မိုးနှောင်းအလင်္ကာ
ရွှေငါးကြီး၀မ်းတွင်းက မွေးဖွားတဲ့ ရွှေအဆင်းရှိပြီး ချောမောလှပတဲ့ မင်းသမီးလေးရဲ့ သားတော် ရှင်ဥဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး အကြောင်းကို စာဖတ်သူတို့အတွက် ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။
(ပထမပိုင်းဖတ်ရန် link...
https://www.sarphat.com/articles/8576 )
သားငယ်ဥပဂုတ္တ ဟာ ငယ်စဥ်အခါမှာပင် တောင်သေလာ တောကြီးထဲမှာ ငှက်ပစ်၊ယုန်လိုက် စတဲ့ အကုလ်အလုပ်တွေနဲ့သာ ပျော်မွှေ့နေလေတယ်။မစ္ဇျဒေ၀ီလည်းပြော၍မရနိုင်။ထို့နောက် တဖြည်းဖြည်းနှင့်အရွယ်ရောက်ရာ၀ယ် ဘရသေ့က မင်းသမီး အားခေါ်၍ ချစ်သမီး မြေးတော်လေးဟာ လူ့၀တ်ကြောင်ဘ၀နဲ့သာနေမယ်ဆိုရင် လူ့စီးစည်၊ကာမ စီးစည်မှာယစ်မူးနေ၍ပျက်စီးရပေလိမ့်မယ်။ထို့ကြောင့် မြေးတော်လေးကို ရာဇကြို ပြည် ကိုသွားရောက်၍ရဟန်း၀တ်ပါလေ ဟုမှာကြားခဲ့လေတယ်။
မစ္ဇျဒေ၀ီ မင်းသမီးလေးလည်း သားတော်ဥပဂုတ္တကို ခေါ်ယူပြီး ရာဇကြိုပြည်ကို ပြန်ခဲ့လေတယ်။ရွှေနန်းတော်ကြီးကိုရောက်တဲ့အခါ အကြောင်းစုံသိရတော့ ဖခမည်းတော် ဘုရင်ကြီးဟာ ထီးမွေနန်းမွေ ဆက်ဆံဖို့ ငါကိုယ်တော် မျိုးဆက်ရပြီဟေ့ဆိုကာ မြေးတော်ကို အိမ်စံရာထူးပေးမယ်လို့ မိန့်ကြားလေတယ်။ အဲ့ဒီအခါ မစ္ဇျဒေ၀ီ မင်းသမီးလေးက ခမည်းတော် သားတော်ဟာ လူ၀တ်နဲ့နေလို့မဖြစ်ကြောင်းပါဘုရား။သမီးတော်၏ကျေးဇူးရှင်ဘရသေ့ဟာ သားတော်က လူ့ဘ၀မှာဆိုလျှင် လူ့စီးစည်မှာ ယစ်မူးပျော်ပါးပြီး ပျက်စီးမှာဖြစ်တဲ့အတွက် ရဟန်းပြုဖို့ အသေအချာမိန့်မာလိုက်တာကြောင့် အိမ်ရှေ့စံလုပ်၍မရပါ ခမည်းတော်ဘုရားဟုလျှောက်ထားလေ၏။ ထိုသို့လျှောက်လေတော့ ဘုရင်ကြီးဟာ အမျက်ချောင်းချောင်းထွက်ပြီး တယ်သမီးတော် ငါ၏အမိန့်ကို ပြန်အာခံ ရဲရအောင် အဘယ်က သတ္တိတို့ ရှိလာသနည်း။ ဟဲ့ မူးမတ်တို့ မြေးတော်လေးကိုအပါခေါ်ခဲ့စမ်း ဟု တပါးတည်း အမိန့်ပေးလိုက်လေတယ်။
မလုပ်ပါနဲ့ ခမည်းတော်ဘုရား သားတော်လေးကို ရဟန်း၀တ် ခွင့်ပြုပါဘုရား ဟုဆိုကာ မစ္ဇျဒေ၀ီမင်းသမီးလေးက သားတော်ကို ပြန်ဆွဲထားလေ၏။ ထိုအခါ သကြားမင်းက ရာဇကြို ပြည့်ရှင်၏ လုပ်ရပ်ကြောင့် သာသနာအကျိုးကိုပျက်စေမည်ကို ငါထိုင်မကြည်နိုင်ဟုဆိုကာ ဥပဂုတ္တကို မိုးပေါ်သို့ဆွဲခေါ်သွား၍ အသင်လူသား အသင့်ကို ကျုပ်အခုပင် ပစ်ချမည်လော့။ဘုရားတရားသာ မှတ်ယူလောဟုဆိုလေ၏။ ထိုအခါ ဥပဂုတ္တဟာ ဤနတ်မင်းသည် တကယ်များငါ့အားပစ်ချလျှင် ငါသည်မုချသေရမည်အံ့။ ငါ၏ခန္ဓာကိုယ်သည်မမြဲပါတကား။ ငါ၏ခန္ဓာကိုယ်သည် ဒုက္ခကြီးပါတကား။ ငါ၏ခန္ဓာကိုယ်သည် အစိုးမရပါတကား ဟုဆိုတာ နှလုံးသွင်း၍ ရဟန္တာ ဖြစ်သွားလေတယ်။
