မိုးနှောင်းအလင်္ကာ
ရွှေငါးကြီး၀မ်းတွင်းက မွေးဖွားတဲ့ ရွှေအဆင်းရှိပြီး ချောမောလှပတဲ့ မင်းသမီးလေးရဲ့ သားတော် ရှင်ဥဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး အကြောင်းကို စာဖတ်သူတို့အတွက် ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။
ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနှစ်ပေါင်း(၂၀၀) ကျော်ခန့်အချိန်က..ဖြစ်သည်။တံငါသည်တွေငါးဖမ်းသွားရင်းရွှေငါးကြီး တစ်ကောင်ကို ဖမ်းမိတဲ့ခါ။အဲ့ဒီရွှေငါးကြီးရဲ့ ၀မ်းဗိုက်မှာ အလွန်ကြီးမားတဲ့အတွက် ခွဲကြည့် တော့ ကလေးငယ်တစ်ယောက်ကိုကိုယ်၀န် လွန်ထားရကြောင်းသိရှိရသည်။တံငါသည်တွေဟာလည်း အလွန်ဘဲ ထူးဆန်းတဲ့ အတွက် ဘုရင်ကြီးဆီကို ထို ငါးဗိုက်ထဲက ကလေးငယ်ကိုဆက်သလိုက်ပါတယ်။ ဘုရင်ကြီးကလည်း ရွှေငါးကြီး ၀မ်းတွင်းကဖွားတဲ့ ရွှေအဆင်းရှိပြီး ချောမောလွန်းတဲ့အတွက် နှစ်ခြိုက်တော်မူလေသည်။မိဘုရားခေါင်ကြီးကလည်း သားသမီးမထွန်းကား တာကြောင့် မွေးစားရန်ဆုံးဖြတ်လိုက်ပြီး မစ္ဇျဒေ၀ီ လို့ အမည်ပေးခဲ့တယ်။
မစ္ဇျဒေ၀ီ မင်းသမီးလေဟာ အရွယ်ရောက်လာတဲ့အခါ အလွန်တရာ ချောမောလှပလို့နေပါတယ်။မင်းသမီးလေးက ချောမောလွန်းတဲ့ ရုပ်ဆင်းကြောင့် မာနတွေ ၀င့်၀င့်ထည်ထည်နဲ့ ရွှေနန်းတော်ကြီးမှာစံစားနေခဲ့ပါတယ်။တစ်နေ့တော့ နန်းတွင်းအစေခံ တွေကြားက ငါးဗိုက်ထဲကမွေးတဲ့ကလေးဆိုတဲ့ တီးတိုးစကားသံတွေကို မစ္ဇျဒေ၀ီ မင်းသမီးရွှေနားတော်ကို ပေါက်ကြားခဲ့ပြန်တယ်။ အဲ့ဒီအခါ အမျက်ကြီးစွာထွက်၍ ငါးကတိရစ္ဆာန် လူကိုမမွေးနိုင်၊ ငါကလူဖြစ်၏မည်သည့်နည်းနှင့်မှ ငါးကမွေးသော သားမဖြစ်နိုင် ထို့ကြောင့် ငါ၏ရှေ့တွင် ငါးဆိုသည့် အမည်နာမကိုပင် မခေါ်ကြနှင့် ငါးကိုမုန်းတယ် ဟု အမျက်ကိုရှေ့ထားပြီး မာန်မာန တတ်ကာ မိခင်ငါးမကြီးကို စော်ကားခဲ့သည်။
မိခင်ငါးမကြီးကို မာနမာန်တတ်ကာ စော်ကားခဲ့တာကြောင့် မစ္ဇျဒေ၀ီ မင်းသမီးရဲ့ ခန္ဓာကိုယ်ကနေ ငါးညှီပုတ်နံတွေ ထွက်ပေါ်လာခဲ့တယ်။မင်းသမီးလေးဟာ ထိုအပုတ်နံတွေကို ဖုံးဖို့ အမျိုးမျိုးကြိုးစားသောလည်း မည်သည့်အမွှေးနံ့သာနဲ့မျှဖုံး၍မရခဲ့ပါ။ ထိုအပုတ်နံ့ သတင်းဟာ ဖခမည်းတော် ဘုရင်ကြီးရွှေနားတော်ကို ပေါက်ကြားခဲ့တယ်။ဖခမည်းတော်ဘုရင်ကြီးကလည်း မယုံတစ်၀က်ယုံတစ်၀က်နှင့် သမီးတော် မစ္ဇျဒေ၀ီကို အခစား၀င်ခိုင်းတဲ့ အခါ အလွန်ဆိုးရွားလှတဲ့ ငါးညှီပုတ်နံကြီးဟာ သမီးတော်ကိုယ်မှ ထွက်ကြောင်းသိရှိခဲ့ရပါတယ်။ထိုအခါ ငါးညှီပုတ်နံ့ကြောင့် ငါ၏ဘုန်းတန်ခိုးတို့ ကျဆင်းမည်အံ့ ဟုတွေးထင်လျှက်။ သမီးတော်လေးကို မသိုးထမင်း၊မသိုးဟင်းတို့နှင့် အတူ မြစ်ကြောင်းတစ်လျှောက် ဖောင်ဖြစ်မျှော်စေဟု အမိန့်ချမှတ်ခဲ့လေတယ်။
မစ္ဇျဒေ၀ီ မင်းသမီးလေဟာ မြစ်ကြောင်းတစ်လျှောက်ဖောင်ဖြစ်မျှောလာခဲ့ရာ "တောင်သေလာ"အရပ်မှာ ဖောင်ဆိုက်ကပ်ခဲ့တယ်။'တောင်သေလာ'အရပ်မှာသီတင်းသုံးတော်မူတဲ့ ရသေ့တစ်ပါးနဲ့ဖိုးသူတော် တို့ဟာ ကယ်ဆယ်ထားခဲ့ပြီး ငါးညှီနံ့ထွက်သည့့် အကြောင်းအရင်းကိုပြောပြခဲ့သည်။ထိုအခါ မစ္ဇျဒေ၀ီဟာ အမှားကျူးလွန်မသည်ကို နောင်တကြီးစွာရ၍ ငါးညှီနံ ပျောက်စေရန် မည်သို့ လုပ်ဆောင်ရမည်ကိုမေးလျှောက်လေ၏။ မကောင်းသော အနံ့အသက်တို့ပျောက်စေရန် ဘရသေ့က ထမင်း၊ဟင်း များကို ချက်၍ ရေထဲကို ဖောင်ဖြင့်မျှောကာ မိခင်ငါးမကြီးအား တောင်းပန်ကန်တော့လေဟု မိန့်မှာခဲ့လေတယ်။ထိုသို့ပြုလုပ် ပြီးခြင်းမှာပင် မစ္ဇျဒေစီ မင်းသမီး၏အပုတ်နံသည်လည်းပျောက်သွားလေပြီ။
စစ်ရှုံးဘုရင်တစ်ပါးဟာလည်း တောင်သေလာ အရပ်မှာစစ်ရှောင်ထွက်ရင်း ဘရသေ့ ဆီ၌ခိုလှုံခိုက်မှာ မစ္ဇျဒေ၀ီမင်းသမီးလေးနှင့်ဆုံ၍ ချစ်ကြိုးသွယ်ခဲ့လေတယ်။တစ်နေ့တော့ စစ်ရှုံးဘုရင်ဟာ တိုင်းပြည်ကို ပြန်လည်တည်ထောင်ရန်နေရပ်သို့ပြန်သွားရခဲ့၏။ထွက်သွားပြီးမကြာမှီပင် မစ္ဇျ ဒေ၀ီ မင်းသမီးလေး မှာ သန္ဓေတည်ရှိခဲ့တယ်။ ထိုအခါ မစ္ဇျဒေ၀ီမင်းသမီးလေဟာ လွန်စွာထိတ်လန့်သွားခဲ့ပါတယ်။
လွန်ကျူးစွာနေခဲ့ခြင်းမရှိတဲ့ သူဟာ အဘယ့်ကြောင့် ကိုယ်လေးလက်၀န်ရှိသည်ကို ဘရသေးအား လျှောက်ထားသောအခါ။စစ်ရှုံးဘုရင်အပေါ် အချစ်စစ်တို့ဖြင့် ချစ်ခဲ့သည်မို့ ယခုလို ဖြစ်ရကြောင်းကိုရှင်းပြ၍ မင်းသမီးတုန်းကလည်း ငါးမကြီးဗိုက်ထဲက မွေးဖွားလာခဲ့သည်မဟုတ်လားဟု ပြောကြားကာ အလွန်ထူးခြားတဲ့ ဖြစ်ရပ်ဆန်းလည်း ဖြစ်တာကြောင့်။ ထိုသို့သော ထူးဆန်းစွာတည်ရှိလာသော ကလေးဟာ ဘုန်းတန်ခိုးအရာ ထူးမြတ်လိမ့်မယ်လို့ဟောကြားခဲ့တယ်။
မစ္ဇျဒေ၀ီ မင်းသမီးလေးမီးဖွားချိန်မှာ နတ်ဒေ၀ များမှ ၀မ်းဆွဲသည်အယောင်ဖန်ဆင်း၍မီးဖွားပေးခဲ့သည်။အဲ့ဒီနောက်ဘရသေ့က သားယောကျ်ား ကလေးငယ်ကို ဥပဂုတ္တလို့ အမည်ပေးခဲ့လေတယ်။
#မိုးနှောင်းအလင်္ကာ
Keep Reading