SarPhat Author
ကျွန်တော့်သူငယ်ချင်းအတွဲပါ။
ကောင်လေးကဗုဒ္ဓဘာသာ၊ကောင်မလေးကခရစ်ယာန်လေ။
သူတို့အတွဲကတကယ့်အားကျစရာအတွဲပါ။
အလုပ်ကလည်းအတူတူပဲဆိုတော့တနေ့ကို8နာရီလောက်အမြဲတွေ့နေရတာ
ထမင်းစားချိန်ဆိုလည်းတယောက်နဲ့တယောက်ဟင်းထည့်ပေးရတာနဲ့ ကြည်းနူးစရာလေးပါတစ်ပတ်တခါ ရုံးပိတ်ရက်တွေမှာလည်း လျှောက်လည်လိုက်၊ကော်ဖီဆိုင်ထိုင်လိုက်နဲ့ တကမ္ဘာလုံးသူတို့နှစ်ယောက်ပဲရှိနေသလိုပဲ။
ကောင်လေးကအနေအေးတယ်၊တရားစာအုပ်ဖတ်ရတာနှစ်သက်တယ်၊ ကျွန်တော်တို့နဲ့လည်း ဘုရားကြောင်းတရားကြောင်းဆွေးနွေးတယ်။ သူကကျွန်တော့်ကို သောတပန်ဖြစ်အောင်နေနည်းတွေလည်းပြောပြတယ်။ ကျွန်တော်ကလည်း သူမှာ့ရည်းစားရှိပြီး သောတပန်ဖြစ်အောင်နေခိုင်းနေတာ သောတပန်အဆင့်မှာ တဏှာ၊ လိုချင်တပ်မက်မှုတွေမပါဘူးလာလို့မေးဖြစ်ခဲ့တယ်။
သူဖြေတာရှင်းရှင်းလေးပါ---
သောတပန်ဆိုတာ 5ပါးသီလုံပြီး စိတ်ကောင်းထားနိုင်ရင်ရပြီတဲ့။
ဒီလို ဘာသာတရားကိုင်းရှိုင်းသူနဲ့ ချစ်သူဖြစ်နေတဲ့ကောင်မလေးက----
ထာဝရဘုရားသခင်ကိုယုံကြည်တယ်၊ခရစ်တော်ကိုလက်ခံတယ်။
သူတို့တွေကသိပ်ချစ်ကြတာတဘဝလုံးစာအတွက်ပေါ့။သစ္စာလည်းရှိကြတယ်။ ရန်ဖြစ်ခြင်းလည်းမရှိဘူး၊ပြသာနာပေါ်လာလည်းသူ့ဘက်ကိုကိုယ့်ဘက်ညှိပြီးနားလည်ပေးကြတယ်။
ပြီးခဲ့တဲ့တခေါက်ကတော့ သူတို့နှစ်ယောက်ရန်ဖြစ်တာကိုရှားရှားပါးပါးတွေ့ရတယ်။
ပြသာနာကဘာလဲ-----
သူတို့ကလက်ထပ်ဖို့ထိရည်ရွယ်ပြီးသားပါ။ အမှန်တိုင်းပြောရရင်တော့
ကောင်လေးကလည်းသူ့ဘာသာဘက်ကိုကောင်မလေးကိုပြောင်းစေချင်တယ်။ဒီလိုပဲကောင်မလေးကလည်းပြောင်းစေချင်တယ်။သူတို့ကကိုယ့်ဘက်ကိုပဲပါအောင်ဆွဲချင်နေကြတာ။
ဒီချိန်မှာသူတို့ရဲ့ နားလည်ပေးနိုင်စွမ်းတွေက အရာမထင်တာလား
ဘယ်လိုလဲသူတို့ကလမ်းခွဲလိုက်ကြမှာလား(အများကအားကျရတဲ့သူတို့အတွဲလေး----)
