Author's Profile Photo

ပြာလဲ့ရီဝေ

14/09/2024

ကိုယ်ချင်းစာတရား Guilty ငွေ့ငွေ့လေး

1 min read
Personal Development
Health
General Knowledge
ကိုယ်ချင်းစာတရား Guilty ငွေ့ငွေ့လေး's photo

နိုင်ငံနေရာအနှံ ဒုက္ခကိုယ်စီတွေ ခံစားနေကြရတယ်။ အခုဆို လူက တစ်ခါတစ်ခါ ကြောင်ကြောင်ငိုင်ငိုင်လိုလို ၊ ကိုယ်နှစ်သက်တဲ့ fb post တစ်ခုကို like လုပ်ဖို့၊ love ပေးဖို့ နှိပ်ဖို့ ဟန်ပြင်ရာမှာ
တခြားသူတွေရဲ့ ဒုက္ခအခက်အခဲတွေကို တွေးမိပြီး လက်တွန့်သွားတယ်။ ဒီလိုနဲ့ အဲ့ post ကို ကျော်ဆွဲပစ်လိုက်တော့တယ်။ Guilty ပေါ့။ Guilty ခံစားနေရတာလို့ထင်တယ်။ Guilty က မကောင်းဘူးလား။

လူတစ်ယောက် ရောင့်ရဲဖို့ တင်းတိမ်နိုင်ဖို့က Gratitude လိုတယ်လို့ ထင်မိတယ်။ သေးသေးမွှားမွှားလေးကစ Gratitude ထားတက်ရင် နေရတာ ကျေနပ်နိုင်သေးစေမယ်ပေါ့။ အားဆက်တင်းထားနိုင်မယ်ပေါ့။ Gratitude တွေချည်း ဇွတ်ထားနေရင် ကိုယ့်ကိုယ်ကိုယ်ပဲ ဗဟိုပြုရာကျလွန်းမယ်လို့လည်း ထင်မိတယ်။ ဒါ့ကြောင့် Guilty ခံစားရတယ်ဆိုတာ စာနာစိတ် ၊ ကိုယ်ချင်းစာစိတ် ရှိတာကို ဖော်ပြခြင်း တစ်မျိုးလို့ တွေးမိတယ်။
ကိုယ်ချင်းစာစိတ် ၊ စာနာစိတ်ရှိတဲ့အတွက် ဖြစ်လာတဲ့ Guilty ကလည်း ပြင်းထန်လွန်းရင် ဘေးဖြစ်နိုင်တာပေါ့လေ။

ဒီတော့ Gratitude နဲ့ Guilty ကို မျှမျှတတ ခံစားနေရာပေးထားရမယ်လို့ ထင်မိတယ်။

Gratitude ကိုလည်း လွတ်မလွှတ်ဘဲ ထားပြီး
ကိုယ်ချင်းစာနာစိတ်ရဲ့ Guilty လည်း ငွေ့ငွေ့ရှိနေနိုင်ပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ်