SarPhat Author
အကယ်၍များ ကျွန်မ 18နှစ်အရွယ်ပြန်ဖြစ်ခွင့်ရမယ်ဆိုရင် ဒါဟာ ကျွန်မအတွက်တော့ ဆုလာဘ်ကြီးတခုပါပဲ သေချာပါတယ် ကျွန်မအရမ်းပျော်နေမိလိမ့်မယ် ဘာကြောင့်လဲ? မေးရင်ကျွန်မမှာတိကျတဲ့အဖြေတွေရှိပါတယ်။လူဆိုတာအမှားနဲ့မကင်းကြတာမို့ကျွန်မမှာလဲ 18နှစ်အရွယ်တုန်းက အတွေးအမှားတွေဆုံးဖြတ်ချက်အမှားတွေအများကြီးရှိခဲ့ဖူးပါတယ်။
ကျွန်မ18နှစ်အရွယ်လူငယ်တစ်ယောက်သာပြန်ဖြစ်မယ်ဆိုရင် ပထမဆုံး ကျွန်မအဖြစ်ချင်ဆုံးက မိဘတွေရဲ့
"လောင်းရိပ်" အောက်ကနေ ရုန်းထွက်
ဖို့ပါပဲ ။
ကျွန်မက ပန်းချီဆွဲရတာကြိုက်တယ်။ စာအုပ်တွေကို အရမ်းသဘော
ကျတယ်။ ဘာသာစကားတွေသင်ချင်
တယ်။ခရီးသွားရတာတွေကိုလဲကြိုက်ပါတယ်။
"လောင်းရိပ်" ဆိုတာစကားလုံးနှစ်လုံးထဲပေမဲ့သိပ်ဆိုးဝါးတဲ့အရာပါ။
အဲ့ဒီအရာက အိမ်မက်တွေ ဖြစ်ချင်တဲ့
ဆန္ဒတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။
ရှေးရိုးစွဲဆန်ပြီးအစိုးရိမ်ကြီးတတ်တဲ့မိဘတွေလက်အောက်မှာ အိမ်ထဲတင်နေခဲ့ရရင်းကျွန်မရဲ့ လူငယ်ဘဝတွေ အိမ်မက်တွေပျောက်ဆုံးခဲ့ရပါတယ်။
18နှစ်အရွယ်ဆိုတာအများတကာတွေ လူငယ်ပီပီ ရဲရဲရင့်ရင့်လှလှပပနဲ့ သင်တန်းတွေတက်ကြ အလုပ်တွေလုပ်ကြနဲ့ ဘဝမှာအားမာန်အပြည့်ဆုံးအတက်ကြွဆုံးအရွယ်ဖြစ်နေကြပေမဲ့ကျွန်မအတွက်တော့ လူတောမတိုးအပေါင်းအသင်းမိတ်ဆွေနည်းလာပြီး ပညာရှာဖို့အခွင့်အလမ်းတွေပါပိတ်ခဲ့ရပါတယ်။
ကျွန်မအတွက်ပိုပြီးကံမကောင်းစေတဲ့အချက်က ကျွန်မ18နှစ်အရွယ်မှာ Online သင်တန်းတွေ ပေါ်ဖို့ဝေးလို့ အိမ်တအိမ်မှာ ဖုန်းတစ်လုံးစီကိုင်နိုင်ဖို့ကို မလွယ်တဲ့အခြေအနေပါ ယနေ့ခေတ်လို ကိုယ့်အိမ်ကနေ ပညာရပ်တွေမျိုးစုံကို စိတ်ကြိုက်လေ့လာလို့ရတာမျိုးမရှိသေးတဲ့အတွက်ပညာတွေ သင်ယူဖို့အခွင့်အလမ်းလဲအရမ်းပဲနည်းပါးခဲ့ပါတယ်။
ယခုအချိန်မှာ ကျွန်မနဲ့သက်တူရွယ်တူတွေထက် ကျွန်မကခြေတလှမ်းမက အဆပေါင်းများစွာနောက်ကျကျန်ခဲ့ပါတယ်။ ကျွန်မ18နှစ်အရွယ်သာပြန်ဖြစ်ခွင့်ရရင် ကျွန်မရဲ့အိမ်မက်တွေအမှန်တကယ်ဖြစ်လာနေလောက်ပြီလို့ ယုံကြည်ပါတယ်။
ဒုတိယအချက်- ကျွန်မရဲ့အားနာတတ်တဲ့စိတ် ပျော့ညံ့တဲ့စိတ်ကိုပြင်ချင်ပါတယ်။ အဲ့ဒီစိတ်တွေဟာ
လက်ခံယူရတဲ့သူအတွက် ကောင်းရင်ကောင်းပါမယ် အဆုံးသတ်မှာတော့ ကျွန်မတို့ပဲ နစ်နာခဲ့တာများပါတယ်။ ဒါကြောင့်ကျွန်မ18နှစ်အရွယ်ပြန်ဖြစ်ခွင့်ရမယ်ဆိုရင် ကိုယ့်ရဲ့အတွေး ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ ချပြပြောဆို
