Author's Profile Photo

Aung Thu Ya Kyaw

4/09/2024

အကျိုးဆောင်တိုင်းသိသင့်တဲ့ လိုင်စင်ကတ်

1 min read
Business
Finance
Entrepreneurship
အကျိုးဆောင်တိုင်းသိသင့်တဲ့ လိုင်စင်ကတ်'s photo

အမေးအများဆုံးကတော့… အိမ်ခြံမြေ အကျိုးဆောင် ဖြစ်ဖို့ လိုင်စင်လိုသလား? လိုင်စင်ကတ် လုပ်မယ်ဆိုရင် ဘာတွေ လုပ်ရမလဲ? လိုင်စင်ရတာနဲ့ မရတာ ဘာကွာလဲ? ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအကြောင်းနဲ့ ပက်သက်ပြီးတော့ ဘယ်လိုမျိုး နားလည်ထားရမလဲ ဆိုတာကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။

လိုင်စင်ကတ် အကြောင်းကို မပြောခင်.. လိုင်စင်ကတ်ဆိုတာဘာလဲ? ဘယ်အချက်တွေနဲ့ ပြည့်စုံရင် လိုင်စင်လို့ခေါ်လို့ရလဲ? အကြမ်းဖျဉ်းအားဖြင့် ပြောရရင် အဖွဲ့အစည်း အာဏာပိုင် ပုဂ္ဂိုလ် တစ်ဦးဦးကနေ လုပ်ပိုင်ခွင့် အနေနဲ့ ပေးတဲ့ အခါမှာ လိုင်စင်ချပေးလေ့ရှိပါတယ်။ ဒီလိုချပေးတဲ့ အခါ လူတစ်ဦးတစ်ယောက်ရဲ့ အချက်အလက် တွေဖြည့်စွက်ပြီးတော့ လိပ်စာကတ် အရွယ် အနေအထားလေးတွေနဲ့ ပေးလေ့ရှိကြပါတယ်။

ကား‌မောင်းမယ်ဆိုရင် ယဉ်မောင်းလိုင်စင် လိုအပ်ပါတယ်။ အိမ်ခြံမြေ ဘက်မှာရော ယဉ်မောင်လိုင်စင်လိုမျိုး လိုအပ်ပါသလား? အပိုင်း (၂) ပိုင်းခွဲပြီးတော့ ရှင်းပြပေးပါ့မယ်။ ဒီမှာ တစ်ခုကြိုပြောလိုတာကတော့ ကျွန်တော့ရဲ့ POV လည်း ပါဝင်ပါတယ်။ မည်သည့်အဖွဲ့အစည်း ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူး။ 


အပိုင်း (၁) အမေရိကန်နိုင်ငံရဲ့ အကျိုးဆောင်တွေ အကြောင်း

မြန်မာနိုင်ငံ ရဲ့ အိမ်ခြံမြေ အကြောင်းကို ခဏလေး ထားပြီးတော့ ကမ္ဘာပေါ်မှာ အတိုးတက်ဆုံး အမေရိကန် နိုင်ငံရဲ့ အိမ်ခြံမြေ အကျိုးဆောင် အကြောင်းကို ပြောလိုက်ကြရအောင်!

အမေရိကန်မှာ အကျိုးဆောင် တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ပြည်နယ်အလိုက် စာမေးပွဲ ဖြေရပါတယ်။ စာမေးပွဲ ဖြေရဖို့အတွက် စာမေးပွဲကြေး အပြင် အရင် ဆုံး သင်တန်းတက်၊ စာသင်ရပါတယ်။ စာသင်ပြီးသွားပြီ စာမေးပွဲလည်း အောင်သွားပြီဆိုရင် တော်တော်များများ လုပ်ငန်းခွင့်ဝင်ဖို့ Broker တွေရွေးချယ်ရပါတယ်။ Broker တွေရွေးချယ်ပြီးသွားပြီဆိုရင် တစ်ချို့ကတော့ နှစ်ပေါင်း တစ်ရာကျော် သက်တန်း ရှိနေပြီဖြစ်တဲ့ အသင်း NAR ဆိုတဲ့ National Association of REALTORS® အဖွဲ့အစည်းတွေထဲ ချိတ်ဆက်ပြီးတော့ လုပ်ကိုင်ကြတာမျိုးတွေရှိကြပါတယ်။

