Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

19/03/2024

အကူညီ​တောင်းခံသူနှင့်ကျွန်​တော်

5 mins read
Poetry
Art
History
အကူညီ​တောင်းခံသူနှင့်ကျွန်​တော်'s photo

အပိုင်း၁ပါရှင့်

ကျွန်​တော့နာမည်က မျိုးမဟာနာမည်က​တော့ခပ်လန်းလန်း​ပေါ့အဲလယ့် စတာပါအသက်က​တော့၂၅​လော​လောဆယ်​တော့ deliveryလုပ်တယ်​နောက်လမှာ​နောက်အလုပ်​ပြောင်းချင်​ပြောင်းမယ် ဒီအလုပ်ဘဲဆက်လုပ်ချင်လုပ်မယ်ကျွန်​တော့အတွက်အတည်တကျမရှိဘူး အ​ဖေကကျွန်​တော်ငယ်ငယ်ကတီဘီနဲ့ဆုံးသွားတယ် အ​မေက​တော့ရွာမှာ​ပေါ့ သူ့လုပ်စာသူစား​နေ​လေရဲ့ချစ်လှစွာ​​သောကျွန်​တော့ရဲ့အ​မေပါ ကျွန်​တော့ကိုဆယ်တန်းအထိပညာသင်​ပေးပြီးကောလိပ်ဆက်တက်ဖို့ရန်ကုန်ကိုလွှတ်ပြီးကိုယ့်ပိုက်ဆံကိုရှာခိုင်းတယ်ဒီလိုနဲ့ဆက်မတက်ဖြစ်ဘဲဒီအချိန်ထိ​ရောက်လာတာ​ပေါ့ ပြောမယ့်သာ​ပြောတာဗျ ကျွန်​တော်က စာက​တော့​တော်တယ် တစ်တန်းကိုတခါဘဲ​ဆယ်တန်းကိုလည်းအမှတ်​ကောင်း​ကောင်းနဲ့​အောင်ခဲ့တယ် ပိုက်ဆံသာရှိမယ်ဆိုရင် ကျွန်​တော့ခုချိန်ဘာလုပ်​နေလိမ့်မလည်း
"ဟေ့​ကောင် မဟာ​ခေါ်​နေတာကို မြန်မြန်လာ ဒီအထုပ်ကိုသွားပို့ သေချာကြည့်​နော်မှားမယ် ဒီတခါမှားရင်မင်း​သေမယ်"
"ဟုတ်ကဲ့ပါဗျ အကိုကြီးလည်းစိတ်ဘဲ​နော်"
ကျွန်​တော်အရင်တခါကအထုပ်မှားပို့မိလို့လစာထဲကဖြတ်ခံရတာ​လေ ရတာက၁သိန်းခွဲ လျော်ရတာက၇​သောင်း အဲ့လိုန​မော်နမဲ့နိုင်လို့ မတိုးတက်တာဖြစ်မယ် မှားပို့မိတဲ့သူကလည်းဗျာ ပိုက်ဆံရှင်းပြီးပြီဆု​တော့ကျွန်​တော်လည်းလက်မှတ်ဘဲထိုးခိုင်းလိုက်တာ​ပေါ့ကျွန်​တော်မှားလား နောက်တခါပိုက်ဆံသွား​တောင်း​တော့ ပါးရိုက်မယ် ရှင်းပြီးသားတဲ့​လေသူလူလည်ကျတာကျထည့်မ​ပြောဘူး
"အမ​လေးဗျ "
"sorry ပါအမ မမြင်လိုက်လို့"
"အယ်အမရရဲ့လားကျွန်​တော်ကဘာမှမဖြစ်ဘူး အမ​ရော စက်ဘီးနဲ့တိုက်မိသွားလား ပြပါဦး"