ရဲပြီး စိတ်ခံစားချက်ကိုဦးစားမပေးပဲတိကျမှန်ကန်ပြတ်သားတဲ့လူတစ်ယောက် ဖြစ်ချင်ပါတယ်။
တတိယအချက်- ကျွန်မ 18နှစ်အရွယ်သာပြန်ဖြစ်ခွင့်ရမယ်ဆိုရင် အချိန်ကို ကောင်းကောင်းအသုံးချနိုင်ချင်ပါတယ်။အရင်က မသိခဲ့ပေမဲ့ အခုအချိန်မှာ အချိန်ရဲ့ တန်ဖိုးကို ကျွန်မ တကယ်နားလည်ခဲ့ပါတယ်။ အခုခေတ်လူငယ်တွေ နိုင်ငံတကာထိရင်ဘောင်တန်းတိုးဆန့်နေတာတွေမြင်တော့ အားကျလေးစားစိတ်တွေဖြစ်မိသလို
မိမိကိုယ်ကိုအားမရစိတ်တွေဖြစ်ပြီး ကိုယ့်အမှားကိုယ်လဲပြန်မြင်လာပါတယ်။
ကျွန်မတို့တစ်ယောက်ချင်းစီမှာအချိန်24နာရီရတာချင်းအတူတူ ရလာဒ်တွေဘာကြောင့်မတူတာလဲဆိုရင် အဖြေကရှင်းပါတယ်အသုံးချပုံချင်းလဲမတူလို့ပါပဲ။
ကျွန်မအပါအဝင် လူအတော်များများဟာ Social Mediaပေါ်မှာ အနည်းဆုံး တရက်ကို အချိန်နှစ်နာရီ အလဟာသဖြုန်းတီးပစ်တတ်ကြပါတယ်။(ဒါဟာSocial Mediaတခုထဲတင်ပါ ကျန်တဲ့အချိန်ဖြုန်းနည်းတွေနဲ့လဲ
ကျွန်မတို့အားလုံး အချိန်ဖြုန်းခဲ့ဖူးမှာပါ)
သေချာပြန်တွေးကြည့်ရင်ကုန်သွားတဲ့အချိန်တွေအရမ်းနှမျောစရာကောင်းတဲ့အပြင် ကြာမြင့်စွာ ဖုန်းသုံးတဲ့အတွက် နောက်ဆက်တွဲ ကျန်းမာရေး စီးပွားရေးလူမှု့ရေးပြသနာတွေပါ ကျွန်မတို့ကြုံရနိုင်ပါတယ်။
အဲ့ဒီအချိန်တွေကိုသာ အကျိုးရှိရှိ
အသုံးချနိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့တွေလဲသေချာပေါက်ဒီထပ်ကောင်းမွန်တဲ့ဘဝတွေကိုရနေကြမှာသေချာပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ ကျွန်
မအတွက် အရေးအကြီးဆုံးအရာတစ်ခုဖြစ်သလို ကျွန်မ18နှစ်အရွယ်ပြန်ဖြစ်ခွင့်ရရင် အပြုပြင်ချင်ဆုံးလဲဖြစ်ပါတယ်။ အဲ့ဒါကတော့ ကျွန်မနဲ့မိသားစုတွေကြားကဆက်ဆံရေးပါ။လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်မသိပ်ပြီးသတိမထားမိတဲ့မိသားစုတွေရဲ့တန်ဖိုးကို 10စုနှစ်တခုနီးပါးရောက်လာတဲ့အခုချိန်မှာ ကျွန်မတန်ဖိုးထားတတ်လာပါတယ်။
ကျွန်မ18နှစ်အရွယ်တုန်းက အနေ
အေးတယ်ဆိုပေမဲ့ ကလန်ကဆန်လုပ်ရပ်အချို့ကတော့လူငယ်ပီသစွာ
ရှိခဲ့ပါတယ်။ ကျွန်မ့အတိုင်းအတာနဲ့
ကျွန်မပုန်ကန်နိုင်သလောက်ပေါ့လေ။
ကျွန်မနဲ့မိဘအတွေးအမြင်မတူတဲ့
အပေါ်မှာ စေတနာကိုစော်ကားမိတာတွေ မိသားစုရဲ့ချစ်ခြင်းတွေကို တန်ဖိုးမထားမိတာတွေရှိခဲ့ဖူးပါတယ်။ဒါတွေ
