
LY Cho

အောင်မြင်မှုပညာ၊ခေါင်းဆောင်မှုပညာ၊ဘဝသင်ခန်းစာတွေကို ခြင်္သေ့တစ်ကောင်စီမှ သင်ယူနိုင်ပါတယ်။ အခြား တိရစ္ဆာန်တွေဆီက မတွေ့နိုင်တဲ့၊ မရနိုင်တဲ့ အရည်အချင်းတွေ ခြင်္သေ့တစ်ကောင်စီကနေ သင်ယူတွေ့ရှိရပါတယ်။ ဘယ်လိုတွေ သင်ယူလို့ရလဲ ကြည့်ရအောင်...
❇️ Focus is the key.(အာရုံစူးစိုက်မှုဟာ အဓိက)
ခြင်္သေ့တစ်ကောင်အမဲလိုက်တော့မယ်ဆိုရင် ဘယ်တော့မှ ဒုန်းစိုင်းပြီး ဝရုန်းသုန်းကားမလိုက်ပါဘူး။ ပထမဆုံးသူ့ရဲ့သားကောင်ကိုအာရုံစိုက်တယ်။ ပိုင်ပြီ စိတ်ချရပြီဆိုတဲ့ အချိန်ရောက်မှ သားကောင်ကိုခုန်အုပ်ဖမ်းတယ်။ ကျွန်တော်တို့ဘဝတွေလည်း ထိုနည်းအတိုင်းပါပဲ။ အောင်မြင်မှုရချင်ရင် ကိုယ်လုပ်နေတဲ့အလုပ်ကို focusထားရပါမယ်။ကိုယ့်ရဲ့ အိပ်မက်ကိုပိုင်ဆိုင်ချင်ရင် ခြင်္သေ့လိုမျိုးအာရုံစူးစိုက်နိုင်အောင်လေ့ကျင့်ထားရမယ်။ အာရုံစူးစိုက်မှုမရှိပဲ စိတ်က ဟိုရောက် ဒီရောက်သာ ရောက်နေမယ်ဆိုရင် ကျွန်တော်တို့အိပ်မက်တွေ၊ ပန်းတိုင်တွေကို လက်လွှတ်ဆုံးရှုံးရပါလိမ့်မယ်။
❇️Try try but don't cry
ခြင်္သေ့တစ်ကောင်ဟာ အခါ(၁၀)အမဲလိုက်ရင် (၂)ကြိမ်လောက်လေးပဲ အောင်မြင်တာပါ။တကယ်လို့ သူတို့က ပထမဆုံးအကြိမ် မအောင်မြင်လို့ ဆိုပြီး "တော်ပြီကွာ၊ငါဆက်မလိုက်နိုင်တော့ဘူး" ဆိုရင် အဲ့ဒီခြင်္သေ့ငတ်ပြီး သေသွားမှာပေါ့။ဒါပေမယ့် ခြင်္သေ့တွေရဲ့ စိတ်ဓာတ်ဟာအဲ့လိုမဟုတ်ပါဘူး။သူနောက်တစ်ခါကြိုးစားတယ်။ မရဘူး၊ ထပ်ကြိုးစားတယ်။ အကြိမ်တိုင်းကြိုးစားပြီးတဲ့နောက်မှာ သူလိုချင်တဲ့သားကောင်ကိုရရှိခဲ့တာပါ။
ကျွန်တော်တို့ ဘဝတွေမှာလည်း အကြိမ်ကြိမ်ကြိုးစားပေမယ့် ဘာမှအရာမထင်သေးတာတွေ အများကြီးပါ။ ကြိုးစားရင် အောင်မြင်မှာဆိုတာ သိပေမယ့် လက်တွေ့ကျော်ဖြတ်ကြတဲ့အခါ အားပျက်အရှုံးပေးပေးလိုက်တာတွေကို တွေ့ရပါတယ်။" တော်ပြီ၊ ငါမလုပ်နိုင်တော့ဘူး၊အရမ်းပင်ပန်းနေပြီ၊ထပ်ကြိုးစားလည်း ဖြစ်လာမှာမဟုတ်လောက်ပါဘူး" ဆိုတဲ့ ညံ့ဖျင်းတဲ့အတွေးတွေနဲ့ အရှုံးပေးလိုက်ကြတယ်။
ဒါဆိုရင်တွေးကြည့်ပါ။ သင် ဒီအလုပ်ကိုလုပ်ဖို့ ဘယ်သူမှ ဖိအားပေးခဲ့တာမဟုတ်ဘူး။သင်ကိုယ်တိုင်ကောင်းမယ်ထင်လို့လုပ်ခဲ့တာမလား။ခုမပြီးပြတ်သေးတဲ့အချိန်မှာ အားလျှော့အရှုံးပေးလိုက်ရင် သင့်ကိုယ်သင် အရမ်းရှက်စရာကောင်းနေတော့မှာပေါ့။ ငါဒါကြီး အောင်မြင်ချင်လိုက်တာဆိုပြီး ပြောရုံနဲ့ "ဉုံဖွ" ဆိုပြီး အောင်မြင်မလာဘူး။ သင်ကြိုးစားမှ သင်အောင်မြင်မှာ။
လက်မလျှော့ဘဲသာ ကြိုးစားပါ။အောင်မြင်မှုက ရလာမှာပါ။ကြိုးစားရမှာသာ ကိုယ့်အလုပ်။
(ကိုယ့်အလုပ်ကို လုပ်ပါ)
✳️Do not follow the opinions of others.
