ယဥ်သီရိလှိုင်(ဆောင်း)

အပိုင်း၁ပါရှင့်
ကျွန်တော့နာမည်က မျိုးမဟာနာမည်ကတော့ခပ်လန်းလန်းပေါ့အဲလယ့် စတာပါအသက်ကတော့၂၅လောလောဆယ်တော့ deliveryလုပ်တယ်နောက်လမှာနောက်အလုပ်ပြောင်းချင်ပြောင်းမယ် ဒီအလုပ်ဘဲဆက်လုပ်ချင်လုပ်မယ်ကျွန်တော့အတွက်အတည်တကျမရှိဘူး အဖေကကျွန်တော်ငယ်ငယ်ကတီဘီနဲ့ဆုံးသွားတယ် အမေကတော့ရွာမှာပေါ့ သူ့လုပ်စာသူစားနေလေရဲ့ချစ်လှစွာသောကျွန်တော့ရဲ့အမေပါ ကျွန်တော့ကိုဆယ်တန်းအထိပညာသင်ပေးပြီးကောလိပ်ဆက်တက်ဖို့ရန်ကုန်ကိုလွှတ်ပြီးကိုယ့်ပိုက်ဆံကိုရှာခိုင်းတယ်ဒီလိုနဲ့ဆက်မတက်ဖြစ်ဘဲဒီအချိန်ထိရောက်လာတာပေါ့ ပြောမယ့်သာပြောတာဗျ ကျွန်တော်က စာကတော့တော်တယ် တစ်တန်းကိုတခါဘဲဆယ်တန်းကိုလည်းအမှတ်ကောင်းကောင်းနဲ့အောင်ခဲ့တယ် ပိုက်ဆံသာရှိမယ်ဆိုရင် ကျွန်တော့ခုချိန်ဘာလုပ်နေလိမ့်မလည်း
"ဟေ့ကောင် မဟာခေါ်နေတာကို မြန်မြန်လာ ဒီအထုပ်ကိုသွားပို့ သေချာကြည့်နော်မှားမယ် ဒီတခါမှားရင်မင်းသေမယ်"
"ဟုတ်ကဲ့ပါဗျ အကိုကြီးလည်းစိတ်ဘဲနော်"
ကျွန်တော်အရင်တခါကအထုပ်မှားပို့မိလို့လစာထဲကဖြတ်ခံရတာလေ ရတာက၁သိန်းခွဲ လျော်ရတာက၇သောင်း အဲ့လိုနမော်နမဲ့နိုင်လို့ မတိုးတက်တာဖြစ်မယ် မှားပို့မိတဲ့သူကလည်းဗျာ ပိုက်ဆံရှင်းပြီးပြီဆုတော့ကျွန်တော်လည်းလက်မှတ်ဘဲထိုးခိုင်းလိုက်တာပေါ့ကျွန်တော်မှားလား နောက်တခါပိုက်ဆံသွားတောင်းတော့ ပါးရိုက်မယ် ရှင်းပြီးသားတဲ့လေသူလူလည်ကျတာကျထည့်မပြောဘူး
"အမလေးဗျ "
"sorry ပါအမ မမြင်လိုက်လို့"
"အယ်အမရရဲ့လားကျွန်တော်ကဘာမှမဖြစ်ဘူး အမရော စက်ဘီးနဲ့တိုက်မိသွားလား ပြပါဦး"
"ရတယ်မောင်လေး ဘာမှမဖြစ်ဘူးသွားပြီနော်ဂရုစိုက်"
"ဗျာ ဟုတ်ကဲ့"
လှတယ်ဗျ ချစ်စရာလေး မောင်လေးတဲ့ လေးဖြုတ်ခေါ်တော့ဘာဖြစ်မှာမို့ ဟာငါ့အထုပ် ငါ့အထုပ်ဘယ်ရောက်သွားတုန်း