"ရတယ်​မောင်​​လေး ဘာမှမဖြစ်ဘူးသွားပြီ​နော်ဂရုစိုက်"
"ဗျာ ဟုတ်ကဲ့"
လှတယ်ဗျ ချစ်စရာ​လေး မောင်​လေးတဲ့ လေးဖြုတ်​ခေါ်​တော့ဘာဖြစ်မှာမို့ ဟာငါ့အထုပ် ငါ့အထုပ်ဘယ်​ရောက်သွားတုန်း
ကျွန်​တော် အလုပ်ဖြုတ်ခံလိုက်ရတယ် ဒီတခါ​တော့တကယ်ကျွန်​တော့အမှားပါ ဆိုးတာကဘာအလုပ်လုပ်ရမှန်းမသိတာဘဲ အကိုကြီးကသူ့ညီမဆိုင်မှာလုံခြုံ​ရေးအလုပ်​ပေးမယ်တဲ့ လစာက၁သိန်းခွဲကိုမှ​နေစားငြိမ်းတဲ့ဗျကျွန်​တော်အတွက်​တော့ အဆင်​ပြေ​သော​ပေါ့ဗျာ မူမ​နေ​တော့ဘဲလက်ခံလိုက်တယ်သဘက်ခါစဆင်းရမှာဆို​တော့ အ​ဆောင်မှာလုပ်စရာရှိတာ​တွေသိမ်းစရာရှိတာ​တွေလုပ်ရမယ် အ​ဆောင်ပိုင်ရှင်အန်တီ့ကိုလည်းနှုတ်ဆက်ရဦးမှာဘဲ
"အန်တီရှိလား ကျွန်​တော်မဟာပါ"
"အော်မဟာ သားဝင်ခဲ့​လေဘာအ​ကြောင်းရှိသလဲ "
"မရှိပါဘူးအန်တီ ကျွန်​တော်အ​ဆောင်​ပြောင်းရမှာမို့လာနှုတ်ဆက်တာအလုပ်သစ်ကအ​ဆောင်​ပေးလို့"
"ဟုတ်လား ဘယ်မှာလဲအ​ဆောင်ကအဆင်​ပြေတယ်လား "
"ဟုတ် ပြေမယ်ထင်တာဘဲဗျ အကိုကြီးသွင်း​ပေးတာလုံခြုံ​ရေးပါ"
"အော်​​အေး​အေး နေဦး​နော်"
အန်တီအိမ်ထဲဝင်သွားတယ် ပြန်ထွက်လာ​တော့မုန့်ဗုံးတပုံးနဲ့အချိုရည်ဘူးတဘူးပါလာတယ်
"ရော့သား ယူသွားချည်"
"ဟာမလုပ်ပါနဲ့ဗျာ အားနာစရာ​ကြီး "
"ယူပါ နောက်​တွေ့ချင်မှ​တွေ့ရမှာ ရော့မုန့်ဖိုး နည်း​တော့နည်း​ပေမယ် တလစာလက်ဖက်ရည်ဖိုးရတာ​ပေါ့ ယူသွား​နော် သားကိုအန်တီကကို့သား​လေးလိုသ​ဘေညထားလို့​ပေးတာမငြင်းရဘူး"
မုန့်ဖိုး၁​သောင်းခွဲနဲ့ မုန့်​တွေ​ပေးလိုက်တာ​ကြောင့်အားတုံ့အားနာဖြစ်ရတယ် အ​ဆောင်​တွေထဲမှာ​တော့ဒီအ​ဆောင်ကအဆင်​ပြေဆုံးဘဲ ဒါမယ့်မတတ်နိုင်ဘူး​လေ
အ​ဆောင်ထိကားငှားပြီးဘဲသွားလိုက်တယ် အ​ဆောင်ပုံစံကတမျိုးဗျ မှိုင်းမှိုင်းကြီး အကိုကြီး​ပြောတဲ့ဆိုင်ကအ​ဆောင်နဲ့ကပ်ရပ်မှာရှိတယ် ထားပါဒါ​တွေကအ​ရေးကြီးတာမှမဟုတ်တာ ကျွန်​တော်အထုပ်​တွေကိုသယ်ပြီး အ​ဆောင်တံခါး​ခေါက်လိုက်တယ် ခြံကလည်းအကျယ်ကြီးဗျ ခြံတခါး​တော့ခတ်မထားဘူး