ဒီနေရာမှာ သာမန် အကျိုးဆောင် တစ်ယောက်ဆိုရင် Real Estate Agent အဖြစ် အသုံးပြုလို့ရပြီးတော့ NAR အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီဆိုရင်တော့ REALTORS® ဆိုတဲ့ နာမည်ကို အသုံးပြုခွင့်ရသွားပါပြီ။ Real Estate Agent နဲ့ REALTORS® နဲ့ က မတူညီပါဘူး။ အနည်းနဲ့ အများကွာဟမှုလေးတွေ ရှိပါတယ်။ 
ဘာကွာလည်း ဆိုရင်တော့ REALTORS® က NAR ရဲ့ အဖွဲ့ဝင် ဖြစ်ပြီးတော့ Real Estate Agent ကတော့ အဖွဲ့ဝင်မဟုတ်ပါဘူး။ ဒါ့အပြင် Real Estate Agent က REALTORS® ဆိုတဲ့ စကားလုံးကို အသုံးပြုလို့မရပါဘူး။ ဘာကြောင့်လည်းဆိုရင် REALTORS® ဆိုတဲ့ စကားလုံးဟာ NAR ရဲ့ မူပိုင်စကားလုံးဖြစ်နေလို့ဖြစ်ပါတယ်။ သုံးချင်ရင်တော့ အဖွဲ့ဝင် ဖြစ်ဖို့လိုပါတယ်။

မြန်မာနိုင်ငံက အကျိုးဆောင် စလုပ်ခါစ သူတွေအတွေ့များတာက Real Estate Agent ဆိုတဲ့ စကားလုံးအစား REALTORS® ဆိုတဲ့ စကားလုံးကို သုံးနေတာမျိုးတွေ တွေ့ရပါတယ်။ ကျွန်တော်လည်း နားမလည်တုန်းက အသုံးပြုမိခဲ့ပါတယ်။ တကယ်တော့ အဖွဲ့ဝင်မှ မဟုတ်ရင် သုံးပိုင်ခွင့် မရှိပါဘူး။ 

ဒီမှာ ပြောစရာရှိတာက REALTORS® အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့ အတွက် အရင်ဆုံး သက်ဆိုင်ရာပြည်နယ်တွေရဲ့ လိုင်စင်ရထားမှသာ အသင်းဝင်လို့ရတာဖြစ်ပါတယ်။ အသင်းဝင်ဖြစ်သွားရင်တော့ အကျိုးခံစားခွင့်တွေ ထပ်ရပါတယ်။ Member ဝင်တွေအနေနဲ့ကတော့ Member Card လေး တွေ ရနိုင်ပါတယ်။ ပုံထဲက အပြာရောင်လေး ဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်က အမေရိကန်မှာနေပြီးတော့ REALTORS® ကတ် ကိုင်ထားတဲ့သူတစ်ယောက် မဟုတ်တော့ ပြည့်ပြည့်စုံစုံတော့ မသိနိုင်ပါဘူး။ လိုအပ်ချက်ရှိသွားရင်တော့နားလည် ဖြည့်စွက်ပေးပါဦး ခင်ဗျာ။

အပိုင်း (၂) မြန်မာနိုင်ငံ 

အမေရိကန်မှာတုန်းက အကျိုးဆောင်လိုင်စင်ရဖို့ သင်တန်းတွေတက်ကတယ်၊ လိုင်စင်ဖြေရတယ်။ လွယ်လွယ်နဲ့လည်း မအောင်နိုင်ပါဘူး။ ဒါ့အပြင် အကျိုးဆောင်လုပ်မဲ့သူတွေအနေနဲ့ ဥပဒေအရ ကာကွယ်ပေးထားတာမျိုးတွေ ရှိပါတယ်။ အရေးကြီးဆုံးကတော့ အကျိုးဆောင် ခရတဲ့ အပိုင်းဖြစ်ပါတယ်။ အမေရိကန် မှာ အကျိုးဆောင်ခ မရဘူးဆိုရင် အဆင့်ဆင့်တိုင်လို့ ရပါတယ်။ အပြည့်အစုံကို Google ထောက် လေ့လာနိုင်ပါတယ်။ ရှည်သွားမှာဆိုးလို့ အကျယ်တော့ မပြောတော့ပါဘူး။

ဒါကတော့ အမေရိကန် ပါ။ မြန်မာနိုင်ငံအကြောင်းကို ကျွန်တော် ပြောပြပေးပါ့မယ်။ မြန်မာနိုင်ငံမှာ အိမ်ခြံမြေ အကျိုးဆောင် ဥပဒေနဲ့ ပက်သက်ပြီးတော့ လုံးဝ လုံးဝမရှိပါဘူး။ ဥပဒေကြမ်းမျှသာ ရှိနေပြီးတော့ လုံးဝ အတည်မပြုရသေးပါဘူး။ ဒါကြောင့်မို့ ဥပဒေအရ အကျိုးဆောင် တွေအတွက် ကာကွယ်ထားတဲ့ ဥပဒေဆိုတာလည်း ရှိမနေပါဘူး။ ဥပဒေကြမ်းကိုသာ အတည်ပြုပေးလိုက်ရင်တောင် အကျိုးဆောင်ခကို တရားမ မှုဆွဲမှ ရမည်ဟု လေ့လာရပါတယ်။ 

ဆိုတော့ ဒီမှာ အိမ်ခြံမြေ အကျိုးဆောင် ဥပဒေဆိုတာဟာ ဥပဒေအရ မရှိနေတာကို ကျွန်တော်တို့က ဘယ်လိုကြောင့် အိမ်ခြံမြေ အကျိုးဆောင် လိုင်စင် ဆိုတာ ရှိနေမှာလဲ????
ဒါဆိုရင် အကျိုးဆောင်လိုင်စင်ကတ်လို့ ပြောနေတဲ့ ကတ်တွေကရော.. ဘာတွေလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

