Lin Myat
ငါတစ်ယောက်တည်းမှ ကွက်ပြီးကံဆိုးတာလို့ မထင်လိုက်ပါနဲ့။သူတောင်းစားပဲဖြစ်ဖြစ် Elon Musk ပဲဖြစ်ဖြစ် လူတိုင်းအပူကိုယ်စီနဲ့၊ကိုယ့်ကိုယ်ကိုယ် အားမရခြင်းပေါင်းများစွာနဲ့ပါပဲ။လူတိုင်းအပူကိုယ်စီရှိတာမှန်သည်။သို့သော် စစ်ဘေး၊သဘာ၀ဘေးနဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံစားနေရတဲ့ ဒီနိုင်ငံက လူတွေရဲ့ အပူကတော့ စာနဲ့ပုံဖော်ပြလို့တောင် ရနိုင်လိမ့်မည်မထင်။အထူးသဖြင့် လူငယ်တွေပေါ့။လူငယ်ဘ၀ကိုလည်း ပြည့်ပြည့်၀၀မခံစားလိုက်ရသလို ခံစားနေရတဲ့အပူတွေကလည်း အသက်နဲ့မျှလိမ့်မယ်မထင်ဘူး။လူငယ်အများစုဟာ ဝါသနာ၊မိမိစိတ်အားထက်သန်ရာဆိုတာထက် ၀မ်းရေးအတွက်သာ ရုန်းကန်နေကြရတယ်။အများစုဟာ အိပ်မက်မသိ၊ရည်မှန်းချက်မရှိ ဘ၀ကို ဖြစ်သလို ရေစုန်မျှောကြပေတော့မည်။အင်တာနက်ယဉ်ကျေးမှုတွေ ထွန်းကားလာတော့ စာမဖတ်ကြတော့တာ အဆိုးဆုံးပေါ့။ဘာဖြစ်လို့လဲဆိုတော့ ဒီကာလမှာ လူတွေကစိတ်တိုလွယ်လာတယ်၊ဒေါသတွေ မထိန်းသိမနိုင်တော့ဘူး၊အသိတရားတွေနည်းလာတယ်၊စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ နည်းလာတယ်၊လမ်းပျောက်ပြီး အနာဂတ်ဝေဝါးနေတဲ့ လူငယ်တွေပေါလာတယ်။အဲ့တာတွေ အားလုံးကို ဖြေရှင်းနိုင်ဖို့ အထိရောက်ဆုံး နည်းလမ်းက စာအုပ်ဖတ်ခြင်းပါပဲ။ မှောင်မိုက်ခြင်းတွေကို စာအုပ်ဖတ်ခြင်းဖြင့် အလင်းရောင်ပေးနိုင်ပါတယ်။ဒါပေမဲ့ စာအုပ်ကို သာမကာ လျှံကာ ဖတ်ပြီး ဘာမှထူးမလာဘူးလို့တော့ မပြောနဲ့ပေါ့ရှင်။စာအုပ်ကို မေ့သလောက်ရှိမှ တစ်ခါကောက်ဖတ်တာမျိုးကလည်း သိပ်ထိရောက်မှာမဟုတ်ဘူး။နေ့စဉ် ထမင်းစားသလို၊ရေကိုသောက်ရသလို မဖြစ်မနေ စာ၁၅မျက်နှာလောက် အနည်းဆုံးဖတ်သင့်တယ်။စာဖတ်ပြီး ဘာမှမှတ်မိတာလဲမဟုတ်ဟု ဒီမှာ ပြောစရာရှိပါတယ်။စာဖတ်ခြင်းက ဘာနဲ့အသွင်တူသလဲဆိုတော့ ကျောက်မီးသွေးထည့်တဲ့ ခြင်းအကွက်ကြဲကြီးတွေနဲ့ ရေခပ်ခြင်းနဲ့ တူတယ်။တစ်ခါ၊နှစ်ခါ၊အကြိမ်ကြိမ်ခပ်တယ် ရေကပါလာမည်မဟုတ်။သို့သော် ကျောက်မီးသွေးထည့်တဲ့ ခြင်းကြီးဟာ သန့်သွားတယ်။စာဖတ်ခြင်းကလည်း အဲ့လိုပဲ။ဖတ်စမရှိရင် အကြာကြီးမှတ်မိဖို့ ပိုတောင်ခဲယဉ်းသေးတယ်။ဒါပေမဲ့ ဦးနှောက်ရဲ့တစ်နေရာမှာတော့ ကပ်ကျန်နေမှာ အသေအချာပဲ။
