Author's Profile Photo

မိုးနှောင်းအလင်္ကာ

12/08/2024

ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး သမိုင်း (ဇာတ်သိမ်ပိုင်း)

1 min read
General Knowledge
History
ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး သမိုင်း (ဇာတ်သိမ်ပိုင်း)'s photo

ရွှေငါးကြီး၀မ်းတွင်းက မွေးဖွားတဲ့ ရွှေအဆင်းရှိပြီး ချောမောလှပတဲ့ မင်းသမီးလေးရဲ့ သားတော် ရှင်ဥဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး အကြောင်းကို စာဖတ်သူတို့အတွက် ​ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။

(ပထမပိုင်း link https://www.sarphat.com/articles/8576 )
ဒုတိယပိုင်း Link https://www.sarphat.com/articles/8649 )

ပါဋလိပုတ်ပြည် အာသောကမင်းကြီးစိုးစံစဥ်အခါက.. ဘုရင်ကြီးဟာ အရည်းကြီးတို့၏ ဆောင်ရွက်ဖွယ်ရာတွေဟာ ကိုးကွယ်ရန် မသင့်တော်ဟု ဆင်ခြင်မိကာ ဗုဒ္ဓဘာသာ ရဟန်းသံဃာ များကို ကိုးကွယ်ခဲ့လေတယ်။ ထို့နောက် ဗုဒ္ဓဘုရားရဲ့ ဓါတ်တော် မွှေတော် တွေကို ဘုရားဌာပနာ ထည့်၍ပူဇော်ကာ ဘုရားပွဲကို ၇ ရက်ရလီ တိုင်အောင် ကျင်းပမည်ဖြစ်ကြောင်းမိန့်ကြားခဲ့လေတယ်။ထိုသို့သာသနာ ပြုချိန်တွင် မာန်နတ် ကနှောက်ယှက်ဖျက်စီးတတ်ကြောင်းကို သိသောအခါ၀ယ်စိတ်မချမ်းမြေ ဖြစ်နေချိန်တွင် ရှင်ဥပဂုတ္တကြေးပြဿဒ်ကို စောင့်ရှောက်သောနဂါးမင်းဟာ ဂဋ္ဌန် မင်းရန်ကိုကြောက်၍ပုန်းရှောင်ရင်း နန်းတွင်သို့ ၀င်ချိန်နှင့်တိုးလေတယ်။ထိုအခါ နဂါးမင်းက ရှင်ဥပဂုတ္တရဟန္တာ အကြောင်းကိုလျှောက်တင်၍ အကူအညီတောင်းခိုင်းလေတယ်။

နဂါးမင်းပေးသော အကြံဉာဏ်ကြောင့် မင်းကြီးလည်း ရှင်ဥပဂုတ္တကို အကူအညီတောင်းခဲ့လေတယ်။ အလှူပွဲကျင်းပချိန်တွင် မာန်နတ် မင်းက ဤအလှူကိုငါဖျက်စီးမည် ဟိုဆိုကာ ဓားမိုး၊လှံမိုးများရွာသွန်းစေလေတယ်။ထိုအခါ ရှင်ဥပဂုတ္တဟာ ကောင်းကင်ယံသို့ စျန်နှင့်ကြွ၍ လက်တော် တစ်ချက်​ေ၀ှ့ယမ်း လောက်ယုံနဲ့ ပျောက်ကွယ်သွားတယ်။ထို့နောက် ထပ်၍ ထပ်၍ မီးမိုး၊​ကျောက်တောင်ကျောက်ခဲများကိုသွားစေသောမိုး စတဲ့ အဖျက်မျိုးစုံကိုဖန်းတီးသော်လည်း ရှင်ဥပဂုတ္တက လက်တစ်ချက်​ေ၀ှ့ယမ်း လိုက်ယုံနဲ့ ပျော်ကွယ်ခဲ့ရတယ်။ ထို့နောက် ရှင်ဥပဂုတ္တက အသင်မာနတ်မင်း အသင်နတ်မင်းကို ဒီလိုထားလို့မဖြစ်ဟုဆိုကာ ကဗန်းကြိုး ကိုဖြုတ်၍ မာနတ်လည်ပင်းကို စွပ်ချကာ ဤ ကဗန်းကြိုး သည် မာနတ်လည်ပင်းတွင် ခွေးသေကောင်ပုတ် ဖြစ်ပါစေသား။ ငါမှတပါး အခြားလူဖြုတ်၍ မပါစေသားဟု သစ္စာပြုလေတယ်။