"ဟုတ်ဘာများကူညီ​ပေးရမလဲရှင့်"
"ဟို ကျွန်​တော်ကလုံခြုံ"
ကျွန်​တော့စကား​တောင်မဆုံး​သေးဘူး ကျွန်​တော့အထုပ်​တွေကိုလာဝိုင်းဆွဲ​ပေးတယ်
"အာ ရပါတယ်ကျွန်​တော့ဘာသာလုပ်ပါ့မယ် ပေးပါ"
"ဟုတ်ကဲ့ ဒါဆို ကျွန်မအခန်းလိုက်ပြ​ပေးမယ်​နော်"
အ​​ဆောင်က အ​ဆောင်နဲ့မတူးဗျ အပြင်ကကြည့်ရင်​တော့ ကျ၎်းမလိုလိုနဲ့ အထဲမှာမ​တော်​တော့ကျယ်သား ဟိုတယ်​သေးပုံစံမျိုးဘဲ ပုံမှန်ဆိုအားလုံးစု​နေရတာ
-ကျွန်​တော့​​နေရမယ့်အခန်းရှေ့​ရောက်​တော့ကျွန်​တော့ကို​သော့ပို​ပေးပြီး ပြန်သွားတယ်
-အခန်းတံခါးဖွင့်လိုက်​တော့ တံခါးကကျွီခနဲဘဲ မသုံးတာကြာပြီထင်တယ် အခန်းကတ​ယောက်စာအတွက်ဆိုတာထက်ပိုတာ​ပေါ့ ကျယ်တယ်​တော်​တော်​လေး အခန်းထဲကိုဝင်ပြီးတံခါးပိတ်လိုက်တယ် ပစ္စည်းတွေ​နေရာချပြီး ကိစ္စ
ရှင်းဖို့အတွက် အိမ်သာတံခါးကိုဖွင့်လိုက်​တော့ အမ​လေးဗျာဘာနံ့ကြီးလဲ တခြား​တော့မဟုတ်ဘူးဘာနံ့ဖြစ်ရမှာလဲ​လေကျွန်​တော်ကလည်း ဒါမယ့်ဗျာအဲ့အနံ့မဟုတ်ဘူးအပုပ်နံ့လို့ထင်​နေတာ ထားပါ လော​​လောဆယ်​တော့အပြင်အိမ်သာမှာ သွားရှင်းလိုက်မယ်
"အကိုဘာဖြစ်လို့လဲ အဆင်မ​ပြေတာများရှိလို့လား"
"အော်မဟုတ်ဘူးဗျ ကျွန်​တော့အိမ်သာအနံ့ကသိပ်မ​ကောင်းလို့ မနက်မှ​ဆေးလိုက်မယ်​ လော​လောဆယ် အိမ်သာဘယ်နားမှာလဲဗျ"
"အော်ဟုတ် ဒီက​နေတည့်တည့်သွားပြီးဘယ်ချိုးလိုက်ပါအဲ့မှာအိမ်သာ​ရော​ရေချိုးခန်း​ရောရှိတယ်"
"ဟုတ်ကဲ့​ကျေးဇူးပါဗျ"
ဒီညီမ​လေးက တမျိုးဘဲ သူ့ကြည့်ရတာအ​ကြောက်အလန့်မရှိဘူးထင်တယ် ရုပ်ဆင်းကလဲရွက်ကြမ်း​ရေကျိုထဲကမဟုတ်ဘူးဒါမယ့်​ကြောက်စရာ​တော့​ကောင်းတယ် ကောင်းပါတယ်လေအဲ့လို​နေမှသူ့အတွက်လုံခြုံမှာ​ပေါ့
....
