Min Khant (Verse)
မောင်မောင်ဆိုတာက ကျွန်တော့်သူငယ်ချင်း၊ အမြဲတမ်း သူ့ကြည့်လိုက်ရင် ခေါင်းရှုပ်နေတယ်၊ စိတ်ရှုပ်နေတယ်၊ သူ့အခန်းကလည်း အမြဲတမ်းပွေပွနေတာပဲ။ သူမို့နေတတ်တယ်။
တစ်နေ့တစ်နေ့ အိပ်ရာကနေထလာရင် ဂိမ်းဆော့၊ ဖုန်းသုံး၊ ဘဝမှာ မယ်မယ်ရရရယ်လို့ အလုပ်လည်း ကောင်းကောင်းမလုပ်ဘဲ နေ့တိုင်း အရာရာကိုအပြစ်တင်စိတ်နဲ့ ရှေ့ဆက်နေတဲ့ အသက် ၂၀ ဝန်းကျင်ကောင်လေးတစ်ယောက်ပေါ့။
တစ်နေ့တော့ သူ ရုံးတစ်ရုံးမှာ အလုပ်လုပ်ရတယ်၊ အစကတည်းက သူကိုယ်တိုင်က နေပုံထိုင်ပုံက ပေစုတ်စုတ်နဲ့လေ၊ သူလုပ်ရတဲ့ရုံးက အမြဲ သပ်သပ်ရပ်ရပ်နဲ့ သွားလာရတဲ့အလုပ်၊ ကံကောင်းတယ်ပြောရမှာပဲ၊ သူ့လိုလူကို ဘယ်ရုံးကများအလုပ်ခန့်သလဲပေါ့။
နောက်ပိုင်းသူလည်း ရုံးအလုပ်နဲ့ မနက် ၉ ညနေ ၅ နာရီသွားလာနေရတော့ ကျွန်တော်နဲ့ သိပ်မဆုံဖြစ်ကြတော့ဘူး။ တစ်နေ့ သူ့ရုံးပိတ်ရက်၊ ပြီးတော့ သူ့မွေးနေ့ပေါ့။ ကျွန်တော်တို့ ဆုံဖြစ်ကြတယ်။
ဆူးလေနားတစ်ဝိုက်က လက်ဖတ်ရည်ဆိုင်မှာပေါ့၊ ဆူးလေရဲ့ ညနေခင်းအလှနဲ့ ကိုယ့်မွေးနေ့ကိုယ်တိုင် မေ့နေတဲ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်။
လိုက်ဖတ်လှပါတယ်၊ ဆူးလေအလှကလွမ်းစရာ၊ ကျွန်တော့်သူငယ်ချင်း မှိုင်နေပုံက အသည်းလက်လက်ဆက်ဆက်ကွဲထားတဲ့ သူလိုပါပဲ။
တွေ့တာက ၁၅ မိနစ်လောက်ရှိနေပြီ၊ သူကတော့ ဆူးလေအလှကိုငေးနေတုန်း၊ စိတ်ထဲမှာလည်းပျော်ပုံမရဘူး၊ ကျွန်တော်တောင်သူနဲ့ ဆူးလေအလှကြား လွမ်းချင်လာသလိုလိုဖြစ်ရသေးဗျ။
နောက်တော့ စောင့်ရတဲ့ကျွန်တော်ကစိတ်မရှည်တော့ဘူး၊ စားပွဲခုံကိုပုတ်ပြီး ' ဟေ့ကောင် မောင်မောင်၊ မင်းဘာဖြစ်နေတာလဲ၊ ဒီနေ့မင်းမွေးနေ့ဆိုတာရော မှတ်မိသေးလား'
ကျွန်တော်ပြောလိုက်မှပဲ အဲ့ကောင်သတိပြန်လည်လာတယ်၊
' အော် အေးသားကြီး၊ ငါနည်းနည်းစိတ်တွေပင်ပန်းပြီး ဘယ်အရာမှအဆင်မပြေလို့ပါကွာ၊ ငါ့မွေးနေ့ကလည်း ဘာအရေးလဲ အသက်တစ်နှစ်ကြီးသွားတယ် ဒါပါပဲ၊ ငါကနေမြဲတိုင်း၊ ဘယ်အရာမှပြောင်းလဲမသွားပါဘူး' တဲ့။
သူ့လေသံက ခပ်ပျော့ပျော့၊ အရင်ကဆိုပေါ့ပေါ့ပါးပါးနဲ့ နေတတ်တဲ့ မောင်မောင်က အတည်ကြီး အဆင်မပြေနေတာပဲပေါ့၊ ကျွန်တော်တောင်တွေးမိလာတယ်။
' နေပါအုံး၊ သားကြီးရ မင်းကဘာတွေအဆင်မပြေလို့လဲ ငါ့ကိုပြောလေ၊ ငါမင်းကိုနည်းနည်းအကြံညဏ်လေးဘာလေးပေးလို့ရတာပေါ့မဟုတ်ဘူးလား' ဆိုတော့ မောင်မောင်က တစ်ချင်ကျွန်တော့်ကိုကြည့်တယ်။
' အေး ဒီလိုကွာ ငါရုံးမှာအလုပ်လုပ်ရတယ်၊ ရုံးက မနက် (၉) နာရီသွား၊ ညနေ (၅) နာရီပြန်၊ အိမ်ပြန်ရောက်တော့လည်း ငါ့မှာ တခြားဘာလုပ်ရမှန်းမသိ၊ တစ်နေ့တစ်နေ့ ရုံးကနေပြန်ရောက်ရင် Facebook သုံး၊ ဂိမ်းဆော့၊ TikTok ကြည့်ပြီးရင်အိပ်၊ မနက်ကျလည်းဒီတိုင်းလည်ပတ်နေရတယ်'
