မြသွန်း(တောင်ဒဂုံ)
?မိတ်ဆွေတို့ရေ ဒီအမျိုးသမီးကလေယာဉ်ပျံကို ခြေထောက်နဲ့မောင်းနိုင်တယ်လို့ပြောရင် ယုံနိုင်ကြမလားရှင်? အမှန်ပါပဲ.. သူမဟာ ကမ္ဘာပေါ်မှာရှိတဲ့လေယာဉ်မှူးတွေထဲက လေယာဉ်ကိုခြေထောက်နဲ့မောင်းနိုင်တဲ့တစ်ဦးတည်းသောသူဆိုရင်လည်းမမှားပါဘူး။ ကျွန်မတို့လိုသာမန်လူတွေအတွက် လေယာဉ်ကိုခြေထောက်နဲ့မောင်းဖို့မပြောနဲ့၊ ပုံမှန်အတိုင်းလက်နဲ့မောင်းနိုင်ဖို့ဆိုတာတောင် အင်မတန်ကိုခက်ခဲတဲ့အလုပ်တစ်ခုမဟုတ်လားရှင်။ ဒါမယ့်ဒီအမျိုးသမီးကတော့ လက်နှစ်ဖက်မရှိဘဲနဲ့ သန်မာကြံ့ခိုင်တဲ့ယောကျာ်းသားတွေတောင် မနည်းကြိုးစားပြီးသင်ယူနေရတဲ့ လေယာဉ်မောင်းနည်းကို သူမကခြေထောက်နဲ့တောင်မောင်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီးတော့ဒီလိုခြေထောက်နဲ့မောင်းဖို့အတွက် လိုင်စင်ကလည်းတရားဝင်ရထားပြီးသားပါ။ ဒါမယ့် ဘယ်လိုလို့ဖြစ်နိုင်မှာလဲနော်...
?သူမရဲ့နာမည်ကတော့ Jessica Coxလို့ခေါ်ပါတယ်။ တကယ်တော့ Jessica ဟာမွေးလာကတည်းက လက်နှစ်ဖက်မပါဘဲနဲ့မွေးလာခဲ့ရတာပါ။ ဒါကလည်းအင်မတန်ကိုရှားပါးတဲ့ ရောဂါတစ်ခုကြောင့်ပဲဖြစ်ပါတယ်။ သူမဟာ လူမှန်းစသိတဲ့အရွယ်ကတည်းက အရမ်းကိုဖြစ်ချင်ခဲ့တဲ့ရည်မှန်းချက်တစ်ခုရှိပါတယ်။ အဲ့တာကတော့ လေထဲမှာလွတ်လပ်စွာဝဲပျံနိုင်တဲ့ လေယာဉ်ပျံတစ်စီးရဲ့ပဲ့ကိုင်ရှင် pilot တစ်ဦးဖြစ်ဖို့ပါပဲ။ ဒါမယ့်အားလုံးသိကြတဲ့အတိုင်း ဘေးကမလိုတဲ့သူတွေကတော့ လူတစ်ယောက်ရဲ့အိပ်မက်ကိုရှေ့ဆက်မတိုးနိုင်အောင် စိတ်ဓာတ်ကျသွားမယ့်စကားတွေ အမျိုးမျိုးပြောခဲ့ကြပါတယ်။ "မဖြစ်နိုင်ဘူး၊ ကြိုးစားလည်းအလကားပဲ" စသဖြင့် Jessica ကိုဝေဖန်ခဲ့ကြပါတယ်။ Jessica ကတော့ အဲ့လိုစကားတွေကိုဂရုစိုက်ပြီးတော့ အားငယ်နေခြင်း လုံးဝမရှိခဲ့ပါဘူး။