ကျွန်တော် အလုပ်ဖြုတ်ခံလိုက်ရတယ် ဒီတခါတော့တကယ်ကျွန်တော့အမှားပါ ဆိုးတာကဘာအလုပ်လုပ်ရမှန်းမသိတာဘဲ အကိုကြီးကသူ့ညီမဆိုင်မှာလုံခြုံရေးအလုပ်ပေးမယ်တဲ့ လစာက၁သိန်းခွဲကိုမှနေစားငြိမ်းတဲ့ဗျကျွန်တော်အတွက်တော့ အဆင်ပြေသောပေါ့ဗျာ မူမနေတော့ဘဲလက်ခံလိုက်တယ်သဘက်ခါစဆင်းရမှာဆိုတော့ အဆောင်မှာလုပ်စရာရှိတာတွေသိမ်းစရာရှိတာတွေလုပ်ရမယ် အဆောင်ပိုင်ရှင်အန်တီ့ကိုလည်းနှုတ်ဆက်ရဦးမှာဘဲ
"အန်တီရှိလား ကျွန်တော်မဟာပါ"
"အော်မဟာ သားဝင်ခဲ့လေဘာအကြောင်းရှိသလဲ "
"မရှိပါဘူးအန်တီ ကျွန်တော်အဆောင်ပြောင်းရမှာမို့လာနှုတ်ဆက်တာအလုပ်သစ်ကအဆောင်ပေးလို့"
"ဟုတ်လား ဘယ်မှာလဲအဆောင်ကအဆင်ပြေတယ်လား "
"ဟုတ် ပြေမယ်ထင်တာဘဲဗျ အကိုကြီးသွင်းပေးတာလုံခြုံရေးပါ"
"အော်အေးအေး နေဦးနော်"
အန်တီအိမ်ထဲဝင်သွားတယ် ပြန်ထွက်လာတော့မုန့်ဗုံးတပုံးနဲ့အချိုရည်ဘူးတဘူးပါလာတယ်
"ရော့သား ယူသွားချည်"
"ဟာမလုပ်ပါနဲ့ဗျာ အားနာစရာကြီး "
"ယူပါ နောက်တွေ့ချင်မှတွေ့ရမှာ ရော့မုန့်ဖိုး နည်းတော့နည်းပေမယ် တလစာလက်ဖက်ရည်ဖိုးရတာပေါ့ ယူသွားနော် သားကိုအန်တီကကို့သားလေးလိုသဘေညထားလို့ပေးတာမငြင်းရဘူး"
မုန့်ဖိုး၁သောင်းခွဲနဲ့ မုန့်တွေပေးလိုက်တာကြောင့်အားတုံ့အားနာဖြစ်ရတယ် အဆောင်တွေထဲမှာတော့ဒီအဆောင်ကအဆင်ပြေဆုံးဘဲ ဒါမယ့်မတတ်နိုင်ဘူးလေ
အဆောင်ထိကားငှားပြီးဘဲသွားလိုက်တယ် အဆောင်ပုံစံကတမျိုးဗျ မှိုင်းမှိုင်းကြီး အကိုကြီးပြောတဲ့ဆိုင်ကအဆောင်နဲ့ကပ်ရပ်မှာရှိတယ် ထားပါဒါတွေကအရေးကြီးတာမှမဟုတ်တာ ကျွန်တော်အထုပ်တွေကိုသယ်ပြီး အဆောင်တံခါးခေါက်လိုက်တယ် ခြံကလည်းအကျယ်ကြီးဗျ ခြံတခါးတော့ခတ်မထားဘူး
"ဟုတ်ဘာများကူညီပေးရမလဲရှင့်"
"ဟို ကျွန်တော်ကလုံခြုံ"
ကျွန်တော့စကားတောင်မဆုံးသေးဘူး ကျွန်တော့အထုပ်တွေကိုလာဝိုင်းဆွဲပေးတယ်
"အာ ရပါတယ်ကျွန်တော့ဘာသာလုပ်ပါ့မယ် ပေးပါ"
"ဟုတ်ကဲ့ ဒါဆို ကျွန်မအခန်းလိုက်ပြပေးမယ်နော်"