ကျွန်တော် ရှင်းပြပေးပါ့မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အိမ်ခြံမြေ အသင်း အကြမ်းဖျဉ်းအား ဖြင့် MPRDA နဲ့ MRESA ဆိုတဲ့ အသင်း (၂) သင်းရှိပါတယ်။ အသင်း Members ဝင်းပေါင်းများစွာနဲ့ လည်ပတ်နေတဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံးအသင်း (၂) သင်း ဖြစ်ကြပါတယ်။ 

ထိုအသင်းတွေ ဝင်ထားတဲ့ အခါမှာ အသင်းသား/သူတွေ အပေါ် အသင်းဝင်ကတ်ခေါ် လိုင်စင်ကတ်ဆိုပြီး ထုတ်ပေးတာမျိုးတွေ ရှိပါတယ်။ ( အောက်ပါ ပုံတွင် အဝါရောင် နှင့် အစိမ်းရောင် ပုံများဖြစ်ပါတယ်။) လူတော်တော်များများ မှားလေ့ရှိတာက ဒီကတ်တွေကို အစိုးရကနေ ခွင့်ပြုချက်နဲ့ ယဉ်မောင်းလိုင်စင် ပုံစံမျိုး ထုတ်ပေးသယောင် ရှိတယ်ဆိုပေမယ့် ဒါတွေက ယဉ်မောင်းလိုင်စင်လောက် ကုန်ကျစရိတ်မများသလို အလွယ်အကူ အသင်းဝင်တာနဲ့ ကတ်က auto ရပါတယ်။ အချို့ နားမလည်တဲ့သူတွေကတော့ ဒီလိုမျိုး ကတ်မြင်ပြီဆိုတာနဲ့ ယဉ်မောင်လိုင်စဉ်လို အဆင့်ရှိတဲ့ ပုံစံမျိုး မြင်လေ့ရှိကြပါတယ်။ တကယ်တော့ ထိုအသင်း (၂) သင်းကပဲ ပိုင်တာပါ။

အမေရိကန် NAR အဖွဲ့အစည်းတွေက ပေးတဲ့ မန်ဘာကတ် တွေ ပေးသလို ပုံစံဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ဒီနောက်ပိုင်း မြို့နယ် ထွေအုပ်ရုံးတွေဘက်ကတော့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းအတွက် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း အသိမှတ်ပြုလုပ်ငန်း ဆိုပြီး အချက် (၅) ချက်နဲ့ ဘာလုပ်ပါ ညာလုပ်ပါ ဆိုပြီးတော့ မြို့နယ်အလိုက် ထုတ်ပေးတာမျိုးတွေရှိပါတယ်။ မည်သည့်နည်းဥပဒေကြောင့် မည်သို့ ထုတ်ပေးသနည်း ဆိုတာကတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော် တို့ အကျိုးဆောင်တွေ အတွက် ဘာအကျိုးကျေးဇူးမှ မရနိုင်ဘူးဟု မြင်မိပါတယ်။ ပြီးရင် ကာကွယ်မှုက နည်းနေပါသေးတယ်။ တကယ့် ဥပဒေ အစစ် မဟုတ်သေးပါဘူး။

သို့ပေမယ့် အခုလို ဥပဒေ မရှိတာက မြန်မာနိုင်ငံပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အိမ်ခြံမြေ အကျိုးဆောင် တွေ အတွက် ဥပဒေ မရှိပါဘူး။ လိုင်စင်ဘာညာ ယူစရာမလိုဘဲနဲ့လည်း လုပ်ကိုင်နိုင်ပါတယ်။ မြ န်မာနိုင်ငံမှာလည်း ရမရ ဆိုတာ စာဖတ်သူပဲ စဉ်းစာကြည့်လိုက်ပါတော့။ 

ဒီနေရာမှာ မရဘူး ရမှ ဖြစ်မယ်တို့,,,, လိုင်စင်မပေးဘူး ဘယ်သူကပြောလဲလို့… ဘာညာ ပြောနေတဲ့သူတွေ ရှိသွားရင်လည်း ကျွန်တော် မေးခွန်းတစ်ခုပဲ မေးချင်ပါတယ်။ အိမ်ခြံမြေ အကျိုး‌ဆောင် ဥပဒေ ဆိုတာဘာလဲ? ဘာတွေ ပါဝင်သလဲ? အခု လိုင်စင်တွေကရော အစောပိုင်း ပြောခဲ့ တဲ့ မေးခွန်း (၂) ချက်ထဲမှာ ပါဝင်နေသလား? ဆိုတာ ဖြစ်ပါတယ်။

Keep Reading

"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။3L for Successချွေတာမလား၊ ပိုရှာမလားမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾Financial Statement ကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ ◾အမှီခိုကင်းတဲ့ ချစ်ခြင်းမေတ္တာ