Aung Thu Ya Kyaw
အခုမှ အိမ်ခြံမြေ အကျိုးဆောင်အဖြစ် စိတ်ဝင်စားသူတစ်ယောက် အနေဖြင့် ပထမဦးဆုံး ပြဿနာတစ်ခုကိုပြောပါဆိုရင် အိမ်ခြံမြေအကျိုးဆောင်လုပ်ဖို့ သင်တန်းတက်ဖို့လိုသလား? လိုင်စင် တွေ လိုသလား? လိုင်စင်တွေကရော ဘာတွေလဲ? ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်မှာ ဘယ်က ဘယ်လို စရမှန်းမသိတဲ့ အခါ အကြံဉာဏ်ပေးတဲ့သူမရှိရင် တော်တော်လေး အခက်ပိုတွေ့စေပါတယ်။
ဒီထဲမှာမှ အကျိုးဆောင် အဖြစ် သင်တန်းတက်ဖို့လိုသလားလို့ မေးရင် လုံးဝ လုံးဝ မလိုပါဘူး။ ဘာကြောင့်မလိုလဲ? သင်တန်းမတက်ဘဲနဲ့ ဘယ်လို နည်းလမ်းတွေ တက်ထားရမဲ့ ရှိရ မလဲဆိုတာ သိရဖို့ ဒီစာလေးရဲ့ အဆုံးထိ ဖတ်ပါ။ မအားသေးရင် Share ထားပါ။ လိုအပ်တဲ့အခါ ဆက်ဖတ်ပါ။
လိုင်စင်အကြောင်းနဲ့ ပက်သက်ပြီးတော့ ကျွန်တော် ဆောင်းပါး ရေးခဲ့ ဖူးတာကြောင့် အရင်ဆောင်းပါးတွေကို ရှာဖွေနိုင်ပါတယ်။
အရင်ရက်က ကျွန်တော် Youtube မှာ Public Speaking Skill (လူရှေ့သူရှေ့စကားပြောနည်း) နဲ့ ပက်သက်ပြီးတော့ လေ့လာဖို့ အတွက် ရှာဖွေနေရင်း Video အတိုလေးတစ်ပုဒ်ကို တွေ့ခဲ့ပါတယ်။ ဘာလဲဆိုရင် “မင်းအနေနဲ့ Public Speaking ကောင်းချင်တယ် မဟုတ်လား? ဘာသင်တန်းမှာ မလိုဘူး။ အရင်ဆုံး မင်းလူတွေရှေ့သွား ထွက်ပြော။ ပြီးရင် ဒါကိုဘဲ ထက်ခါ ထက်ခါလုပ်။ ဒါဆိုရင် မင်း Public Speaking Skill ကောင်း လာလိမ့်မယ်” ဆိုတဲ့ Video လေး ဖြစ်ပါတယ်။
ဒီအချိန်မှာ ကျွန်တော့ အတွေးထဲ ပေါ်လာတာက ကျွန်တော် အိမ်ခြံမြေ အကျိုးဆောင် အဖြစ် စလုပ်ခဲ့တဲ့ အချိန်ကာ လ ဖြစ်ပါတယ်။ အိမ်ခြံမြေ အကျိုးဆောင် အဖြစ် ကျွန်တော် စတင်လုပ်ကိုင်ဖို့အတွက် အသက် (၂၀) လောက်မှာ “Rich Dad Poor Dad (ချမ်းသာသော ဖေဖေ, ဆင်းရဲသော ဖေဖေ)” ဆိုတဲ့ စာအုပ်လေး စတင် ဖတ်ပြီး နောက်မှာ အိမ်ခြံမြေ အကြောင်း စတင်စိတ်ဝင်စားလာပါတယ်။ တစ်ခါတည်း ရင်းနှီးမြှုပ်နှံချင်စိတ်တွေ၊ အိမ်ခြံမြေ ကနေ ချမ်းသာချင်စိတ်တွေ တစ်ဖွားဖွား ပေါ်လာခဲ့ပါတယ်။ သို့ပေမဲ့ ပြဿနာက ကျွန်တော့မှာ လုံလောက်တဲ့ ငွေကြေးမရှိဘူး။ ဒါ့အပြင် လုံလောက်တဲ့ အသိပညာ မရှိနေပါဘူး။
ဒါကြောင့်မို့ ဘာလုပ်ရမလဲ စဉ်းစားခဲ့ တဲ့ အချိန်မှာ ခေါင်းထဲ အတွေးတစ်ခု ရောက်လာတာက ကျွန်တော် အကျိုးဆောင် တစ်ယောက် လုပ်လို့ရတာပဲ ဆိုတဲ့ အသိဖြစ်ပါတယ်။ ကျွန်တော်ဟာ Introvert (လူအများနဲ့ နေရတာမကြိုက်တဲ့သူ၊ လူရှေ့သူရှေ့ စကားပြောရတာ မကြိုက်သူ) တစ်ယောက် ဖြစ်တာကြောင့် တော်တော်လေး ခဲယဉ်းပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော်ဟာ လူတွေနဲ့ စကားပြောပြီး ဝင်ငွေရှာရတာထက် ကွန်ပျူတာတစ်လုံးနဲ့ ကမ္ဘာပတ်ပြီး အလုပ်လုပ်ရတာ ကြိုက်တဲ့ သူတစ်ယောက် ဖြစ်နေလို့ပါ။ အရင်ဦးဆုံး ကျွန်တော့ အတွေးတွေကို မဖြစ်မနေ ပြောင်းလဲရမဲ့ အချိန်မို့ ကျွန်တော် ဖြစ်ချင်တဲ့ စိတ်တွေကို ခဏလေး လက်လွှတ်ထားပြီးတော့ လူတွေနဲ့ စကား စ ပြောခဲ့ရပါတယ်။