ကျွန်​တော်အခန်းပြန်​ရောက်​တော့အိမ်သာတံခါးကိုဆွဲပတ်ပြီးချက်ထိုးလိုက်တယ် အနံ့ကိုကစားပြီးသားပါပြန်ထွက်မဲ့အနံ့ဗျာ ထမင်းလဲမစားချင်​သေး​တော့ကုတင်​ကိုဖုန်ခါပြီးအားရပါးရလှဲချလိုက်တယ် ဘယ်ထဲကအိပ်ချင်​နေမှန်းမသိတ​ရေးအိပ်​ပျော်သွားတယ်
ဂျောက် ဂျောက်
တံခါး​ခေါက်သံလိုလိုကြား​တော့ လန့်နိုးသွားပြီးထကြည့်လိုက်တယ် အသံကတိတ်သွားတယ်ဘယ်ကလာမှန်းမသိဘူး ကျွန်​တော်လဲတချက်ဘဲ​ပြောလိုက်တယ်
"ဘယ်သူလဲ​တော့မသိဘူး​နော် ရှိရင်လည်းမ​ခြောက်ပါနဲ့ဗျာ လူလားသရဲလား​တော့မသိဘူး ကျွန်​တော့ဆီမှာဘာမှမရှိဘူးဗျ "
ပြောရင်းဆိုရင်အိတ်ကို​နေရာချပြီး ရေချိုးဖို့ထွက်သွားလိုက်တယ် ည​နေပိုင်းဘဲရှိ​သေးတယ် အထဲမှာအ​တော်​မှောင်​နေ​တာ မီးလဲမရှိဘူးလားမသိဘူး လျှောက်လမ်းမှာ​တော့မီးထားသင့်ပါတယ် ရေချိုးခန်းမီးကိုဖွင့်လိုက်​တော့နဲနဲ​တော့လင်းသွားတယ်စိတ်မချရလို့ဖုန်းမီးမှာဖွင့်ထားလိုက်တယ် ထင်တဲ့အတိုင်းဘဲ
ဂျီ ဂျီဂျီ
မီးလုံးက​တော်​တော်​ကောင်းတာကိုး အဝါ​ရောင်မီးလုံး​လေး မီးလုံး​တောင်မလဲနိုင်တဲ့ဘဝ​တွေ လဲ​ပေးဦးမှပါ
ဖုန်းမီး​လေးနဲ့ဘဲ ရေချိုးပြီးသွားတယ် ပြန်ထွက်လာ​တော့​ရေချိုးခန်းတံခါး​ရှေ့မှာ ကြောင်မဲတ​ကောင် ကျွန်​တော့ကိုကြည့်ပြီး​အော်​ပြေးသွားတယ် ဒီ​ကြောင်ငစား
ဟာကျွန်​တော့အခန်းတံခါးကပွင့်​နေပါလား ဘာမှမရှိ​ပေမယ့်လည်းကိုယ့်အခန်း​လေ တံခါးကိုတွန်းလိုက်​တော့ဘယ်သူမှမရှိဘူး စဥ်းစားစရာ​တော့ဖြစ်​နေပြီထားပါစားဝတ်​​နေ​ရေး​လောက်ဘာမှအ​ရေးမပါဘူး
ကျွန်​တော်အဝတ်စားလဲပြီး ထမင်းဆိုင်ရှာဖို့ထွက်လာခဲ့တယ်
"အကို ဘာအဆင်မ​ပြေတာရှိလို့လဲ"
"မရှိပါဘူး နေပါဦး ညီမ​လေးကဘာလို့အဆင်မ​ပြေတာရှိလဲဘဲ​မေး​နေတာလဲ ဒီမှာဘာကအဆင်မ​ပြေတာရှိ​နေလို့လဲရတယ်ပွင့်ပွင့်လင်းလင်း​ပြော"
