Author's Profile Photo

Par Te

5/10/2024

အမှောင်ထဲက အလင်းကို မြင်စေခဲ့သူ

1 min read
Personal Development
Education
General Knowledge
အမှောင်ထဲက အလင်းကို မြင်စေခဲ့သူ's photo

❤️ဒီနေ့ October 5 ကမ္ဘာ့ဆရာများနေ့မှာ နာမည်တွေနဲ့ တကွဖော်ပြလို့မကုန် မိမိထက် ငယ်/ကြီးတဲ့ သင်ဆရာ၊ မြင်ဆရာ ကျေးဇူးတင်ထိုက်တဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်မိပါတယ်။

❤️ဆရာ၊ ဆရာမ တွေဆိုတာက ကျောင်းမှာ သင်ကြားပေးတဲ့သူတွေကိုမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ဆရာ၊မ တွေဟာ အမှောင်ထဲက အလင်းကို မြင်စေခဲ့တဲ့သူတွေပါပဲ။

❤️ကျွန်မရဲ့ ပထမဦးဆုံးဆရာတွေကိုပြောပါဆိုရင် မိဘတွေဖြစ်ပြီး၊ ဒုတိယဆရာဆိုရင် ကျွန်မရဲ့ မောင်နှမတွေလို့ ပြောမိမှာပါ။ ဒီဆရာတွေက စာကြီးတွေကို သင်ပြပေးတာမဟုတ်ပေမဲ့ ဘဝမှာ ကြုံတွေ့လာနိုင်တဲ့အရာတွေ ကောင်းခြင်း၊ ဆိုးခြင်းတွေ အမျိုးမျိုးကို နေ့တိုင်း သင်းကြားပေး နေခဲ့ပြီး လက်တွေ့အသုံးချစေခဲ့ပါတယ်။

❤️ထို့အတူ ကျောင်းစတက်တဲ့အချိန်ကတည်းက ဒီနေ့ မနက်အထိ သင်ကြားပြသပေးနေကြတဲ့ ဆရာ၊မတွေရဲ့ သင်ကြားမှုတိုင်းမှာ သူတို့ရဲ့ စေတနာမေတ္တာပြည့်ဝခဲ့မှုတွေကိုခံစားရပြီး တစ်ရက်နဲ့တစ်ရက် မတူညီတဲ့ အမြင်တွေ၊ မတူညီတဲ့အတွေးတွေကို ရရှိနိုင်အောင် သင်ကြားပြသပေးနေနိုင်ခြင်းက အင်မတန် အံဩဖွယ်ရာကောင်းပြီး ကျေးဇူးတင်ထိုက်ပါတယ်။

❤️ဘာကြောင့်လည်းဆိုတော့ ကျွန်မ ကိုယ်တိုင်အခြားသူတွေကို ပြန်လည်မျှဝေဖို့ တွေးလိုက်တိုင်း၊ ပြင်ဆင်လိုက်တိုင်း မတူညီလှတဲ့ လူတစ်ယောက်ရဲ့ အတွေးတွေ၊ အမြင်တွေ ပြောင်းလဲနိုင်ဖို့၊ ဖတ်ကြားစေနိုင်ဖို့ သင်ကြားပေးတယ်ဆိုတာ တော်ရုံစိတ်ရှည်မှုတွေနဲ့ သင်ကြားပေးဖို့ဆိုတာက တကယ်မလွယ်ကူလှမှန်း သိလာရလေ၊ စေတနာမေတ္တာတွေနဲ့ ပြင်ဆင်မှုတွေများစွာပြုလုပ်ဖို့လိုအပ်မှန်း သိလာလေ မိမိကိုယ်သင်ကြားပေးခဲ့တဲ့ ဆရာ၊ဆရာမ တွေကို ကျေးဇူးတင်ရလေပါပဲ။
Thank You ❤️

#Clay_ခလေး
5/10/2024 ??

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးအင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း