ပထမဦးဆုံး အကျိုးဆောင် အဖြစ် လုပ်မယ် ဆိုတော့ ကျွန်တော် နေတဲ့ ပဲခူးမြို့မှာ ရှိတဲ့ အိမ်ခြံမြေ အကျိုးဆောင် Facebook Page တွေ ရှတယ်, Group တွေ ရှာတယ် ပြီးတော့ ကျွန်တော် မေးကြည့်တယ်ပေါ့နော် အိမ်ခြံမြေ အကြောင်းနားလည်ချင်လို့ ကျွန်တော့ကို ရှင်းပြပေးပါလား? ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ အိမ်ခြံမြေ လုပ်ကိုင်နေတဲ့ အစ်ကို တစ်ယောက် နဲ့ ချိတ်ဆက်ခွင့်ရခဲ့ပြီးတော့ လက္ဘက်ရည်ဆိုင်မှာပဲ စကားတွေ ပြောခဲ့ကြပါတယ်။ အစ်ကိုကလည်း ကျွန်တော့ကို စိတ်ဝင်စားရင် လာလုပ်ဖို့ ပြောခဲ့ပါတယ်။
သူနဲ့ အတူတူ လေ့လာရင်း ကျွန်တော် အိမ်ခြံမြေ လောကကို အကျိုးဆောင် တစ်ယောက် အဖြစ် စတင်ဖို့ ပထမ ခြေလှမ်းတစ်ခုကို စတင်ခဲ့ပါတယ်။ ဒါ့အပြင် သူကိုယ်တိုင် မိတ်ဆက်ပေးလို့ တစ်ခြား အကျိုးဆောင်တွေ နဲ့ပါ သိခွင့်ရခဲ့ပြီးတော့ အကျိုးဆောင်လုပ်ငန်းကို ရပ်တည်နိုင်ခဲ့ပါတယ်။ ထိုအချိန် မှာ ကျွန်တော်က ဖတ်ထားတဲ့ စာအုပ်ထဲက အသိတရားသာ ရှိနေပြီးတော့ ကျန်တဲ့ မည်သည့် Skills မျှမရှိသေးပါဘူး။ ဒါ့အပြင် ကိုယ့်မြို့ ကိုယ်တောင် ဘယ်ကသွားရင် ဘယ်ရောက်မှန်း မသိတဲ့ အခြေအနေကနေ စတင်ခဲ့ တာပါ။
ကံကကောင်းချင်တော့ အရင်က GYC (ဆရာပြည့်ဘုန်း) စီမှာ Marketing နဲ့ ပက်သက်ပြီးတော့ အခြေခံသ ဘောတရားလေးတွေ လေ့လာဖူးတော့ တော်တော် လေး အဆင်ပြေခဲ့ဖူးတယ်။ ဒါ့အပြင် ကျွန်တော်က အင်္ဂလိပ်လို လေ့လာဖို့ အင်္ဂလိပ်စာလည်း မညံ့တဲ့ထဲ မှာပါတယ်။ ဒါကြောင့်မို့ နိုင်ငံခြားက အိမ်ခြံမြေ သင်တန်းတွေ၊ စာအုပ်တွေ တက်ခဲ့ပါတယ်။ နောက်တစ်ခု Social Media ကို ကောင်းကောင်းအသုံး ချတတ်သလို နည်းပညာပိုင်းဆိုင်ရာတွေမှာလည်း စိတ်ဝင်စားတာကြောင့် ဒီလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ချိန်မှာ တော်တော် လေး ကျွန်တော့ အတွက် အဆင်ပြေခဲ့ပါတယ်။
ဒါပေမယ့် မပြေဆုံး ကတော့ လူတွေအကြောင်းပါ။ ကျွန်တော်ဟာ လူယုံတတ်ပြီးတော့ ကိုယ့်ကို ဒုက္ခပေးနိုင်တဲ့လူလား၊ ကိုယ့်ကို ကောင်းစေချင်တာလား ဆိုတာ ဝေခွဲမရခဲ့သလို ကျွန်တော့ရဲ့ အကျိုးဆောင် လမ်းကြောင်းမှာ အဓိက ပြဿနာ တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော့ မိဘတွေဟာ တောသူတောင်သားတွေမို့ အရမ်းရိုးသလို လူတွေအကြောင်းလည်း သိပ်နားမလည်ခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော် ကြီးပြင်းလာရတဲ့ တစ်လျောက် ဆရာ၊ဆရာမတွေ၊ လုပ်ငန်းခွင်မှ မောင်နှမစိတ်ဓာတ် နဲ့ ဆက်ဆံတဲ့ အစ်ကိုအစ်မတွေ၊ မိဘတွေကလည်း အရိုးခံ တွေဆိုတော့ နားမလည်ခဲ့ပါဘူး။