အဆောင်က အဆောင်နဲ့မတူးဗျ အပြင်ကကြည့်ရင်တော့ ကျ၎်းမလိုလိုနဲ့ အထဲမှာမတော်တော့ကျယ်သား ဟိုတယ်သေးပုံစံမျိုးဘဲ ပုံမှန်ဆိုအားလုံးစုနေရတာ
-ကျွန်တော့နေရမယ့်အခန်းရှေ့ရောက်တော့ကျွန်တော့ကိုသော့ပိုပေးပြီး ပြန်သွားတယ်
-အခန်းတံခါးဖွင့်လိုက်တော့ တံခါးကကျွီခနဲဘဲ မသုံးတာကြာပြီထင်တယ် အခန်းကတယောက်စာအတွက်ဆိုတာထက်ပိုတာပေါ့ ကျယ်တယ်တော်တော်လေး အခန်းထဲကိုဝင်ပြီးတံခါးပိတ်လိုက်တယ် ပစ္စည်းတွေနေရာချပြီး ကိစ္စ
ရှင်းဖို့အတွက် အိမ်သာတံခါးကိုဖွင့်လိုက်တော့ အမလေးဗျာဘာနံ့ကြီးလဲ တခြားတော့မဟုတ်ဘူးဘာနံ့ဖြစ်ရမှာလဲလေကျွန်တော်ကလည်း ဒါမယ့်ဗျာအဲ့အနံ့မဟုတ်ဘူးအပုပ်နံ့လို့ထင်နေတာ ထားပါ လောလောဆယ်တော့အပြင်အိမ်သာမှာ သွားရှင်းလိုက်မယ်
"အကိုဘာဖြစ်လို့လဲ အဆင်မပြေတာများရှိလို့လား"
"အော်မဟုတ်ဘူးဗျ ကျွန်တော့အိမ်သာအနံ့ကသိပ်မကောင်းလို့ မနက်မှဆေးလိုက်မယ် လောလောဆယ် အိမ်သာဘယ်နားမှာလဲဗျ"
"အော်ဟုတ် ဒီကနေတည့်တည့်သွားပြီးဘယ်ချိုးလိုက်ပါအဲ့မှာအိမ်သာရောရေချိုးခန်းရောရှိတယ်"
"ဟုတ်ကဲ့ကျေးဇူးပါဗျ"
ဒီညီမလေးက တမျိုးဘဲ သူ့ကြည့်ရတာအကြောက်အလန့်မရှိဘူးထင်တယ် ရုပ်ဆင်းကလဲရွက်ကြမ်းရေကျိုထဲကမဟုတ်ဘူးဒါမယ့်ကြောက်စရာတော့ကောင်းတယ် ကောင်းပါတယ်လေအဲ့လိုနေမှသူ့အတွက်လုံခြုံမှာပေါ့
....
ကျွန်တော်အခန်းပြန်ရောက်တော့အိမ်သာတံခါးကိုဆွဲပတ်ပြီးချက်ထိုးလိုက်တယ် အနံ့ကိုကစားပြီးသားပါပြန်ထွက်မဲ့အနံ့ဗျာ ထမင်းလဲမစားချင်သေးတော့ကုတင်ကိုဖုန်ခါပြီးအားရပါးရလှဲချလိုက်တယ် ဘယ်ထဲကအိပ်ချင်နေမှန်းမသိတရေးအိပ်ပျော်သွားတယ်
ဂျောက် ဂျောက်
တံခါးခေါက်သံလိုလိုကြားတော့ လန့်နိုးသွားပြီးထကြည့်လိုက်တယ် အသံကတိတ်သွားတယ်ဘယ်ကလာမှန်းမသိဘူး ကျွန်တော်လဲတချက်ဘဲပြောလိုက်တယ်
"ဘယ်သူလဲတော့မသိဘူးနော် ရှိရင်လည်းမခြောက်ပါနဲ့ဗျာ လူလားသရဲလားတော့မသိဘူး ကျွန်တော့ဆီမှာဘာမှမရှိဘူးဗျ "
