SarPhat Author
မနေ့ကတော့ အားလုံးသိတဲ့အတိုင်း အမျိုးသမီးများနေ့ဆိုတော့ ကျွန်တော်တို့ အမျိုးသမီး Startup Founder တွေလည်း မြန်မာပြည်မှာ အများကြီးတွေ့လာရပါတယ်။ သို့သော် နိုင်ငံတကာက ဒေတာကို ပြန်ကြည့်တဲ့အခါ Tech Startup တွေကို တည်ထောင်သူ Founder တွေအများကြီးထဲမှာ အမျိုးသမီးဦးရေ တော်တော်နည်းပါးနေသေးတာကို တွေ့ရတယ်။
S&P 500 ဆိုတဲ့ Stock Exchange က Company တွေရဲ့ Founder တွေထဲမှာ အမျိုးသမီးဦးရေက (၈) % လောက်ပဲရှိတယ်။ ၁၀၀ မှာ (၈) ယောက်ပေါ့။ ဒိတ်ဒိတ်ကြဲ Startup Accelerator အဖွဲ့အစည်းဖြစ်တဲ့ Y-Combinator မှာဆိုရင်လည်း (၉) % လောက်ကပဲ အမျိုးသမီး Startup Founder တွေဖြစ်တယ်။ Startup Genome ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ထုတ်ပြန်ချက်အရဆိုလည်း အမျိုးသမီး Founder ဦးရေက (၁၅) % သာရှိတယ်လို့တွေ့ရတယ်။
ဆိုလိုရင်းက ဘယ် Research Paper ကိုပဲ ဖတ်ဖတ်။ အမျိုးသမီး Startup Founder ဦးရေက နည်းနေသေးတာကို ထင်ထင်ရှားရှားတွေ့ရတယ်။ ဘာကြောင့်လဲ။ ကျွန်တော့်အမြင် အချက် (၃) ချက်ကို ရှာတွေ့တယ်။
(၁) ငယ်ငယ်တည်းက Culture အရေးကြီးတယ်လို့ မြင်တယ်။
ကျွန်တော်တို့ ဟိုးငယ်ငယ်လေးထဲက ပတ်ဝန်းကျင်က ပုံဖော်လာကိုကြည့်ရင် ကလေးတစ်ယောက် သစ်ပင်တက်တာတို့၊ အသစ်အဆန်းတစ်ခုခု စလုပ်တာတို့ဆို ယောကျားလေးပဲ ချကွ။ လုပ်ကွ။ အားပေးပေမဲ့ မိန်းကလေးတွေကိုကျ ဒီလိုမလုပ်ရဘူး။ မိန်းကလေးဆိုတာ ဒီလိုနေရတယ်။ စသဖြင့် ဘောင်ခတ်လိုက်တဲ့အခါ အသက်ကြီးတဲ့အခါ Risk ယူရမှာ ကြောက်လာတတ်တယ်။ ဒါကြောင့် ရှင်သန်ရတဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ယောကျား၊ မိန်းကလေးကြားမှာရှိတဲ့ လူမျိုး၊ ယဉ်ကျေးမှုတစ်ခုချင်းအလိုက် Culture က အမျိုးသမီး Startup Founder တွေအတွက် တစ်နည်းတစ်ဖုံ အကျိုးသက်ရောက်မှု ရှိနေနိုင်တယ်။
(၂) ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အိမ်ရှင်မတာဝန်။
မိန်းကလေးဆို အိမ်မှုကိစ္စလုပ်၊ အိမ်ရှင်မတာဝန်ကြေရမယ်။ အိမ်ကိုထိန်းသိမ်းစောင့်ရှောက်တဲ့ တာဝန်၊ ထမင်း၊ ဟင်းချက်တာကအစ တာဝန်တစ်ခုလို ဖြစ်လာတဲ့အတွက် အသစ်အဆန်းတစ်ခုခုစလုပ်ဖို့၊ Startup ၊ Tech အသစ်သစ်စလေ့လာဖို့ အချိန်မပေးနိုင်ဘူး။ တစ်ဖြည်းဖြည်းနဲ့ အိမ်မှုကိစ္စတွေကြားမှာ လုံးပန်းရင်း အချိန်ကုန်မှန်းမသိ ကုန်သွားတတ်တာကို ကျွန်တော်တို့ သတိပြုဖို့ လိုအပ်တယ်။
(၃) နောက်ဆုံး လုံလောက်တဲ့ အားဖြည့်ထောက်ပံ့မှု။
ကျွန်တော်သဘောကျတဲ့ Venture Capital အမျိုးသမီးတစ်ယောက်ရှိတယ်။ သူဆို အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် Fundraising ရဖို့ အတော်လေး ကြိုးစားလိုက်ရတယ်လို့ Interview တစ်ခုမှာ ကြည့်လိုက်ရတယ်။ ဒါကြောင့် သူက Venture Capital တည်ထောင်နိုင်တဲ့အခါ အမျိုးသမီး Founder တွေကို ဦးစားပေး ရင်းနှီးမြှုပ်နှံလေ့ရှိကြောင်းပြောပြထားတယ်။ ဟုတ်ပါတယ်။ လုံလောက်တဲ့ အားဖြည့်ထောက်ပံ့မှုရှိဖို့ကလည်း အရေးကြီးတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ အခုနောက်ပိုင်းဆို အမျိုးသမီးနဲ့ပတ်သတ်တဲ့ Networking Event တွေ၊ ပွဲတွေ၊ ဟောပြောပွဲတွေ အများစုတွေ့လာရတာတော့ အနာဂတ် အမျိုးသမီး လူငယ် Startup Founder တွေအတွက် ကောင်းမွန်တဲ့အရွေ့တစ်ခုလို့ ယူဆတယ်။ တကယ်တော့ အမျိုးသမီး Startup Founder တစ်ယောက်။
အထူးသဖြင့် Tech နယ်ပယ်မှာဆို အခြား Peer Pressure တွေအကြား ကိုယ်ယုံကြည်ရာကို
ဆက်လျှောက်ဖို့ဆိုတာ ထင်မလောက်မလွယ်ပါဘူး။ သူငယ်ချင်းတွေထဲမှာ အမျိုးသမီး Startup Founder တွေရှိရင် Support ပေးပါ။ We really appreciate for those women startups founder who keep innovation for society !!
#womenentrepreneurs
Keep Reading