

ဩဇာသီးအကေ‌ေြာင်းသိကောင်းစရာ

1 min read
Personal Development
General Knowledge
18 Again
ဩဇာသီးအကေ‌ေြာင်းသိကောင်းစရာ's photo

ဩဇာသီး က အနိုနေစီးအီးမျိုးရင်း‌တွင်ပါဝင်ပြီး ရုက္ခဗေဒအမည်ကတော့ နိုနာစကွာမိုအာ ဖြစ်ပါတယ်။အင်္ဂလိပ်အက္ခရာအမည်ကတော့Custard Apple (or) Sugar Apple ဖြစ်ပါတယ်။

ဩဇာသီးက နှစ်ဆယ့်လေးလရာသီမှာ သီးကြပေမဲ့ တော်သလင်းလနဲ့ သီတင်းကျွတ်လတွေမှာတော့ ပိုပြီးပေါများပါတယ်။

ဩဇာသီးမှာမျိုးရင်းကွဲတွေဖြစ်တဲ့ ဒူးရင်းဩဇာနဲ့ ပိန္နဲဩဇာဆိုပြီး နှစ်မျိုးရှိပါသေးသည်။

ဩဇာသီးမှာကတော့ ဗီတာမင်A,B,B6၊သဘာဝသကြားဓာတ်၊ကစီဓာတ်၊သံဓာတ်၊အမျှင်ဓာတ်၊လိုင်စင်၊ဆိုဒီယမ်၊ဖော့စဖရပ် စတဲ့ အာဟာရတွေပါဝင်ပါတယ်။

ဩဇာသီးကိုစားရင်

☀️အဆုတ်ကို သန့်စင်စေတယ်

☀️နှလုံးသွေးကြောတွေကို ကောင်းမွန်စေပါတယ်

☀️အမြင်အာရုံ ကျန်းမာစေပါတယ်

☀️အရေပြားကောင်းမွန်စေတယ်

☀️ဝမ်းဗိုက်ကောင်းစေတယ်

စတဲ့ အထက်ပါ အကျိုးကျေးဇူးတွေကိုရရှိပါတယ်။

ဩဇာသီးပါမက ဩဇာပင်ရဲ့ အရွက်၊အမြစ်၊ပင်စည်၊အစေ့ကပါ ဆေးဖက်ဝင်ကြပါတယ်။
‌
လေ့လာတွေရှိချက်အရ

အရွက်

☀️အရွက်ကို ပြုတ်သောက်ရင် သန်နဲ့တုတ်ကောင်တွေကို ကျစေပါတယ်။အရွက်ကိုချေပြီးရှူပေးရင် အမူးအမော်၊ထိပ်ကပ်နာကို သက်သာစေပါတယ်။

အမြစ်

☀️အမြစ်ကို သွေးသောက်ရင် ဆီးချုပ်ဝေဒနာကို ပျောက်ကင်းစေပါတယ်။

အစေ့

☀️‌အစေ့က အဆပ်ရှိတာကြောင့် သောက်သုံးဖို့ မသင့်တော်ပါဘူး။ဒါပေမယ့် အစေ့ကို ကြိတ်ပြီး ဝဲ၊နှင်းခူနာ စတဲ့အနာတွေပေါ်ဖြူးပေးရင် ပိုးများကိုသေစေနိုင်ပါတယ်။

သတိထားရမဲ့ အချက်များ‼️‼️

?ဩဇာသီးနဲ့ သံပရာသီးနဲ့တွဲစားရင်သေတတ်ပါတယ်။
?ပျားရည်နဲ့တွဲစားရင် မူးမော်တာတွေဖြစ်တတ်ပြီး တစ်ခါတစ်လေ သေဆုံးနိုင်ပါတယ်။
?ဝက်သားနဲ့တွဲစားရင် မူးမော်တတ်ပါတယ်။

ဒါဆို‌ရင်တော့ ဩဇာသီးနဲ့ပက်သတ်တဲ့ ကောင်းကျိုးတွေနဲ့ ရှောင်ရမဲ့ အချက်တွေကို သေသေချာချာ သိသွားမယ်လို့ Cloverမျှော်လင့်ပါတယ်ရှင့်

✨စာဖတ်သူတို့အားလေးစားလျက်?Clover?✨

#sarphet
#Clover

Keep Reading

အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်ဟိုစပ်စပ်ဒီစပ်စပ် မလုပ်နဲ့ (၂) ချေးများစေ့စပ်တဲ့သူအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါလိုချင်တာတွေရရှိနိုင်ဖို့ အချက် ၄ ချက်