ပြောရင်းဆိုရင်အိတ်ကိုနေရာချပြီး ရေချိုးဖို့ထွက်သွားလိုက်တယ် ညနေပိုင်းဘဲရှိသေးတယ် အထဲမှာအတော်မှောင်နေတာ မီးလဲမရှိဘူးလားမသိဘူး လျှောက်လမ်းမှာတော့မီးထားသင့်ပါတယ် ရေချိုးခန်းမီးကိုဖွင့်လိုက်တော့နဲနဲတော့လင်းသွားတယ်စိတ်မချရလို့ဖုန်းမီးမှာဖွင့်ထားလိုက်တယ် ထင်တဲ့အတိုင်းဘဲ
ဂျီ ဂျီဂျီ
မီးလုံးကတော်တော်ကောင်းတာကိုး အဝါရောင်မီးလုံးလေး မီးလုံးတောင်မလဲနိုင်တဲ့ဘဝတွေ လဲပေးဦးမှပါ
ဖုန်းမီးလေးနဲ့ဘဲ ရေချိုးပြီးသွားတယ် ပြန်ထွက်လာတော့ရေချိုးခန်းတံခါးရှေ့မှာ ကြောင်မဲတကောင် ကျွန်တော့ကိုကြည့်ပြီးအော်ပြေးသွားတယ် ဒီကြောင်ငစား
ဟာကျွန်တော့အခန်းတံခါးကပွင့်နေပါလား ဘာမှမရှိပေမယ့်လည်းကိုယ့်အခန်းလေ တံခါးကိုတွန်းလိုက်တော့ဘယ်သူမှမရှိဘူး စဥ်းစားစရာတော့ဖြစ်နေပြီထားပါစားဝတ်နေရေးလောက်ဘာမှအရေးမပါဘူး
ကျွန်တော်အဝတ်စားလဲပြီး ထမင်းဆိုင်ရှာဖို့ထွက်လာခဲ့တယ်
"အကို ဘာအဆင်မပြေတာရှိလို့လဲ"
"မရှိပါဘူး နေပါဦး ညီမလေးကဘာလို့အဆင်မပြေတာရှိလဲဘဲမေးနေတာလဲ ဒီမှာဘာကအဆင်မပြေတာရှိနေလို့လဲရတယ်ပွင့်ပွင့်လင်းလင်းပြော"
"မ မဟုတ်ပါဘူး ဒီတိုင်းမေးတာပါ ရှိခဲ့ရင်ညီမလဲကူညီရအောင်လို့ပါ ဒါနဲ့ဘယ်ကိုသွားမလို့လဲ"
"ထမင်းဆိုင်"
တကယ်ပါဗျာ စိတ်လေတယ်တခါလာလည်း အဆင်မပြေတာရှိလား နောက်တခါလည်းဒါဘဲ အဲ့တာထက်သူ့မျက်နှာကပြောင်းလဲတာကပိုစိတ်ဝင်စားဖို့ကောင်းတယ် တခုခုကိုစိုးရိမ်နေသလိုမျိုး
"အန်တီ ဘဲဥဟင်းနဲ့ဆိုဘယ်လောက်လဲ"
"၁ထောင် ယူမှာလား "
"ဝက်သားကရော"
"၁၅၀၀ဘာယူမှာလည်း"
"ဝက်သားပေးအန်တီ "
ကျွန်တော်ထမင်းဝယ်ပြီးပြန်လာတော့ လမ်းမှာမှောင်မဲနေတာဘဲ ခွေးဟောင်သံနဲ့ ကျွတ်သံကလွဲဘာမှမရှိဘူး
အဆောင်ရောက်တော့ ဟိုကောင်မလေးမရှိတော့ဘူး ကောင်းတယ်မဟုတ်ရင်မေးနေဦးမှာ
ညှောင်...ဂီး...
