Author's Profile Photo

Juno

13/08/2024

What is your Dream?

2 mins read
Personal Development
Education
18 Again

What is your Dream?

လူမှန်ရင် DREAM ရှိရတယ်တဲ့
ကျွန်မတို့ဟာ ရာထူးစည်းစိမ် ၊ ငွေကြေးဥစ္စာကြီးကြီးမားမား
ဘာမှမပိုင်ဆိုင်ထားဘူးဆိုရင်တောင်မှ အိပ်မက်အကြီးကြီးတွေကို မျှော်လင့်ချက်ကောင်းကောင်းနဲ့ ပိုင်ဖူးကြမှာပဲ။

ကျွန်မတို့ချစ်ရတဲ့ နိုင်ငံ့ခေါင်းဆောင်လည်း
သူ့ရဲ့ Dream ကို ပြောပြခဲ့ဖူးတာ အားလုံးသိကြမယ်ထင်ပါတယ်။

" My Dream is very simple.I would like my countryto be able to contribute to what something,that could change the world into a better place. I want to give my people an opportunity to prove that they can give to the world. That's my Dream!
( ကျွန်မရဲ့ အိပ်မက်ဟာ အင်မတန် ရိုးရှင်းပါတယ်။
ကျွန်မဟာ ကျွန်မနိုင်ငံက ကမ္ဘာကို ပိုကောင်းတဲ့နေရာအဖြစ်သို့ရောက်အောင် ပြောင်းလဲပံ့ပိုးပေးတာမျိုး ဖြစ်စေချင်ပါတယ်။
ကျွန်မပြည်သူတွေက ကမ္ဘာကိုပေးနိုင်စွမ်းရှိတာကို သက်သေပြဖို့ ကျွန်မရဲ့ပြည်သူတွေကို အခွင့်အ‌ရေးပေးစေချင်ပါတယ်။
အဲ့တာဟာ ကျွန်မရဲ့ အိပ်မက်ပါပဲ )

ကျွန်တော်/မ တို့မှာရော အိပ်မက်ဆိုတာ ရှိသလားဆိုတဲ့
မေးခွန်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ဖို့ လိုလာပါတယ်။
What is my dream? ( ငါ့ရဲ့အိပ်မက်က ဘာလဲ )
ငါဘာဖြစ်ချင်တာလဲ ။

ကျွန်မတို့ ငယ်ငယ်တုန်းကဆို လူကြီးတွေ မေးလေ့ရှိတဲ့မေးခွန်းက ဘာလဲဆိုရင် ကြီးလာရင် ဘာဖြစ်ချင်လဲ ၊ ဘာလုပ်မှာလဲ ။

ကြီးလာရင် အင်ဂျင်နီယာကြီးလုပ်မှာ ၊ ဆရာဝန်လုပ်မှာ ၊ စသည်ဖြင့် ပြန်ဖြေလေ့ရှိကြပါတယ်။

ကိုယ်ငယ်ငယ်ကဆရာဝန်ဆိုရင် ဆေးပဲကုရမယ်။
အင်ဂျင်နီယာဆိုရင် အိမ်ပဲဆောက်ရမယ် အဲ့လိုသိမြင်ခဲ့တာ
အဲ့တာကြောင့်မို့လိုလည်း ကြီးလာရင် ဘာလုပ်မယ်မေးတော့
ကိုယ်ဘာဖြစ်ချင်မှန်းတောင် သေချာမသိပဲ ပါးစပ်ထဲ စွဲနေတဲ့ ဆရာဝန်တွေ ၊ အင်ဂျင်နီယာ လုပ်မယ် စသဖြင့် ပြောကြတာပေါ့။

ကြီးလာမှ သိလာရတာက ဘာလဲဆိုရင်
ငါ့ဘဝအတွက် ရွေးချယ်စရာတွေက အများကြီးရှိနေတာပါလားပေါ့