'ငါကြာတော့ နေရတာမပျော်တော့ဘူး၊ စိတ်ပင်ပန်းမှုတွေပိုရလာတယ်၊ အလုပ်လုပ်ရတာလည်း ဘာအတွက်လုပ်နေရမှန်းကိုနားမလည်တော့ဘူး၊ ငါတကယ်စိတ်တွေပင်ပန်းနေပြီ၊ အရာအားလုံးလွှတ်ချချင်နေပြီ' ဆိုပြီးကျွန်တော့်ကိုပြောလာတယ်။
' အေးပါ၊ ဒါငါနားလည်တယ်၊ ဘာလို့ဆို ငါကိုယ်တိုင်လည်းခံစားဖူးခဲ့လို့ပဲ၊ ငါလည်း မင်းလိုပါပဲ အရင်အချိန်တွေတုန်းက ငါစာရေးတယ်၊ တခြားငါဝါသနာပါတာတွေတော့လုပ်နေပေမယ့် ငါအတော်လေးခက်ခဲခဲ့တာမျိုးတွေကြုံရတယ်၊ ငါဆက်မသွားချင်တော့ဘူး၊ အိမ်ကအမေတို့ပြောသလိုပဲ အလုပ်လေးဝင်၊ လခလေးယူ၊ ပြီးရင်အိမ်ထောင်လေးပြု၊ အရမ်းလွယ်ကူတဲ့ ဘဝထဲပဲခြေစုံပစ်ဝင်ချင်တော့တယ်၊ ငါလည်းမင်းလိုပဲ ငါ့ကောင်၊ ဒါမဲ့ ငါမင်းကိုတစ်ခုပြောပြမယ်'
ကျွန်တော်ပြောတာကို သေချာနားထောင်နေတယ်၊ သူ့အတွက် စိတ်ပင်ပန်းမှုတွေဖြေဖျောက်နိုင်ဖို့ ထွက်ပေါက်တစ်ခုခုလိုနေမယ်လို့ကျွန်တော်ထင်တယ်။
'အေးပြောလေ ငါတကယ်မင်းကိုအားကိုပါ့မယ်၊ ဒါကြောင့်လည်း ငါ့မွေးနေ့ မင်းကိုပဲခေါ်လိုက်တာ၊ တခြားသူငယ်ချင်းတွေတောင်ငါမခေါ်ဘူး'
'အေး ငါတို့တစ်ခါတလေ အရာအားလုံးလွှတ်ချပြီး နေလိုက်တာက အဖြေမဟုတ်ဘူး၊ တကယ်တော့အဲ့တာက ငါတို့ကအသုံးမကျလို့ပဲ၊ တကယ်လို့သာ မင်းက အဲ့အလုပ်ထွက်လိုက်မယ်၊ ဘာမှမကြိုးစားတော့ဘူး၊ အံကြိတ်ပြီးရှေ့မဆက်တော့ဘူးဆို မင်းအိမ်က အမေ မင်းပေါ်ထားတဲ့မျှော်လင့်ချက်တွေပါ မင်းကလွှတ်ချလိုက်တာ'
' အေး မင်းပြောတာဟုတ်ပါတယ်၊ ဒါမဲ့ ငါအရမ်းပင်ပန်းနေပြီ ငါစိတ်ထွက်ပေါက်မရတော့ဘူး၊ ငါဘယ်လိုနေသင့်လဲ' မောင်မောင်က ကျွန်တော့်ကိုမျှော်လင့်ချက်မျက်လုံးလေးတွေနဲ့ မေးတယ်။
' အေး တကယ်တော့ငါတို့ဆက်ပြီး သယ်ဆောင်သွားရမယ်၊ ငါတို့ချစ်တဲ့သူတွေကောင်းကောင်းနေနိုင်ဖို့၊ ငါတို့ယူထားတဲ့ တာဝန်တွေကို ငါတို့လွှတ်ချလိုက်ဖို့မလိုဘူး၊ ဒါမဲ့ စိတ်ပင်ပန်းလာရင် ဒါလေးကိုတော့ ငါသတိရစေချင်တယ်'
' ဘာလဲ သားကြီး ' မောင်မောင်ကမေးတယ်။
' ကျေးဇူးတင်တတ်တဲ့စိတ်၊ ကျေးဇူးတရားကို ငါမမေ့စေချင်ဘူး၊ မင်းမှာအဆင်မပြေတာတွေများတာမှန်တယ်၊ ဒါမဲ့ အဆင်မပြေတာတွေများစွာထဲကနေမှ မင်းအတွက်၊ မင်းဘဝအတွက် ကျေးဇူးတင်ဖို့ရှိနေသေးတဲ့ ကောင်းတဲ့အရာတွေကို မင်းမမေ့ထားသင့်ဘူး၊ နေ့တစ်နေ့စပြီဆိုတာနဲ့ မင်းဘာတွေ တွေးဖြစ်လဲ '
ကျွန်တော်က မေးလိုက်တယ်။
' ငါ င
Unlock to read this premium article with 100 points.