Author's Profile Photo

SarPhat Author

13/12/2023

Book review

2 mins read
Personal Development
Book Review
18 Again
Book review's photo

ဘာသာပြန်သူ၏အမှာစာ?
၂၀၂၀ကာလနဲ့နောက်ပိုင်းတွေမှာ ကျွန်တော်တို့တွေ အခက်အခဲပေါင်းစုံ၊ဘဝအနိမ့်အမြင့် အတက်အကျမျိုးစုံနဲ့ ကြုံတွေ့ခဲ့ကြရတယ်။ ခွဲခွာခြင်းတွေ၊လမ်းခွဲရခြင်းတွေ၊အပြီးတိုင်နှုတ်ဆက်ရခြင်းတွေအပြင် နေထိုင်ရတဲ့ အသိုက်အဝန်းဆီက ဖိအားပေါင်းများစွာကို နေ့စဉ်နှင့်အမျှ ခံခဲ့ကြရပါတယ်။ကျွန်တော်လည်း အရင်ကတော့ အခြားအခြားသောအရာတွေကို ကိုယ့်အတွေးကိုယ့်အမြင်ထက် ပိုအလေးပေး ထည့်သွင်းစဉ်းစားပြီး ကိုယ့်ဘဝ၊ကိုယ့်ဆုံးဖြတ်ချက်၊ကိုယ့်အပြုအမူတွေကို အလိုက်တသင့်ပြောင်းလဲနေထိုင်ခဲ့ပါတယ်။ ပြောင်းလဲရင်းပြောင်းလဲလာလိုက်တာ ကျွန်တော်ဟာကျွန်တော်မဟုတ်တော့ပဲ အခြားသူတွေစိတ်တိုင်းကျအောင်နေဖို့ ကြိုးစားနေခဲ့တဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်။ ကျွန်တော့်ရဲ့True selfဟာ တိမ်မြုပ်နေခဲ့တယ်ဆိုပါတော့။ကျွန်တော်ဟာ ပင်ပန်းမှန်းမသိပင်ပန်းနေခဲ့ပါတယ်။

ဒီစာအုပ်ထဲမှာ မစ်ဂယ်က ပြောထားပါတယ်။တိရစ္ဆာန်လေးတွေကို မွေးမြူကြသလို ကျွန်တော်တို့တွေလည်း ပြုစုပျိုးထောင်အမွေးမြူခံကြရသူတွေပါတဲ့။တစ်နည်းပြောရရင် ကျွန်တော်တို့တွေက မိဘတွေ လူကြီးတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ပုံစံကွက်လေးထဲမှာ ချပေးထားတဲ့အတိုင်း ကြီးပြင်းလာကြရသူတွေပေါ့။အသက်ကြီးလာတော့လည်း ပုံစံခွက်ထဲကနေ ရုန်းမထွက်မိတော့ပဲ ဒီတိုင်းပဲဆက်နေသွားကြတော့တယ်။ဒီတော့ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပုံစံလေးတွေအတိုင်း ဘဝမှာ ရှင်သန်နေထိုင်နိုင်ခဲ့ကြပါရဲ့လား။ကိုယ့်အတွက်တွေးကြည့်စရာ၊ကိုယ့်အတွက်မေးကြည့်စရာလေးပါ။

✨ပြုစုပျိုးထောင်ခြင်းနဲ့လောက✨

ပြင်ပအိပ်မက်က ကျွန်တော်တို့ရဲ့ အာရုံကိုဖမ်းစားနိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့သဘောမတူဘူးဆိုရင် အဲဒီအချက်အလက်တွေကို ကျွန်တော်တို့သိမ်းဆည်းထားကြမှာမဟုတ်ပါဘူး။ကျွန်တော်တို့သဘောတူလိုက်တာနဲ့တစ်ပြိုင်နက် ကျွန်တော်တို့အဲဒါကို ယုံကြည်လိုက်ကြတယ်။ဒါကိုယုံကြည်မှုလို့ခေါ်ပါတယ်။ယုံကြည်မှု ရှိဖို့ဆိုတာက ချွင်းချက်မရှိ အကြွင်းမဲ့ ယုံကြည်လိုက်ဖို့ပါပဲ
ရလဒ်ကတော့ သဘောတူလက်ခံလိုက်ခြင်းနဲ့ပဲ ယုံကြည်ချက်တွေကို လက်မြှောက်အရှုံးပေးလိုက်ဖို့ပဲ ရှိပါတယ်။