"ဟာ ကြောင်စုတ်ဘာတုန်းဟလန့်တာ"
ကျွန်တော့ကိုကြည့်ပြီးလန့်ပြေးတာဗျာ ကျွန်တော်ကသူ့ပိုလန့်တယ် သကောင့်သားတွေ့မယ်နောက်နေ့မှ
ဟင် အခန်းတံခါးကပွင့်နေပြန်တယ် ပုံမှန်တော့မဟုတ်ဘူး ဒီနားဘဲမို့တံခါးသောမခတ်ခဲ့တာ ဂျက်ကများချောင်နေလားစစ်ကြည့်တော့လဲမချောင်ဘူး စိတ်လေတာကွာ ထမင်းစားတာဘဲကောင်းတယ်ဟင်းကပူနေတုန်းမို့စားကောင်းမှာကျွန်တော်ကျိတ်တော့တာဘဲ ဝက်သားက၃တုံးပါတယ်ကျွန်တော်ကဟင်းစားနဲတော့၁တုံးနဲ့ထမင်းကိုသာအဝစားလိုက်တယ် မနက်အလုပ်မသွားခင်စားဖို့ဟင်း၂တုံးကိုစလုံနဲ့အုပ်ထားလိုက်တယ်ပြီးတော့အပေါ်ကနေ ရေဘူးကိုထပ်ဖိထားလိုက်တယ် ခနလောက်အင်တာနက်ကြည့်ပြီးခြင်ထောင်ထောင်လိုက်တယ် သိပ်တော့အိပ်မပျော်သေးဘူးနေ့ခင်းကအိပ်ထားတာလည်းပါတော့ အဲဒါနဲ့ တံခါးကိုသော့သွားခတ်လိုက်တယ် ပြီးတော့စောင်ခြုံပြီးမှိန်းလိုက်တယ်ဘယ်ချိန်ကအိပ်ပျော်သွားလဲမသိဘူး အိပ်ပျော်သွားတာ
ဟာ ဘာကြီးလဲ ထမင်းစားတဲ့နေရာနဲ့ကျွန်တော့ကုတင်က၂တောင်လောက်ဘဲကွာတယ်
ကျွန်တော့မြင်နေရတာ ဝက်သားဟင်းကိုစားနေတာဗျ လူလား ဘာလား ကျွန်တော့မလှုပ်ဘဲကြည့်နေတယ် အခန်းတံခါးလဲပိတ်ထားတာ ခြင်ထောင်ကပိတ်သားဆိုတော့သိပ်မမြင်ရဘူး ကျွန်တော်ကြည့်နေတုန်း ထသွားတယ် ဘယ်ကိုလဲ ရေချိုးခန်းဘက်ကိုဗျပြီးတော့ကျွန်တော်ထကြည့်ဖို့လုပ်လိုက်တယ် အဲ့ချိန်သံချောင်းခေါက်တော့၂နာရီ ကျွန်တော်ထမလို့ပြင်နေတုန်းနောက်တခေါက်ဝင်လာတယ် ရေချိုးခန်းဘက်ကဘဲလာတာဗျ ဒီတခါကလေးအရွယ်လေးပါလာတယ် သူ့ကိုပါကျွေးတာကျွန်တော်အသက်မရှူနှိုင်ဘဲကြက်သေသေမိသွားတယ် ကလေးကအမွှေးတွေနဲ့ဝက်သားဟင်းကိုစားပြီးရီနေတာ ကျွန်တော့ဒူးတွေတုန်လာတယ် တခါမှအဲ့လောက်မကြောက်ဖူးဘူး အဲ့လူကကျွန်တော့ခြင်ထောင်ဘက်ကိုလျောက်လာတယ် သွားပြီကျွန်တော့ကိုမြင်သွားပြီထင်တယ် ဘုရားတရားသံဃာ ကူညီကြပါ ကျွန်တော့ကိုကူညီကြပါဦး ခြင်ထောင်ကိုလှုပ်နေတာဗျာ ပြီးတော့အပေါ်ကနေကျွန်တော့ကိုလည်ပင်းညှစ်ရော ကျွန်တော်အော်တယ် အသံကမထွက်ဘူး ဘုရားစာရွတ်တော့ခည်းအသံမထွက်ဘူး အဲ့ချိန်ကလေးလေးက အော်လိုက်တယ်အသံကအရမ်းစူးတာ ကျွန်တော့နားတွေကွဲထွက်မတတ်ဘဲ အဲ့လူကျွန်တော့ကိုစိုက်ကြည့်ပြီး ဝူးဝူးဝါးဝါးနဲ့ပြောသွားတယ် ကျွန်တော်ကြားသလောက်တော့"ထွက်သွား"
ဆိုတဲ့စကားဘဲကြားတယ် ပြီးတော့ကျွန်တော်မမှတ်မိတော့ဘူး....
အပိုင်း၂ကိုနောက်ရက်တင်ပေးပါမယ်ရှင်
ချစ်သောreaders လေးတွေ
Keep Reading