"စာမဖတ်တဲ့လူတိုင်းဟာ ထောင်မကျပေမဲ့ ထောင်ကျတဲ့လူတိုင်းနီးပါးဟာ စာမဖတ်ကြလို့ပဲတဲ့။ အမေရိကန်နိုင်ငံရဲ့ စစ်တမ်းတစ်ခုမှာ ထောင်ကျတဲ့သူတွေရဲ့ ၈၀%ကျော်က စာမဖတ်ကြလို့တဲ့။အခုချိန်မှာ စားဖို့တောင် အနိုင်နိုင်ဆိုတာ နားလည်ပါတယ်။ဒါပေမဲ့ ဖုန်းထဲကနေ ဖတ်လို့ရတာတွေမှ အများကြပါ။စာအုပ်အ၀ယ်နိုင်သေးရင် ဖုန်းထဲက ရှာဖတ်ကြပါ။အချိန်မရှိဘူးလို့ မညည်းပါနဲ့ တကယ်ဖတ်ချင်စိတ်ရှိဖို့ပဲလို့ပါတယ်။"အလုပ်အရမ်းများတယ်ဆိုပြီး စာမဖတ်ခြင်း သင်ကိုယ်သင် ဆုတ်ယုတ်စေခြင်းကို ဂရုမစိုက်ခြင်းပါတဲ့။စာဖတ်တဲ့သူတိုင်းဟာ မအောင်မြင်ကြပေမဲ့ အောင်မြင်တဲ့သူတိုင်းက စာဖတ်ကြတယ်ဆိုတာ မမေ့ပါနဲ့။အခုနဲ့ နောက်၂နှစ် ကွာခြားချက်ဟာ သင်ဘယ်လိုစာအုပ်တွေဖတ်နေလဲ၊ဘယ်လိုလူတွေနဲ့ပေါင်းနေလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။စာဖတ်တဲ့ သင့်သူငယ်ချင်းက သင့်ထက် အတွေးအခေါ်၊စဉ်းစားဆင်ခြင်နိုင်စွမ်း စသည့်ဖြင့် အစစအရာရာသာသွားတော့မှ သင်နောင်တမရနဲ့။မနာလိုမဖြစ်ပါနဲ့။စာဖတ်ခြင်းဟာ စိတ်ကိုတည်ငြိမ်စေတယ်၊အမှားအမှန်ကို ခွဲခြားတတ်လာမယ်၊လောကဓံရဲ့ကျည်စားမှုကို အထိုက်အလျောက် ခံနိုင်ရည်ရှိလာမယ်။စာဖတ်ခြင်းက ဒီလောက်အကျိုးတွေများနေတာမို့ အခုပဲ စာပြေးဖတ်လိုက်ကြပါနော်။ သင်အသက်တွေကြီးလာရင် သူဘေးမှာ အဖော်ပြုနိုင်တာ စာအုပ်တွေပဲရှိတာမို့ အဆင်မပြေမှုတွေကြားက စာဖတ်တဲ့အလေ့အကျင့်လေးကို မွေးမြူကြပါစို့။ ပြီးတော့ လူတော်တွေဟာ သူများအမှားတွေကနေ သင်ခန်းစာယူကြသတဲ့။လူညံ့တွေကတော့ ကိုယ်တိုင်မှားမှသာ သင်ခန်းစာယူရကောင်းမှန်းသိတယ်။လူညံ့ထက်သာ၍ဆိုးတဲ့လူကတော့ မှားမှန်းသိရက်နဲ့တောင် သင်ခန်းစာမယူတတ်ကြသူတွေပဲ။သူများအမှားတွေကနေ သင်ခန်းစာယူဖို့က စာဖတ်နေဖို့လိုတယ်။မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး ရေတိုအကျိုးထက် သံသရာကိုကြည့်တတ်သော၊သူတစ်ပါးထံက အမှားတွေမှ သင်ခန်းစာယူတတ်သော၊အနုပညာစာပေတွေကို မြတ်နိုးထားတတ်ကြသော လူများဖြစ်ကြပါစေ။
#LinMyat
#12.8.2024 10:52PM
Keep Reading