ကျွန်တော်တို့ဟာ တစ်ပါးသူတွေရဲ့ ချစ်ခြင်းမေတ္တာကို လက်ခံဖို့ လိုအပ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ လက်ခံပြီး မချစ်နိုင်ကြဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်လာလေလေ၊ကိုယ့်ကိုယ်ကိုယ် ပြန်အနိုင်ကျင့်တာမျိုးနည်းပါးလာလေလေပါပဲ။ကိုယ့်ကိုယ်ကိုယ် အနိုင်ကျင့်တာက ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ခြင်းက မြစ်ဖျားခံလာပြီး ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ခြင်းက ပြီးပြည့်စုံခြင်းလို့ အဓိပ္ပာယ်ရတဲ့ ပုံရိပ်ဖြစ်တည်ခြင်းက မြစ်ဖျားခံလာပါတယ်။အဲဒီစံနှုန်းကို တိုင်းတာတာမျိုးလည်း ဘယ်တော့မှမလုပ်ကြပါဘူး။ကျွန်တော်တို့ရဲ့ပြီးပြည့်စုံမှုပုံရိပ်က ကိုယ့်ကိုယ်ကိုငြင်းပယ်ရတဲ့အကြောင်းအရင်း၊ကျွန်တော်တို့ကိုယ့်ပုံစံကို ကိုယ်တိုင်လက်မခံရခြင်းအကြောင်းအရင်း၊အခြားသူတွေရဲ့ ပုံစံကို ကျွန်တော်တို့ လက်မခံရခြင်းအကြောင်းအရင်းဖြစ်ပါတယ်။

? အိပ်မက်သစ်ရဲ့ရှေ့ပြေး?
သင်ကိုယ်တိုင်၊အခြားသူတွေ၊သင့်ရဲ့ဘဝအိပ်မက်၊ဘုရားသခင်၊လူ့အဖွဲ့အစည်း၊သင့်ရဲ့မိဘတွေ၊သင့်ရဲ့အိမ်ထောင်ဖက်၊သင့်ရဲ့ကလေးကို ပေးထားတဲ့ သဘောတူညီချက်တွေ ထောင်ပေါင်းများစွာရှိပါတယ်။ဒါပေမယ့်အရေးအကြီးဆုံး သဘောတူညီချက်တွေက သင့်ကိုယ်သင် ပေးထားတဲ့ သဘောတူညီချက်တွေဖြစ်ပါတယ်။ဒီသဘောတူညီချက်တွေမှာ သင်ကဘယ်သူ၊သင်ခံစားနေရတာဘာ၊သင်ယုံကြည်တာနဲ့ ဘယ်လိုပြုမူရမယ်ဆိုတာတွေကို သင့်ကိုယ်သင် ပြောပြထားတယ်။ရလဒ်ကတော့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးလို့သင်‌ခေါ်တဲ့ အရာပါပဲ။ဒီသဘောတူညီချက်တွေမှာ သင်က "ဒါကငါပဲ၊ ဒါကငါယုံကြည်တဲ့အရာ။တစ်ချို့အရာတွေကို ငါလုပ်နိုင်တယ်။တစ်ချို့အရာတွေကို ငါမလုပ်နိုင်ဘူး။ဒါကတော့အစစ်အမှန်၊ဒါကတော့ စိတ်ကူးယဉ်၊ဒါကတော့ ဖြစ်နိုင်တယ်၊ဒါကတော့ မဖြစ်နိုင်ဘူး။" ဆိုထားပါတယ်။

