Author's Profile Photo

SarPhat Author

29/02/2024

ကျွန်တော်မုန်းသောကျွန်တော်ချစ်ရတဲ့သူ

1 min read
Personal Development
ကျွန်တော်မုန်းသောကျွန်တော်ချစ်ရတဲ့သူ's photo



ကိုယ်ချစ်နေတဲ့သူကကိုယ်မဟုတ်တဲ့တခြားတယောက်ကိုချစ်နေတာကိုသိလိုက်ရတဲ့အချိန်ကကျွန်တော့်ကိုခဏတာသေဆုံးသွားစေသောအချိန်ပဲ

သူ့ကိုပြောပြလို့မရအောင်ကိုချစ်ခဲ့မိတာပါဗျာ

သူ့ကိုမြင်နေရချိန်ကျွန်တော့်မျက်နှာအလိုလိုပြုံးလာတယ်၊စိတ်ညစ်စရာရှိရင်တောင်မှပေါ့
သူနဲ့စကားပြောချိန်ဆိုသွားသုံးဆယ့်နှစ်ချောင်းလုံးကိုမြင်ရတယ်
သူပြုံးရင်ကျွန်တော်အလိုလိုပြုံးမိတယ်

သူကျွန်တော်ရှေ့ကဖြတ်သွားရင်တောင်လေ
သူ လမ်းချိုးသွားမှကျွန်တော့်မျက်နှာလွှဲခဲ့တာပါ

သူကကျွန်တော်မဟုတ်တဲ့အခြားလူနဲ့စကားပြောနေရင်တောင် ကျွန်တော့်ရင်မှာကမ္ဘာပျက်လို့ပါ

သူနဲ့ကျွန်တော်ကသင်တန်းအတူတက်နေတာလေ
သူတို့အဆောင်ကလည်းတလမ်းကျော်မှာပဲ
ဇာတ်လမ်းတွေထဲကလို ညဆို
သူ့အဆောင်ရှေ့သွားပြီးသီချင်းဆိုပြချင်သား
သူကတည်တည်ငြိမ်ငြိမ်နဲ့ရင့်ကျက်တဲ့သူမှသဘောကျတာတဲ့
ကျွန်‌ေတာ်သွားပြီးသီချင်းဆိုရင် တမျိုးမြင်မှာစိုးလို့ ကျွန်တော်မသွားခဲ့ပါဘူး


အမုန်တိုင်းပြောရရင်တော့
သူနဲ့ကျွန်တော်ကသူငယ်ချင်းပါ၊

သူကိုတခါတော့ဖွင့်‌ေပြာဖူးတယ်၊
သူရဲ့အဖြေက

သူအချစ်ကြောင်းမစဉ်းစားချင်သေးဘူးတဲ့၊အချစ်ဆုံးသူငယ်ချင်းလိုပဲနေရအောင်တဲ့



ခုကျတော့
သူကရည်းစားရလုဆဲဆဲဖြစ်နေပြီ
အဲတယောက်ကကျွန်တော့်ထက်ပိုချောပိုခန့်တယ်လေ၊အရပ်ကလည်းတောင့်တောင့်ဖြောင့်ဖြောင့်၊ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေ
သူကြိုက်သွားရင်လည်းကြိုက်သွားမှာပေါ့

ဒီနေ့တောင်သူတို့နှစ်ယောက်စားသောက်ဆိုင်မှာမျက်နှာချင်းဆိုင်ထိုင်နေတာတွေ့ခဲ့သေးတယ်



ကျွန်တော်မုန်းတယ်

သူ့ကို

ဘာလို့လဲ


ကိုယ်မဟုတ်တဲ့တခြားလူတယောက်နဲ့ချစ်သူဖြစ်လို့လား

ကျွန်တော် ကြားဖူးတာရှိတယ်
အချစ်ဆိုတာ ရယူခြင်းလည်းမဟုတ်သလို
သူပျော်နေတာကိုကြည့်နေရရင်ကိုပျော်နေရတာပါတဲ့


သူကကိုယ်မဟုတ်တဲ့သူကိုချစ်လည်း
ကျွန်တော်ကတော့ဆက်ချစ်နေဆဲပါဗျာ

ဘာလို့မုန်းတာလဲ

သူ့ကိုကျွန်‌ေတာ်ဆက်ချစ်နေအုံးမယ်ဆိုရင်

သူ....
ကျွန်တော်မဟုတ်တဲ့
ကျွန်တော်ထက်သာတဲ့
တခြားလူကိုရွေးချယ်ဖို့
ကျွန်တော့်ကိုအားနာနေမှာစိုးတယ်
သူအဲ့တယောက်ကိုချစ်ချင်ရင်ချစ်ပါစေ


သူက သူ့ကိုcontrolလုပ်တာမကြိုက်ဘူး

သူ ခုရက်ပိုင်းပုံစံပြောင်းလာတယ်

အရင်က ရိုးရိုးလေးဝတ်တဲ့သူ
ခုတော့ စမတ်ကျကျ၊စတိုင်ကျကျနဲ့ပေါ့

အချစ်ကလူကိုပြောင်းစေတယ်ဆိုရင်
သူအချစ်နဲ့တွေ့သွားပြီပေါ့

သူတွေ့တဲ့တယောက်ကကျွန်တော်ဖြစ်ရင်သိပ်ကောင်းမှာပဲဗျာ





ချစ်ရင်ချစ်တဲ့အ‌ေကြာင်း ပွင့်လင်းစွာပြောလိုက်ပါ
ကိုယ်မပြောခဲ့ရ‌ေလခြင်းဆိုပြီ နောင်တရနေမှာထက် အငြင်းခံရတာမှ ပိုပြီအဆင်ပြေပါတယ်



ကျွန်တော်ကတော့ချစ်တဲ့‌အကြောင်းတွေပြောခွင့်ရလို့ကျေနပ်ပါတယ်


သူကသူငယ်ချင်းဆိုလဲသူငယ်ချင်းပေါ့
ကျွှန်တော်ကတော့အရင်တိုင်းပဲဆက်ပြီးချစ်ပေးဂရုစိုက်‌ေပးနေမှာပါ





အရမ်းချစ်မိသွားတာကိုဗျာ...........






သူ



Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်