"မ မဟုတ်ပါဘူး ဒီတိုင်း​မေးတာပါ ရှိခဲ့ရင်ညီမလဲကူညီရ​အောင်လို့ပါ ဒါနဲ့ဘယ်ကိုသွားမလို့လဲ"
"ထမင်းဆိုင်"
တကယ်ပါဗျာ စိတ်​လေတယ်တခါလာလည်း အဆင်မ​ပြေတာရှိလား နောက်တခါလည်းဒါဘဲ အဲ့တာထက်သူ့မျက်နှာက​ပြောင်းလဲတာကပိုစိတ်ဝင်စားဖို့​ကောင်းတယ် တခုခုကိုစိုးရိမ်​နေသလိုမျိုး
"အန်တီ ဘဲဥဟင်းနဲ့ဆိုဘယ်​လောက်လဲ"
"၁ထောင် ယူမှာလား "
"ဝက်သားက​ရော"
"၁၅၀၀ဘာယူမှာလည်း"
"ဝက်သား​ပေးအန်တီ "
ကျွန်​တော်ထမင်းဝယ်ပြီးပြန်လာ​တော့ လမ်းမှာ​မှောင်မဲ​နေတာဘဲ ခွေး​ဟောင်သံနဲ့ ကျွတ်သံကလွဲဘာမှမရှိဘူး
အ​ဆောင်​ရောက်​တော့ ဟို​ကောင်မ​​လေးမရှိ​တော့ဘူး ကောင်းတယ်မဟုတ်ရင်​မေး​နေဦးမှာ
ညှောင်...ဂီး...
"ဟာ ကြောင်စုတ်ဘာတုန်းဟလန့်တာ"
ကျွန်​တော့ကိုကြည့်ပြီးလန့်​ပြေးတာဗျာ ကျွန်​တော်ကသူ့ပိုလန့်တယ် သ​ကောင့်သား​တွေ့မယ်​နောက်​နေ့မှ
ဟင် အခန်းတံခါးကပွင့်​နေပြန်တယ် ပုံမှန်​တော့မဟုတ်ဘူး ဒီနားဘဲမို့တံခါး​သောမခတ်ခဲ့တာ ဂျက်ကများ​ချောင်​နေလားစစ်ကြည့်​တော့လဲမ​ချောင်ဘူး စိတ်​လေတာကွာ ထမင်းစားတာဘဲ​ကောင်းတယ်ဟင်းကပူ​နေတုန်းမို့စား​ကောင်းမှာကျွန်​တော်ကျိတ်တော့တာဘဲ ဝက်သားက၃တုံးပါတယ်ကျွန်​တော်ကဟင်းစားနဲ​တော့၁တုံးနဲ့ထမင်းကိုသာအဝစားလိုက်တယ် မနက်အလုပ်မသွားခင်စားဖို့ဟင်း၂တုံးကိုစလုံနဲ့အုပ်ထားလိုက်တယ်ပြီး​တော့အ​ပေါ်က​နေ ရေဘူးကိုထပ်ဖိထားလိုက်တယ် ခန​လောက်အင်တာနက်ကြည့်ပြီးခြင်​ထောင်​ထောင်လိုက်တယ် သိပ်​တော့အိပ်မ​ပျော်​သေးဘူး​နေ့ခင်းကအိပ်ထားတာလည်းပါ​တော့ အဲဒါနဲ့ တံခါးကို​သော့သွားခတ်လိုက်တယ် ပြီး​တော့​စောင်ခြုံပြီးမှိန်းလိုက်တယ်ဘယ်ချိန်ကအိပ်​ပျော်သွားလဲမသိဘူး အိပ်​ပျော်သွားတာ
ဟာ ဘာကြီးလဲ ထမင်းစားတဲ့​နေရာနဲ့ကျွန်​တော့ကုတင်က၂​တောင်​လောက်ဘဲကွာတယ်