ကအခုချိန်ပြန်တွေးရင်ကျွန်မအရမ်းနှမျောမိပါတယ်။
မိဘတွေရဲ့တင်းကျပ်တဲ့အုပ်ထိန်းမှု့ကြောင့်ကျွန်မအတွက် နစ်နာခဲ့တာ
တွေရှိသလို ကျွန်မရဲ့ရသလောက်ဆန့်ကျင်တတ်တဲ့ဂျစ်ကန်ကန်ဗီဇကြောင့်လဲ မိသားစုတွေကြား မအေးချမ်းစေခဲ့တဲ့ အတွက်လဲ အဲ့ဒီအချိန်တွေကို ပြန်ပြင်ဆင်ခွင့်ရမယ်ဆိုရင် ဒီထပ်ပိုပျော်စရာကောင်းတဲ့မိသားစုဖြစ်လာနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။
18နှစ်အရွယ် လူငယ်တစ်ယောက်
ပြန်ဖြစ်ခဲ့ရင်ဆိုတဲ့စိတ်ကူးအောက်မှာ
ကျွန်မရော စာဖတ်သူတို့ရော ပြန်ပြင်ဆင်ချင်တဲ့အရာတွေ အိမ်မက်တွေ
အတွေးတွေဒီထပ်ပိုပြီးအများကြီးရှိနေလိမ့်မယ်လို့ထင်ပါတယ်။
ကျွန်မတို့ပတ်ဝန်းကျင်မှာ ကျွန်မတို့တွေထက် ပညာတွေပိုတတ် ဝင်ငွေ
တွေ အခွင့်အလမ်းတွေပိုကောင်းပြီး
သာယာတဲ့မိသားစုဘဝမှာပျော်ရွှင်နေကြတဲ့ကျွန်မတို့ထက်ငယ်ရွယ်သူတွေ သက်တူရွယ်တူတွေလဲအများကြီးရှိနိုင်ပါတယ်။
အဲ့ဒီလူတွေက ကျွန်မတို့ထက်
ဘာကြောင့် ပိုသာနေတာလဲ? ကျွန်မတို့
ကအရမ်းညံ့ဖျင်းနေလို့လား?
အဲ့ဒီလိုသံသယအတွေးတွေနဲ့
မိမိကိုယ်ကိုပိတ်မလှောင်မိပါစေနဲ့နော်။
ကျွန်မတို့ညံ့ဖျင်းလို့မဟုတ်ပါဘူး။အခြေအနေတွေဘဝပေးကံတွေ မတူညီခဲ့ရုံပါ။ သူများတွေအောင်မြင်သလိုကျွန်မတို့လဲအောင်မြင်နိုင်တယ်ဆိုတာယုံကြည်ထားစေချင်ပါတယ်။
တကယ်တမ်းမှာ 18နှစ်အရွယ်
ကိုပြန်မရနိုင်တော့တဲ့အတွက် ကျွန်မတို့အများကြီးနောက်ကျသွားပြီလား?
အချိန်လွန်သွားပြီလား? လို့ Negativeအတွေးတွေလုံးဝမတွေးမိပါစေနဲ့ Nothing Is Impossibleပါ
18နှစ်အရွယ်ပြန်ဖြစ်ခွင့်မရတာကပြဿနာတစ်ခုတော့မဟုတ်ပါဘူး
အမှားတွေကိုသိပြီး အမှန်ပြင်နိုင်တဲ့အချိန်ဟာ ကျွန်မတို့ရဲ့ အနာဂတ်တွေ
ဘဝတွေစပြီးလှပလာမဲ့အချိန်ပါပဲ။
ကျွန်မကိုယ်တိုင်လဲ ကျွန်မရဲ့မကောင်းတဲ့အကျင့်တွေ အမှားတွေကို
ပြန်ပြင်ဆင်ရင်း လက်ရှိမှာ အတတ်နိုင်ဆုံးအချိန်ကိုအကျိုးရှိအောင်သုံးပြီး
နေ့စဉ်ဘဝကိုဖြတ်သန်းရင်း ကျွန်မရဲ့ဆန္ဒတွေ အိမ်မက်တွေတကယ်ဖြစ်လာ
အောင် ကြိုးစားနေပါတယ်။
စာဖတ်သူတို့လဲကုန်လွန်သွားတဲ့18နှစ်အရွယ်ကဘဝအမှားတွေကနေ သင်ခန်းစာယူပြီးနောက်လာမဲ့အနာဂတ်မှာ ချစ်ရတဲ့သူတွေနဲ့ ဘဝကိုတန်ဖိုးရှိရှိဖြတ်သန်းရင်း ဖြစ်ချင်တဲ့အိမ်မက်တွေနောက်ကို လိုက်နိုင်စေဖို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
#Du Due
12/12/2023
Keep Reading