ဒီအိမ်ခြံမြေ လုပ်ငန်းက ကြည့်ရင်သာ အိမ်လိုက်ပြ၊ အိမ်ကြည့်၊ ကြိုက်ရင်စရန်ချ၊ ဝယ်သွားရင် အကျိုးဆောင် ခ ရဆိုပေမယ့် ကြားထဲမှာ မလွယ်ကူမှန်း သိနိုင်တာက တကယ် အကျိုးဆောင် လုပ်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ မင်းက ပွဲစားလုပ်တာ ပွဲစားတွေ ဘက်က ကာကွယ်ပေးတယ် ဆိုတာမျိုးမဟုတ်ပါဘူး။ ကျွန်တော် အပြင်လူတစ်ယောက် အနေနဲ့ ပြောပြနေတာဖြစ်ပါတယ်။
ဘယ်လမ်းကိုလျောက်ရင် ဘယ်လမ်းရောက်တယ်ဆိုတာသိရဖို့ ဆူးငြောင့်ခလုတ်တွေကို နင်းခဲ့ရဖူးပါတယ်။ နင်းခဲ့ရတဲ့ ဆူးငြောင့်ခလုတ်တွေကြောင့် အချိန်တွေ မလိုအပ်ဘဲနဲ့ ကုန်ဆုံးခဲ့ရတာတွေ အကျိုးဆောင် လုံးဝ မဖြစ်ချင်တော့တဲ့ စိတ်တွေ၊ စိတ်ဓာတ်ကျစရာတွေ တော်တော်လေးကြုံခဲ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ သို့ပေမယ့် အချိန်တစ်ခု ကြာလာတာနဲ့အမျှ အတွေ့အကြုံတွေ ရလာတယ်။ လူတွေ စီကနေ ပြန်သင်ယူရင်း ဒီအိမ်ခြံမြေ လုပ်ငန်းနဲ့ ပက်သက်ပြီး စာတွေ့ လက်တွေ့ ကောင်းကောင်း လေ့လာနိုင်ခဲ့သလို အကျိုးဆောင်တွေရဲ့ Flow (လုပ်နေတဲ့ပုံစံ) လေးကိုလည်း ကောင်းကောင်း သိနေခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် လူတွေကို အိမ်ခြံမြေ နဲ့ ပက်သက်တဲ့ သင်တန်းတွေ သင်ကြားပေးနေတာ ဖြစ်ပါတယ်။
လူမှန်၊ နေရာမှန်၊ ဆရာမှန် ဖြစ်ဖို့ ဆိုတာ ဒီလုပ်ငန်းက တော်တော်လေး အရေးကြီးပါလား ဆိုတာ ရယ် ကိုယ်ကလည်း တစ်ခြားသူတွေ ယုံကြည်ရတဲ့သူ ဖြစ်အောင် ကြိုးစားဖို့ကလည်း အချိန်ကာလ တစ်ခု နှစ်နဲ့ချီ ကြိုးစားရတာလား ဆိုတာ သိလာပါတယ်။ ဒီ အိမ်ခြံမြေ လုပ်ငန်းမှာ မိဘတွေ၊ ဦးလေး အဒေါ် ကိုယ့် ရွှေမျိုးသားချင်း တွေထဲမှာ အကျိုးဆောင် အဖြစ် လုပ်ကိုင်နေတဲ့ သူတွေ မရှိဘူးဆိုရင် ပိုတောင် ခက်ခဲပါသေးတယ်။ အဓိကကတော့ ကိုယ့်မှာ ကျောထောက်နောက်ခံ လူ မရှိရင် ဒီလုပ်ငန်းက လုံးဝမလွယ်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော် တို့က အိမ်ခြံမြေ အကျိုးဆောင် တစ်ယောက် ဖြစ်အောင် ကြိုးစားဖို့ သင်တန်းတွေ လိုလားဆိုရင် မလိုပါဘူး ပြောချင်ပေမယ့် ကျောထောက်နောက်ခံလူ မရှိတဲ့သူတွေအတွက် ကတော့ ကိုယ် ယုံကြည်ရတဲ့ ဆရာ တော့ အမြဲလိုအပ်နေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီလုပ်ငန်းက ရိုးသားဖို့လည်းလိုတယ်၊ စေတနာ ထားတတ်ဖို့လည်းလိုတယ်၊ စိတ်ရှည်သီးခံတတ်ဖို့လည်း လိုတယ်၊ အချိန်တိကျဖို့လည်း လိုတယ်၊ မှန်ကန်ဖို့လည်း လိုတယ် စသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ အပြင် အခြေခံ အိမ်ခြံမြေ သဘောတရားတွေ အကြောင်းလည်း အများကြီး လိုအပ်နေပါတယ်။
#အိမ်ခြံမြေအကြောင်းလေ့လာပါ
Keep Reading