သူတို့ပြသာနာဖြစ်တာ၁လကျော်လောက်ကြာတယ်။ အဲအတောအတွင်း သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအေးစက်လာတယ်၊ ရုံးမှာလည်း အလုပ်ကိစ္စကလွဲရင် ဘာအပိုစကားမှမပြောဖြစ်တော့ဘူး၊တပတ်တခါအပြင်ထွက်လည်တဲ့ကျွန်တော့်သူငယ်ချင်းလည်း ရုံးပိတ်ရက်ဆိုအဆောင်မှာပဲ အချိန်ဖြုန်းနေတော့တယ်။
ညဆို Vcခေါ်ပြီးညဉ့်နက်မှအိပ်တဲ့သူက စောစောအိပ်နေတော့တယ်။
ကျွန်တော့်သူငယ်ချင်းကိုသနားတယ်။သူခံစားေနရတာကုိမျက်မြင်ေတွ့ေနရသလိုပဲကောင်မလေးလဲခံစားရမှာပါပဲ။
အမှန်တကယ်ချစ်ရဲ့သားနဲ့ ဘာသာရေးဆိုတဲ့ဝေါ်ဟာရ တခုကြောင့် သူတို့ရဲ့ relationship ကိုမပျက်စီးစေချင်ဘူး။ကျွန်တော့် အမှန်တကယ်ကြားဝင်ဖြေရှင်းပေးချင်ပါတယ်။ဒါမဲ့သူတို့ခံယူချက်သဘောထားကသာလျှင်အဓိကဖြစ်နေတာပါ။
ဗုဒ္ဓကလည်းလူတိုင်းကိုချစ်သလို၊ ထာဝရဘုရားကလည်းလူတိုင်းကိုချစ်သလို ကျွန်တော်တို့လည်းလူမျိုးဘာသာမရွေးချစ်ကြိုက်ခွင့်ရှိပါတယ်။
လူတယောက်က လူတယောက်ကိုအမှန်တကယ်ချစ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ချစ်မိပြီဆိုလည်း ဘယ်လိုအရာကမှ မတားဆီးနိုင်ပါဘူး၊ရှင်ကွဲနဲ့သေကွဲမှာတောင် သေကွဲကိုပဲရွေးကြမှာပါ။
သူတို့အချစ်ဇာတ်လမ်းလေးကဇာတ်သိမ်းကောင်းပါတယ်။သူတို့အမှန်တကယ်ချစ်မိခဲ့ကြလို့ပါ။
သူတို့တွေတလလောက်အဆက်ပြတ်နေခဲ့ပေမယ့်သူတို့ရဲ့နှလုံးသားထဲမှာချစ်ရသူကိုအမြဲသိမ်းဆည်းထားဆဲပါ။
လူတိုင်းမှာကိုယ့်ခံယူချက်နဲ့ကိုရှင်သန်ခွင့်ရှိပါတယ်။သူတပါးရဲ့ရွေးချယ်ပိုင်ခွင့်ကိုမတားဆီးသင့်ဘူးဆိုတာ သူတို့ကောင်းစွာနားလည်ခဲ့ကြပါတယ်။
ဘာသာရေးကသူတို့အတွက် အတားဆီးသဖွယ်ဖြစ်ခဲ့သော်လည်း ချစ်ခြင်းမေတ္တာဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။
ဒီပြသာနာဖြစ်ပြီးမှ သူတို့တွေပိုပြီးချစ်တတ်၊ဂရုစိုက်တတ် နဲ့ နားလည်ပေးလာကြပါတယ်။ ဘေးနားရှိ ကျွန့်တော်အတွက်တောင် မျက်စိဆံပင်မွေးစူးလာပါတယ်။
ဤအကြောင်းအရာရေးသားရာတွင်မည့်သည့်ဘာသာမှထိခိုက်စေလိုချင်မရှိပါ။
ချစ်ခြင်းမေတ္တာသည်အရာအားလုံးကိုအောင်နိုင်ကြောင်းပြောပြလိုခြင်းဖြစ်သည်။
Keep Reading