Author's Profile Photo

Honey cho

8/08/2024

Business ဆိုတဲ့စီးပွားရေးလုပ်ငန်းတစ်ခုစတင်မယ်ဆိုရင်မဖြစ်မနေဘာတွေသိထားဖို့လိုလဲ။

1 min read
Business
Finance
Entrepreneurship
Business ဆိုတဲ့စီးပွားရေးလုပ်ငန်းတစ်ခုစတင်မယ်ဆိုရင်မဖြစ်မနေဘာတွေသိထားဖို့လိုလဲ။'s photo

ကိုယ်ဟာဘာစီးပွားရေးကို လုပ်ကိုင်မှာလဲသိဖို့ရန် Types of business ဆိုတဲ့စီးပွားရေးအမျိုးအစားတွေကိုသိထားဖို့လိုပါတယ်။

ဒါတွေကတော့
Manufacturing business လို့ခေါ်တဲ့ကုန်ပစ္စည်းကိုထုတ်လုပ်တဲ့စီးပွားရေးလုပ်ငန်း

Service business ဆိုတဲ့တခြားစီးပွား‌ေရးလုပ်ငန်းရှင်‌ေတွ၊ဒါမှမဟုတ်ကိုယ့်ရဲ့နည်းပညာအကူအညီ၊ကိုလိုအပ်‌ေနတဲ့သူ‌ေတွဆီဝန်ဆောင်မှုပေးတဲ့လုပ်ငန်း

Trade business လို့ခေါ်တဲ့ကုန်ပစ္စည်းများကိုရောင်းဝယ်၊ဖောက်ကားခြင်း၊ကုန်ကူးသည့်စီးပွားရေးစတဲ့စီးပွားရေးပုံစံတွေထဲကလည်းစနစ်တကျကိုယ်ကျွမ်းကျင်ရာကို ကိုယ်တိုင်ရွေးချယ်ပြီး စတင်နိုင်ပါတယ်။

စီးပွားရေးဆိုတဲ့စကားဟာ မြန်မာစာမှာစာလုံး၃လုံးသာရှိပေမဲ့ တကယ့်ကိုလေးနက်လွန်းပြီးသမုဒ္ဒရာလိုသူ့ရဲ့အတိမ်အနက်ဟာမှန်းဆမရပါဘူး။ဒါကြောင့် ဒီလိုကြီးမားတဲ့ ကိုယ့်ဘဝရဲ့ရင်းနှီးမြုပ်နှံမှုကို လုပ်ဆောင်ရာမှာ ကိုယ်တစ်ဦးတည်းလုပ်ဆောင်လို့မရတဲ့ကိစ္စတွေ၊နယ်ပယ်တွေဟာလည်းရှိနေနိုင်ပါတယ်။

ဒါကြောင့် Types of ownership formsတွေကိုလည်းမဖြစ်မနေ စီးပွားရေးလောကထဲခြေစုံပစ်ဖို့တွေးထားရင်သိရှိဖို့ရန်လိုအပ်ပါတယ်။

1.Sole proprietorship လို့ခေါ်တဲ့မိမိတစ်ဦးပိုင် စီးပွားရေးလို့ခေါ်တဲ့ သေရင်မြေကြီး၊ရှင်ရင်ရွှေထီးဆိုတဲ့သူဌေးဖြစ်ခွေးဖြစ် do or die ဆိုတဲ့စီးပွားရေးလည်းရှိပါတယ်။

Partnership ဆိုတဲ့ နှစ်ဦးနှစ်ဖက်အကျိုးတူစီးပွားရေး၊အကျိုးအမြတ်ကို50%အညီစီဆိုးတူ၊ကောင်းဖက်စီးပွားရေးလုပ်ဖော်ကိုင်ဖက်များပါဝင်သည့်အဖွဲ့အစည်းနဲ့ပူးပေါင်းတဲ့အရာလည်းရှိပါတယ်။

Corporation or company ဆိုတဲ့မိမိတစ်ဦးတစ်ယောက်တည်းပိုင်ပုဂ္ဂလိကစီးပွားရေးမျိုးမဟုတ်ဘဲ၊ရှယ်ယာရှင်များ၊အသင်းအဖွဲ့ဝင်များ၊မိမိနဲ့စိတ်တူကိုယ်တူရှိသည့်လုပ်ငန်းစပ်တူလုပ်လိုစိတ်ရှိတဲ့ အသင်း၊အဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းဘဲဖြစ်ပါတယ်။

ဒါတွေကတော့ စီးပွားရေးလုပ်ငန်းစတင်မဲ့သူများရဲ့ business ဆိုတဲ့နယ်ပယ်ကိုချဉ်းကပ်ရာမှာအဆင်ပြေစေဖို့ရန် ဟန်နီကိုယ်တိုင် research လုပ်ပြီးလေ့လာပေးထားတာဘဲဖြစ်ပါတယ်။

စာဖတ်သူများအားလုံး
စီးပွားလာဘ်လာဘများ
ဒီရေအလားတိုးကြပါစေ
မျှော်လင့်ခြင်းများစွာဖြင့်
မဟန်နီ

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်မြေပြင် ပေါက်ဈေး နှင့် အနီးစပ်ဆုံး တန်ဖိုးဖြတ် စံနှုန်း သတ်မှတ်ခဲ့လျင်