ကျွန်​တော့မြင်​နေရတာ ဝက်သားဟင်းကိုစား​နေတာဗျ လူလား ဘာလား ကျွန်​တော့မလှုပ်ဘဲကြည့်​နေတယ် အခန်းတံခါးလဲပိတ်ထားတာ ခြင်​ထောင်ကပိတ်သားဆို​တော့သိပ်မမြင်ရဘူး ကျွန်​တော်ကြည့်​နေတုန်း ထသွားတယ် ဘယ်ကိုလဲ ရေချိုးခန်းဘက်ကိုဗျပြီး​တော့ကျွန်​တော်ထကြည့်ဖို့လုပ်လိုက်တယ် အဲ့ချိန်သံ​ချောင်း​ခေါက်​တော့၂နာရီ ကျွန်​တော်ထမလို့ပြင်​နေတုန်း​နောက်တ​ခေါက်ဝင်လာတယ် ရေချိုးခန်းဘက်ကဘဲလာတာဗျ ဒီတခါက​လေးအရွယ်​လေးပါလာတယ် သူ့ကိုပါ​ကျွေးတာကျွန်​တော်အသက်မရှူနှိုင်ဘဲကြက်​သေ​သေမိသွားတယ် က​လေးကအ​​မွှေး​တွေနဲ့ဝက်သားဟင်းကိုစားပြီးရီ​နေတာ ကျွန်​တော့ဒူး​တွေတုန်လာတယ် တခါမှအဲ့​လောက်မ​ကြောက်ဖူးဘူး အဲ့လူကကျွန်​တော့ခြင်​ထောင်ဘက်ကို​လျောက်လာတယ် သွားပြီကျွန်​တော့ကိုမြင်သွားပြီထင်တယ် ဘုရားတရားသံဃာ ကူညီကြပါ ကျွန်​တော့ကိုကူညီကြပါဦး ခြင်​​ထောင်ကိုလှုပ်​နေတာဗျာ ပြီး​တော့အ​ပေါ်က​နေကျွန်​တော့ကိုလည်ပင်းညှစ်​ရော ကျွန်​တော်​အော်တယ် အသံကမထွက်ဘူး ဘုရားစာရွတ်​တော့ခည်းအသံမထွက်ဘူး အဲ့ချိန်က​လေး​လေးက အော်လိုက်တယ်အသံကအရမ်းစူးတာ ကျွန်​တော့နား​တွေကွဲထွက်မတတ်ဘဲ အဲ့လူကျွန်​တော့ကိုစိုက်ကြည့်ပြီး ဝူးဝူးဝါးဝါးနဲ့​ပြောသွားတယ် ကျွန်​တော်ကြားသ​လောက်​တော့"ထွက်သွား"
ဆိုတဲ့စကားဘဲကြားတယ် ပြီး​တော့ကျွန်​တော်မမှတ်မိ​တော့ဘူး....

အပိုင်း၂ကို​နောက်ရက်တင်​ပေးပါမယ်ရှင်
ချစ်​သောreaders လေး​တွေ

Keep Reading

အမည်မရှိ ကမ္ဘာအလံဖြူဘဝတူမို့ စာနာမိတယ်ညဖွက်ထားတဲ့ကြောင်နက်ဖမ်းဆုပ်ရန် ခတ်ခဲသောအပိုင်းအစကမ္ဘာကို အလှဆင်သူစည်းတစ်ဖက်ခြားသူမို့ (အခန်းဆက် ဝတ္ထု‌ရှည်)အရောင်စုံချင်ကြသူများ (ရွှေငါးရေးတဲ့ ကဗျာထဲက ပုံပြင်များ)အိမ်နှစ် ၈၀ ကျော်က‌ဗျာတစ်ပုဒ်