ကျွန်တော်တို့ရဲ့သဘောတူညီချက်တွေက ကျွန်တော်တို့ရဲ့ဘဝကိုအုပ်စိုးနေတာကို သိမြင်နေရပြီးကျွန်တော်တို့ရဲ့ဘဝအိပ်မက်ကိုမကြိုက်နှစ်သက်ဘူးဆိုရင် သဘောတူညီချက်တွေကိုပြောင်းလဲဖို့လိုပါတယ်။ နောက်ဆုံးမှာကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့သဘောတူညီချက်တွေကို ပြောင်းလဲဖို့အသင့်ဖြစ်တဲ့အခါ ကြောက်ရွံ့မှုနဲ့ ကျွန်တော်တို့ရဲ့စွမ်းအင်ကို ကုန်ဆုံးစေမယ့် အဲ့ဒီသဘောတူညီချက်တွေကို ချိုးဖျက်ဖို့ ကျွန်တော်တို့ကိုအကူအညီပေးမယ့် အားအလွန်ကောင်းတဲ့သဘောတူညီချက်လေးခုရှိပါတယ်။

✓ပထမသဘောတူညီချက်
?စကားအမှား ကင်းစင်ပါစေ
✓ဒုတိယသဘောတူညီချက်
?ဘာကိုမှ ကိုယ့်အပူ ကိုယ့်ကိစ္စ မလုပ်ပါနဲ့
✓တတိယသဘောတူညီချက်
?ရမ်းသမ်းကောက်ချက်မချပါနဲ့
✓စတုတ္ထသဘောတူညီချက်
?အမြဲတမ်း အကောင်းဆုံး လုပ်ပါ

ကျွန်မတို့ဟာ ကိုယ်ပိုင်ပုံစံလေးကိုမေ့ပြစ်ထားကြပြီး တစ်ဖက်သားသူ ကျေနပ်အောင်၊တစ်ဖက်သားသူ ချစ်အောင် ကိုယ်နဲ့မအပ်စပ်တဲ့ အပြုအမူတွေကို လုပ်ယူကြရပါတယ်။ဒီစာအုပ်ကလေးကိုဖတ်ပြီးတဲ့အနောက်မှာ ကိုယ့်ရဲ့ကိုယ်ပိုင်ပုံစံ‌ကဘာလဲဆိုတာသတိထားမိလာကြမှာပါ။ကျွန်မတို့ဟာ တစ်ဖက်သားသူပျော်ဖို့၊တစ်ဖက်သားသူချစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာမှာဖွက်ထားမိမှန်းတောင်မသိကြပါဘူး။ဆရာ့ရဲ့ဒီစာအုပ်လေးဟာကျွန်မတို့ရဲ့ ကိုယ်ပိုင်ပုံစံလေးကဘယ်လောက်အရေးပါကြောင်းသိရှိသွားစေပါတယ် ။ကျွန်မတို့ရဲ့ မှားယွင်းတဲ့ဘဝနေထိုင်မှုပုံစံကိုလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။"စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ လူ့စိတ်နဲ့သက်ဆိုင်ပါတယ်၊ကိုယ့်ပုံစံနဲ့ကိုယ် တကယ်ဖြစ်ခွင့်ရတာကလွတ်လပ်မှုပါပဲ"လို့ စာရေးသူကဆိုထားပါတယ်။ဒီစာအုပ်လေးကနေပြီး ကျွန်မတို့ရဲ့ပုံစံအမှန်ကိုရှာဖွေကြည့်ကြရအောင်။ဒီစာအုပ်လေးကို ပိုင်ဆိုင်ခွင့်ရလို့ ဆရာထက်ဘုန်းရှိန်ကိုလည်း ကျေးဇူးအရမ်းတင်မိပါတယ်။

#မင်းရဲ့ကိုယ်ပိုင်ပုံစံလေးအတိုင်းသာ
#TheFourAgreementsAPracticalGuideToPersonalFreedom
#ထက်ဘုန်းရှိန်(ဘာသာပြန်သည်)
#ByDonMiguelRuiz




Keep Reading

အာရုံစူးစိုက်မှုCambridge English Examစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးအချိန်ဆွဲတာကိုကုစားမယ် အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း