? ဒါ့အပြင် သူမရဲ့အိပ်မက်ကိုဖြည့်ဆည်းဖို့အတွက် special classတစ်ခုကိုလည်းတက်ခဲ့ပါတယ်။ သူမဟာ အဲ့ဒီclassမှာပဲ ခြေထောက်နဲ့လေယာဉ်မောင်းနည်းကို သင်ယူခဲ့တာပါ။ ပြီးတော့အဲ့လိုသင်ယူခဲ့တဲ့အချိန်မှာလည်း အခက်ခဲပေါင်းသောင်းခြောက်ထောင်ကို ဒုနဲ့ဒေးရင်ဆိုင်ခဲ့ရပါတယ်။ ဒါမယ့်အခုလိုအခြေနေထိရောက်အောင် ကြိုးစားလျှောက်လှမ်းလာတဲ့ Jessica ကတော့ဘယ်တော့မှအရှုံးမပေးခဲ့ပါဘူး။ အဲ့လိုနဲ့မကြာခင်မှာပဲ Jessica ဟာလေယာဉ်ကိုခြေထောက်နဲ့မောင်းနိုင်တဲ့ ကမ္ဘာပေါ်ကတစ်ဦးတည်းသောလေယာဉ်မှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတော့သူမ လုပ်နိုင်တာက လေယာဉ်မောင်းတာတစ်ခုပဲမဟုတ်ပါဘူး။
? Jessica ကသူမရဲ့ခြေထောက်နဲ့ကားလည်းမောင်းနိုင်တယ်၊ ကွန်ပြူတာပေါ်မှာလည်း typing လုပ်နိုင်တယ်၊ piano လည်းတီးတတ်ပါတယ်။ ဒါ့အပြင် သူမကအခုလိုပြောပါတယ်။ "ငါမလုပ်နိုင်ဘူးဆိုတဲ့စကားကို ကျွန်မဘယ်တော့မှမသုံးဘူး။ ကြိုးစားမယ်ဆိုရင် လက်တွေမရှိလည်းဘဲ လူတွေကိုတိမ်တိုက်တွေနားထိ မတင်ပေးနိုင်ပါတယ်"လို့ဆိုထားပါတယ်။ Jessica ရဲ့ story လေးကနေကျွန်မတို့အားလုံးကို အဖိုးတန်တဲ့ messageတွေအများကြီးပေးနေပါတယ်။ တကယ်လို့ သင့်ရဲ့ရည်မှန်းချက်က ကောင်းကင်ကိုကျော်လွှားဖို့အထိဖြစ်နေပါစေ၊ ပြင်းထန်တဲ့စိတ်ဓာတ်ခွန်အားနဲ့ကြိုးစားမယ်ဆိုရင် ဘယ်အရာကမှ သင့်ကိုဟန့်တားနိုင်မှာမဟုတ်ပါဘူး။
?အခု Jessica လည်းဒီအတိုင်းပါပဲ။ သူမဟာ မွေးလာကတည်းက လက်နှစ်ဖက်မပါခဲ့တဲ့ မသန်စွမ်းတစ်ယောက်ဖြစ်နေပေမယ့်လည်း အရှုံးမပေးဘဲနဲ့ကြိုးစားပြီးတော့ "ငါက မသန်ပေမယ့်စွမ်းတယ်"ဆိုတာကို သက်သေပြသွားခဲ့ပါတယ်။ သူမဟာကျွန်မတို့လို သာမန်လူတွေထဲက လူတစ်ယောက်ပါပဲ၊ ကျွန်မတို့လို မိန်းမသားတစ်ယောက်ပါပဲ၊ ဒါ့အပြင်ချို့ယွင်းချက်တစ်ခုရှိနေတာတောင်မှ သာမန်လူတစ်ယောက်အတွက်တောင်ခက်ခဲတဲ့အရာကို လုပ်ပြသွားနိုင်ခဲ့ပါတယ်။ Jessicaလိုအားနည်းတဲ့မိန်းမသားတစ်ဦးတောင် လုပ်နိုင်သေးတာပဲ။ မိတ်ဆွေတို့ကရော ဘာကိုစောင့်နေကြတာလဲရှင်...
Keep Reading