SarPhat Author

လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် စီးပွားရေးစလုပ်ကြပြီဟေ့ဆိုရင် ဘယ်အချက်နဲ့တိုင်းတာလဲ။ ဒီလုပ်ငန်းအလုပ်ဖြစ်မဖြစ်ဆိုတာကို။ အဖြေက Cash Flow Positive ဖြစ်ဖို့ပေါ့ဗျာ။
လုပ်ငန်းက ငွေမဝင်ရင် ဒီလုပ်ငန်းက ကြာရင် ရပ်မှာပဲ။ ဒါသိပ်ကို အရေးကြီးတဲ့တစ်ချက်ပဲ။
ဘာလို့ဆိုတော့ လူတော်တော်များများက လုပ်ငန်း
အောင်မြင်တယ်ဆို ဆိုရှယ်မီဒီယာမှာ တွေ့ရတဲ့ Like တွေ၊ Comment တွေ၊ Share တွေထင်ကြတယ်။ မဟုတ်ဘူး။ ဒီလုပ်ငန်းက တစ်လဘယ်လောက်ဝင်လဲ။ ဒီဝင်လာတဲ့ငွေတွေကို ဘယ်မှာ ပြန်ရင်းနှီးမြှုပ်နှံနေတာလဲ။ ဒီအချက်တွေက သိပ်ကို အရေးကြီးတယ်။
ဘာလို့လဲဆိုတော့ လုပ်ငန်းတစ်ခုမှာ Cash Flow Positive ဖြစ်ဖို့က အခက်ဆုံးပဲ။ ကျွန်တော်မိတ်ဆွေတွေထဲမှာ
တွေ့ဖူးတယ်။ သူသင်တန်းတစ်ခု ဖွင့်ချင်တာ။
သင်တန်းဖွင့်တုန်းကတော့ အခမဲ့သင်ပေးတာ။ လာတက်ကြတဲ့ သူတွေအများကြီးပဲဗျ။ သင်တန်းကို ပိုက်ဆံလည်း ကောက်တော့ တစ်ယောက်မှ မရှိကြတော့ဘူး။ ကဲ..ဗျာ။ ဘယ်လို ဆက်လည်ပတ်မလဲ။ ဝန်ထမ်းစရိတ်တွေရှိတယ်။ အခန်းစရိတ်တွေရှိတယ်။ မီတာခ၊ ရေဖိုး အစုံပါပဲ။
ဆိုတော့ကား လုပ်ငန်းတစ်ခုစပြီဆိုရင် Cash Flow Positive ကို ဘယ်လောက်မြန်မြန်ထွက်ပြီး ဘယ်လို အရည်အသွေးကောင်းတဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့ အရေးကြီးတယ်။
တကယ်မလုပ်ဖြစ်ဘူးဆိုရင် ဘယ်သူမှ ပိုက်ဆံပေးပြီး အသုံးပြုမှာ မဟုတ်ဘူးဗျ။ အသုံးပြုလည်း တကယ်မလိုအပ်ရင် နောက်ကျ ထပ်ဝယ်မှာမဟုတ်တော့ဘူး။
ဒါကြောင့်မို့ လုပ်ငန်းစတင်ချိန်မှာပဲဖြစ်ဖြစ်၊ ကြီးထွားချိန်မှာပဲဖြစ်ဖြစ် Cash Flow အရေးကြီးတယ်။ တကယ်လို့ ကိုယ်မှာ Profit မထွက်ရင်တောင် ရင်းနှီးမြှုပ်နှံသူတွေ လိုချင်တဲ့ ဒေတာအချက်အလက်တွေရှိဖို့လိုတယ်။
ဥပမာ - နည်းပညာလုပ်ငန်းဆိုရင်လည်း ကိုယ့်ရဲ့ Application မှာ အသုံးပြုသူဘယ်နှယောက်ရှိနေပြီ။ ဘယ်နှယောက်လစဉ်အသုံးပြုနေပြီ။
ဒါတွေကအရေးကြီးတယ်။ ဒါပြီးသွားရင် ဒီလို အသုံးပြုသူတွေကနေ ပိုက်ဆံပေးပြီး သုံးတဲ့သူတွေရလာဖို့က
အင်မတန်ခက်တယ်။ အခမဲ့ပေးရင် သုံးကြတယ်။ ပြီးရင် ပျောက်သွားကြရော။
ဒါကြောင့်မို့ ဒီလိုအသုံးပြုသူတွေကို ပိုက်ဆံပေးလာအောင် ကိုယ်က ဘယ်လိုဝန်ဆောင်မှုတွေပေးမလဲ။ ဖြည့်စွက်မလဲ။ တိုးချဲ့မလဲ။ ဒီလိုအချက်တွေကို
ကြံဆကြရတယ်။ ဒါလုပ်ငန်းရှင်တွေရဲ့ ထုံးစံပဲဗျ။
ဒါဆိုဒီလိုဖြစ်လာအောင် ဘယ်လိုလုပ်မလဲ။
ဒီလိုအချက်တွေကို အထူးဂရုစိုက်ကြိုးစားရင်း Cash Flow ကို အမြဲစောင့်ကြည့်ရင်း ကိုယ့်ရဲ့လုပ်ငန်းရှေ့ရေးကို မျှော်တွေးတတ်ဖို့ အကြံပြုရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်။ နောက်နေ့မှာ နောက်ထပ်ဆောင်းပါးများနဲ့အတူ ပြန်လာခဲ့ပါမယ်။
လုပ်ငန်းများ အလုပ်အကိုင်များအဆင်ပြေပြီး ဖန်တီးမှုများကို ဆတိုးများစွာ လုပ်ကိုင်နိုင်ကြပါစေဖို့ ဆုတောင်းလျက်။…
Keep Reading