ဆရာဝန်ဆိုတာ ဆေးပဲကုရမယ် မဟုတ်ဘူး ၊ ဆရာဝန်ဆိုတာ
လူနာရဲ့အခြေအနေ ၊ စိတ်ခံစားချက် ၊ သူဘယ်လိုခံစားနေရလဲ ၊
လူနာခံစားနေရတဲ့အနာရောဂါကို ဘယ်လိုကုလိုက်ရင်
အဆင်ပြေမလဲ စဉ်းစားတတ်ရတယ်။
ဆရာဝန်မှာ သူနဲ့တခြားတခြားသော သက်ဆိုင်ရာ အလုပ်တွေရွေးချယ်ပြီးလုပ်လို့ရတယ်။

အင်ဂျင်နီယာဆိုလည်း အဲ့အတိုင်းပဲ အ
ိမ်ပဲဆောက်ရတာ မဟုတ်ဘူး ၊ အိမ်ပဲဆောက်မလား၊
လျှပ်စစ်အင်ဂျင်နီယာလုပ်မလား စသဖြင့်
သူနဲ့သက်ဆိုင်တဲ့အခြားအခြားသော သက်ဆိုင်ရာ
အလုပ်တွေရွေးချယ်ပြီး လုပ်လို့ရပါတယ်။

အခုခေတ်ရေစီးကြောင်းနဲ့အညီ ရွေးချယ်စရာတွေ
အများကြီးရှိပါတယ်။
အရင်ခေတ်တခါလို ဆရာဝန်ဖြစ်မှ ၊ အင်ဂျင်နီယာဖြစ်မှ
လူရာဝင်တာ မဟုတ်တော့ပါဘူး။ အခုခေတ်ကာလက
ဖုန်းတလုံးရှိရုံနဲ့ ကိုယ့်ရဲ့အိပ်မက်တွေကို
အိမ်မှာ နေနေရင်းနဲ့တောင် အကောင်အထည်ဖော်လို့
ရနေတဲ့ခေတ်ပါ။ ကိုယ်ဘာကို ဝါသနာပါမှန်း၊
ဘာဖြစ်ချင်မှန်း မသိနေရင် လေ့လာသင်ယူမှာတွေသာ လုပ်နေပါ။
တခုခုလုပ်နေရင်းနဲ့ ကိုယ်ဘာဖြစ်‌ချင်နေမှန်းလည်း
သိလာနိုင်ရတာမျိုးတွေ ရှိတတ်ပါတယ်။
စိတ်ရှည်ပါ။

အဓိက ကိုယ့်ဖြစ်ချင်တဲ့အိပ်မက်က
ဘာလဲ ဆိုတာ သိဖို့လိုပါတယ်။

1. Dream ရှိပါ။
ကိုယ်အိပ်မက်က ဘာလဲဆိုတာ အရင်သိအောင်လုပ်ပါ။

2.ယုံကြည်မှုရှိပါ။
အိပ်မက်တွေ ၊ ရည်မှန်းလျက်တွေ ရှိနေလို့သာ တနေ့မှာ
ငါဖြစ်အောင်လုပ်ရမယ်ဆိုတဲ့စိတ် ၊ ငါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှုဟာ ကိုယ့်မှာ ရှိလာတာပါတဲ့

3. Phan B ထားပါ။
ငါက ဆရာဝန်ဖြစ်ချင်ခဲ့တာ ဒါပေမဲ့ဖြစ်မလာဘူး ၊
ဆရာဝန်ဖြစ်မလာလို့ စိတ်ဓာတ်ကျနေလို့ မရပါဘူး ။
ကိုယ့်ရဲ့ပထမ အိပ်မက်က ဖြစ်မလာရင် ဒုတိယအိပ်မက်ကို
ဆက်ပြီး အကောင်အထည်ဖော်ပါ။
၇ ကြိမ်လဲရင် ၈ ကြိမ်ထလိုက်ပါ။