၇ရက်မြှောက်၍ အလှူပွဲကြီးပြီးတဲ့ အခါ ရှင်ဥပဂုတ္တက
မာနတ် လည်ပင်းမှခွေးသေကောင်ပုတ်ကို ဖြုတ်ပေးလိုက်တယ်။ ထိုအခါ မာနတ်က အသင်ရဟန်း သင်က ဗုဒ္ဓသားတော်ဖြစ်ပါလျှက်နဲ့ အဘယ်ကြောင့် ကျုပ်ကို ခွင့်မလွှတ်ဘဲ ပစ်ဒဏ်ခတ်ရသနည်း။ ဗုဒ္ဓဟာ သည်းခံခြင်းကို လက်ကိုင်ထား၏ ငါ ဘုရားရှင်လက်ထပ်က လည်းကိုယ်တိုင်မြင်တွေ့ဖူး၏ ဟုပြောသည်။ ထိုအခါ ရှင်ဥပဂုတ္တက အသင်မာနတ်မင်း အသင်ဟာ မကောင်းမနတ်မင်းဖြစ်လေတယ် ငါကား ဘုရင်မင်းမြတ်ကို အလှူပွဲ မပြီးမခြင်း အဖျက်အစီးမှန်သမျှကို တားဆီးပေးမယ်ဟု ဂတိပြုခဲ့လေတယ်။ ထို့ကြောင့် ငါသင့်ကိုစိတ်မချနိုင် ထို့ကြောင့် သင့်ကိုမလွှတ်ပေးခဲ့ခြင်းဖြစ်တယ် ။ အသင်နတ်မင်း ပြောသောစကားတွင် ဂေါတမ မြတ်စွာဘုရားကို မြင်ဖူးသည်ဟု ပြောခဲ့တယ် ထို့ကြောင့် သင်၏တန်ခိုးဖြင့် ဂေါတမမြတ်စွာဘုရားပုံကို ဖန်ဆင်းပြပါလေဟု ပြောကြားလေတယ်။

ထိုအခါ မာနတ်မင်းက ကောင်းပြီ အသင်ရဟန်း ငါဘုရားပုံ တန်ခိုးဖြင့် ဖန်းဆင်းလျှင် အသင်တို့ မရှစ်ခိုး ပါနှင့်ဟု မှားကြားကာ ဖန်ဆင်းလေတယ်။ ဗုဒ္ဓ၏ ရုပ်မဆင်းမှာ အလွန်ပင် ကြည်ငြိုဖွယ် ကောင်းလွန်းတာကြောင့် ရှင်ဥပဂုတ္တက ကန်တော့ခဲ့လေရာ မာနတ်မင်းဟာ ကောင်းကင်ယံမှ ကျွမ်းပစ်ကြလေတယ်။ ထိုအခါ အရှင်ဥပဂုတ္တ အသင့်အား ငါ့ကို မရှစ်ခိုးပါနဲ့ဟု ပြောထားပါလျှက် အဘယ့်ကြောင့်ရှစ်ခိုး ရပါသနည်းဟု မေးလေတယ်။ ရှင်ဥပဂုတ္တက မာနတ်မင်း အသင့်အားရှစ်ခိုးခြင်းမဟုတ် ဗုဒ္ဓဘုရားအား ကြည်ညို၍ ရှစ်ခိုးခြင်းဖြစ်တယ်။ အသင်လည်း မကောင်းမှုများကို ရှောင်ကျဥ်ပါလောဟု မိန့်ကြားကာ သမုဒ္ဒရာအလယ် ကြေးပြဿဒ် ဆီသို့ ပြန်ကြွသွားလေတယ်။
ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး သည် ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ကြီးတစ်ဦးဖြစ်သည်။ ယနေ့အချိန်ထိ ရှိနေသေးသည်ဟုလည်းယုံကြည်ကြသည်။

# မိုးနှောင်းအလင်္ကာ

Keep Reading

Ernest Hemingway ဘဝဟာသများပျော်စရာနေ့The Gentleman in the Parlourစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ကမူး၏ကိုးကွယ်ရာအဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။ကက်ဖကာ၏လက်တွေ့ဘဝအဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်