(အခြားသူတွေရဲ့ ပြောဆိုမှု၊ထင်မြင်ချက်တွေကို လိုက်နာနေစရာမလိုပါဘူး)
"A sheep never leads,
A lion never follows".
သိုးတစ်ကောင်က ဘယ်တော့မှ ဦးမဆောင်နိုင်သလို ခြင်္သေ့တစ်ကောင်ကလည်း ဘယ်တော့မှ သူများနောက်ကမလိုက်ပါဘူး။ သိုးတစ်ကောင်ဟာ ဦးမဆောင်နိုင်သလို သူ့ဘဝရဲ့ရှင်သန်မှုကလည်း တစ်ခြားသူရဲ့ လက်အောက်မှာ ရှိနေတတ်ပါတယ်။ ခြင်္သေ့တစ်ကောင်မှာကျ ဘယ်သူ့ကိုမှ မလိုက်နာပါဘူး။ သူ့ဘဝရဲ့ထိန်းချုပ်မှု၊ရှင်သန်မှုဟာ သူကိုယ်တိုင်ရဲ့ လက်ထဲမှာပဲရှိနေပါတယ်။ဘယ်သွားရမလဲ၊ဘာလုပ်ရမလဲဆိုတာ သူကိုယ်တိုင်ဆုံးဖြတ်တယ်။ ဘယ်သူ့ကိုမှ ဦးမညွှတ်သလို ဘယ်သူ့စကားမှလည်း နာမခံပါဘူး။
ဒါပေမယ့် ကျွန်တော်တို့တွေက လူတွေရဲ့ထင်မြင်ချက်တွေအပေါ်မူတည်ပြီး ရှင်သန်နေကြတယ်။ ဘာလုပ်ရမလဲဆိုတာကိုလည်း သူတို့ကိုပဲမေးကြတယ်။ လုပ်သင့်လား မလုပ်သင့်လားဆိုတာ ကိုယ်တိုင်မဆုံးဖြတ်ဘဲ သူများကိုမေးကြတယ်။ ပြီးတော့ တစ်ခုခု လုပ်လိုက်ရင်လည်း လူတွေ ဘာပြောမလဲဆိုပြီး ကြောက်ရွံ့နေကြတယ်။
ဒီလိုပဲဖြစ်နေရင်တော့ သင့်ဘဝထိန်းချုပ်မှုဟာလည်း အဲ့ဒီသိုးတွေလိုပါပဲ။အခြားသူရဲ့လက်ထဲမှာ ရောက်သွားပါလိမ့်မယ်။ သူငယ်ချင်းနှစ်ယောက် television ကြည့်နေတယ်ဆိုပါစို့။ တစ်ယောက်က ဘောလုံးပွဲကြည့်ချင်တယ်၊တစ်ယောက်က drama series ကြည့်ချင်တယ်။ ဒါပေမယ့် TVမှာ နောက်မြင်မဲ့အရာက ရီမု ကိုင်ထားတဲ့လူရဲ့ လက်ထဲမှာ ရှိနေတာပါ။ တကယ်လို့ ကိုယ့်အရှေ့က လူဆီမှာ ရီမုရှိနေခဲ့ရင် သူပြတာသာကြည့်ရမှာပဲပေါ့။ ကျွန်တော်တို့ဘဝတွေမှာလည်း ထိုနည်းအတိုင်းပါပဲ။ သင့်ဘဝထိန်းချုပ်မှုကို တစ်ခြားသူကိုပေးချင်သလား၊ဒါမှ မဟုတ် ကိုယ့်လက်ထဲမှာပဲ ထားချင်သလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။