နံပါတ် ၄ အနေနဲ့က‌တော့
ဆရာဖြိုးသီဟ ရေးသားတဲ့ "လမ်းပျောက်နေတဲ့လူငယ်များအတွက် " ဆိုတဲ့ ဆောင်းပါးကို အနည်းငယ် ကောက်နုတ်ဖော်ပြချင်ပါတယ်။

4. ရှုထောင့်ပြောင်းကြည့်ပါ။
Reframe လုပ်တယ်လို့ ခေါ်ပါတယ်။
တော်တော်များများ ပြောကြတာဆို “အမှားဆိုတာ မရှိဘူး၊ သင်ခန်းစာပဲ ရှိတယ်” “အခက်အခဲတိုင်းဟာ
ကိုယ့်ကို ပိုသန်မာလာစေမဲ့ အခွင့်အရေးပဲ” ဒီလိုအတွေးရှုထောင့် ပြောင်းလိုက်တာကလည်း စိတ်ဓါတ်ကြံ့ခိုင်မှုကို တည်ဆောက်တဲ့နေရာမှာ သိပ်အရေးကြီးပါတယ်။

အခက်အခဲဆိုတာကို တောင်တစ်လုံးလို မြင်လိုက်။
အောက်ခြေကနေ ကြည့်။ အမြင့်ကြီးလို့ ထင်ရတယ်။
ခပ်လှမ်းလှမ်းကို သွားပြီးမှ ပြန်ကြည့်လိုက်ရင် သေးသေးလေး ဖြစ်သွားရော။ နောက်ပြီး ဒီတောင်ကြီးရဲ့ ဘေးမှာ စိမ်းစိမ်းစိုစို
သစ်ပင်ကလေးတွေ၊ စမ်းချောင်းကလေးတွေလည်း ရှိနေတာပါလားလို့ မြင်လာလိမ့်မယ်။

သဘောက အဆင်မပြေမှုတစ်ခုခု ကြုံရတဲ့အခါ ငါ့ဒုက္ခမှ ကြီးတယ်၊ ငါပဲ ဖြစ်နေတာ၊ ဒီလိုအတွေးတွေ ဝင်တတ်ကြတယ်ဟုတ်။
ပြောမယ်ဆို တောင်အောက်ကနေ အပေါ်ကို
မော့ကြည့်နေသလိုမျိုးပဲ။

ခပ်ဝေးဝေးကနေ ကြည့်လိုက်။ ဒီအခက်အခဲဟာလည်း
ကျော်ဖြတ်လို့ရတယ် ဆိုတာ သိလာလိမ့်မယ်။
ကိုယ့်ဘဝမှာ ကောင်းတဲ့ အစိတ်အပိုင်းတွေ အများကြီး
ကျန်နေသေးပါလား ဆိုတာကိုလည်း မြင်လာလိမ့်မယ်။
ကိုယ့်တောင်ထက် မြင့်တဲ့ တောင်တွေကို
တက်နေရတဲ့သူတွေလည်း ဟိုမှာ ဒီမှာ တပုံကြီး ဖြစ်နေတာကို သတိထားမိလာပါလိမ့်မယ်။

ဒါကြောင့် Resilience ကို တည်ဆောက်ရာမှာ
Reframe လုပ်နိုင်ဖို့ကလည်း လိုအပ်ပါတယ်။

ကျွန်မတို့ဟာ ကိုယ်လိုချင်တဲ့အရာတွေကို
ဖန်တီးဖို့ ကြိုးစားရုန်းကန်းရင်း
ဘယ်အရာ‌တွေကိုပဲ ဆုံးရှုံးလာရပါစေ
ကိုယ့်ရဲ့မျှော်လင့်ချက် အိပ်မက်တွေကိုတော့ မဆုံးရှုံးအောင် ထိန်းသိမ်းထားဖို့ လိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Juno

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း