ရှင်ဥပဂုတ္တ ရဟန္တာ ဖြစ်ခြင်းမှာပင် သမုဒ္ဒရာ ရေအောက်မှ ကြေးပြဿဒ် ပေါ်လာလေ၏။ ရှင်ဥပဂုတ္တလည်း ထိုကြေးပြဿဒ် ဟာ သူ၏ ဘ၀အဆက်ဆက်ကရေစက်ကြောင့် ပေါ်ပေါက်လာသည်ကို သိရှိကာ ထိုကြေးပြဿဒ်ပေါ်မှာစံစားတော်မူလေတယ်။ "ကဿပ ဘုရားရှင်လက်ထပ်တော်"မှာ သူဌေးသားများ ရဟန်းဘောင်သို့၀င်နေစဥ်ကာလတုံးက ဥပဂုတ္တဟာ သူဌေးရဟန်းများ လူထွက်လျှင် သင်္ကန်း ပရိက္ခရာကို ရချင်လိုသော ဆန္ဒဖြင့် ထိုသူဌေးသားရဟန်းများအား အရှင်ဘုရားတို့ ရဟန်းဘ၀ ဟာ အလွန်ဘဲ ဆင်းရဲဒုက္ခများပါလေတယ်။တပြည့်တော်သာ သူဌေးသားဖြစ်လျှင် လူ့စီးစည်ကိုကောင်းကောင်းသာခံစားပေမည်ဟု လျှောက်ထားကာ လူ၀တ်လဲရန် တိုက်တွန်းခဲ့ဘူးလေသည်။
ထိုသို့သော်အကြောင်းအရာကို ကဿပ ဘုရားရှင်ကြားသိတော်မူသော ချစ်သားရဟန်း ဤသို့သော အပြာအမူသည် ရဟန်းတို့နှင့် မလျော်ကံသော အခြင်းအရာဖြစ်၏။ထိုအပစ်ကား အလွန်ကြီးလှပေစွ ထိုသို့သောအပြစ်ကြွေးကြောင့် ချစ်သားရဟန်း သင်သည် ငါဘုရားလက်ထက်၌ ကြိုးစားအားထုပ်သောလည်း ရဟန္တာ မဖြစ်နိုင် ညီတော်ဂေါတမ လက်ထပ်လွန်၍ပရိနိဗ္ဗာန်ပြု ပြီးမှသာ သင်၏ လက်ရုံးရည် နှလုံးရည်ဖြင့် အရာရာကို ပြီးစေအံ့ဟု မိန့်ကြားလေသည်။
ထိုနောက် ချစ်သား ၏အပြစ်ကြွေးသည်က ကြီး၏ငါဘုရားလည်း မကယ်နိုင်ထို့ကြောင့် ရဟန္တာဖြစ်ချိန်တွင် သမုဒ္ဒရာအလယ်၌ကြေးပြဿဒ်ဖြင့် တစ်ဦးထဲသာ စံစားရပေမည်ဟုဟောကြားခဲ့လေသည်။ထိုအခါ ရှင်ဥပဂုတ္တသည် အရှင်ဘုရား တပြည့်တော် ဆုပန်ခွင့် ပြုပါဘုရားဟုဆိုကာ မဟာဣဒ္ဓိပါတ်တန်ခိုးနှင့်ပြည့်စုံပါစေသား။ သာသနာအဖျက်အန္တရာယ်ဟူသမျှဖယ်ရှားနိုင်သော မဟာ သာ၀က ရဟန်းဖြစ်ပါစေသား။စျန်ယဉ်၆ပါးနှင့်လည်း ပြည့်စုံပါစေသား။ဟုဆိုတာ ဆုတောင်းလိုက်ပါတော့တယ်။
ထိုသို့သော ရှေးဘ၀က ကံအကျိုးဆက်ကြောင့် ရှင်ဥပဂုတ္တသည် လူသူဝေးသော သမုဒ္ဒရာအလယ်မှာကြေးပြဿဒ်ဖြင့်သာစံမြန်းတော်မူရလေသည်။
#မိုးနှောင်းအလင်္ကာ
ဆက်ရန်ရှိသည်။(ဇာတ်သိမ်းပိုင်းမျှော်)
Keep Reading