အခြားသူတွေရဲ့အကြံဉာဏ်ကိုမယူနဲ့လို့ပြောချင်တာမဟုတ်ပါဘူး။ယူပါ။မိဘတွေစီက ယူပါ။ထိုက်တန်တဲ့သူတွေစီက ယူပါ။ဒါပေမယ့် လူတိုင်းစီကနေ ယူနေစရာမလိုပါဘူး။လူတိုင်းကိုမေးနေစရာမလိုပါဘူး။သူတို့စကားကိုလည်း နားထောင်နေစရာမလိုပါဘူး။ ခြင်္သေ့တစ်ကောင်လိုနေပါ။ ကိုယ့်ဘဝရဲ့ ထိန်းချုပ်မှုကို ကိုယ့်လက်ထဲမှာပဲထားပါ။
အခြားသူတွေရဲ့ ဝေဖန်မှုတွေကို ဂရုစိုက်နေစရာမလိုပါဘူး။
✳️ Your attitude makes your different.(သင့်ရဲ့စိတ်ဓာတ်က သင့်ကို ထူးခြားစေတာပါ)
တိရစ္ဆာန်တွေထဲမှာ ခြင်္သေ့က အမြန်ဆုံးလည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်အကြီးဆုံးလည်း မဟုတ်ပါဘူး။ ဉာဏ်အကောင်းဆုံးလည်း မဟုတ်ပါဘူး။ဒါဆို သူ့ကို တောဘုရင်အဖြစ် ဘာလို့ သတ်မှတ်ကြတာလဲ။ သူ့မှာ ဘာထူးခြားမှုတွေရှိလို့လဲ။
သူ့ကို ထူးခြားစေတဲ့အရာအရာကို သိပါသလား။အဲ့ဒါကတော့ သူ့ရဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ဘဝမှာလည်း ကျွန်တော်တို့ စိတ်ဓာတ် ၊စိတ်သဘောထားဟာ မှန်နေရပါမယ်။ ထိုအရာကပဲ သင့်ကို သင့်နယ်ပယ်မှာ ဘုရင်တစ်ပါးဖြစ်နေစေမှာပါ။ ဒါ့ကြောင့် သင့်ရဲ့စိတ်ဓာတ်ကိုလည်း ခြင်္သေ့တစ်ကောင်လို အမြဲမြှင့်တင်ထားပါ။ ကိုယ့်ရဲ့အားနည်းချက်တွေအပေါ် အာရုံစိုက်နေမယ့်အစား ကိုယ့်မှာရှိနေတဲ့အရာတွေနဲ့ ကိုယ်ဘာလုပ်နိုင်မလဲဆိုတာပဲ အာရုံစိုက်ပါ။ ခြင်္သေ့တစ်ကောင်ကို သူ့ရဲ့ စိတ်ဓာတ်ကြောင့် တောဘုရင် အဖြစ်သတ်မှတ်ကြသလို သင့်ကိုလည်း သင့်ရဲ့ မှန်ကန်တဲ့စိတ်ဓာတ်၊စိတ်သဘောထားကြောင့်အနာဂတ်မှာ သင့်နယ်ပယ်က လူတွေက သဘောကျကြပါလိမ့်မယ်။
✍️ကျွန်တော်ရေးသားပေးထားတဲ့ ခြင်္သေ့တစ်ကောင်ရဲ့စိတ်ဓာတ်ကို ဖတ်ရှုလို့ရပါပြီရှင်။
ကျွန်တော့်ဆောင်းပါးလေးတွေ ဖတ်ရှုသူအပေါင်း ခြင်္သေ့တစ်ကောင်ကဲ့သို့ စိတ်ဓာတ်မျိုး မွေးမြူပြီး ဘဝကို ခွန်အားရှိရှိ ဖြတ်သန်းနိုင်ကြစေဖို့ ရည်ရွယ်ပါတယ်ရှင်။
✍️စာရေးသူ -လရောင်ချို
(15.8.2024)/Thursday
Keep Reading