Honey cho
ချစ်ခြင်းတရားကို စတင်ခံစားမိတဲ့ သူတိုင်းဟာလည်း တစ်ခါတလေမှာ မျက်လုံးနှစ်လုံး၊စက္ကုအလင်းကိုအမေမွေးကတည်းက ရရှိခဲ့ပေမဲ့ လုံးဝမျက်ကန်းတစ်ယောက်လို အချစ်ကြောင့်ဖြစ်သွားတာတွေကို မြင်ဖူးတွေ့ဖူးကြားဖူးကြမှာပါ။
တစ်ချို့ဆို အချစ်ကြောင့် အမေ့အသက်နဲ့ရင်းပြီးမွေးဖွားပေးခဲ့တဲ့ ကိုယ့်ရဲ့အပိုမပါတဲ့အသက်တစ်ချောင်းကိုတောင် စွန့်လွှတ်ဖို့ဝန်မလေးကြတဲ့သူတွေလည်းရှိကြပါေသးတယ်။ဟန်နီအမြင်ပြောရရင်တော့ ဘယ်လောက်ပဲချစ်ချစ် ကိုယ့်ရဲ့မိဘထက်တော့ဘယ်သူမှကိုယ့်ကို ကိုယ်ချစ်သလိုအသက်ပေးချစ်မှာမဟုတ်နိုင်တာဟာ ၁၀၀မှာ ၉၉.၉၉ရာခိုင်နှုန်းထိသေချာပါတယ်။
ဒါဆိုဘာလို့ ဒီမသေချာ၊မရေရာတဲ့ အချစ်ဆိုတဲ့ခေါင်းစဉ်ကြီးအောက်မှာ ကိုယ့်ဘဝကိုဘာလို့အနစ်မွန်းခံချင်ရတာလဲ။ဟန်နီရဲ့ဒီစကားဟာ အားလုံးအတွက်နားဝင်ဆိုးနေနိုင်ပါတယ်။ဒါပေမဲ့ သေချာနဖူးပေါ်လက်တင်စဉ်းစားလိုက်ရင် ဟန်နီရဲ့အားလုံးအပေါ်ထားရှိတဲ့ စိတ်ရင်းစေတနာကိုမြင်နိုင်မှာပါ။
Love is not life ဆိုတဲ့စကားဟာ တကယ်အမှန်ပါဘဲ။အချစ်ဟာ ဘဝတစ်ခုမဟုတ်ပါဘူး။အချစ်ဟာ တကယ်တော့ ဘဝရဲ့ကောင်းမွန်တဲ့အမှတ်တရတွေ၊ဆိုးဝါးတဲ့အတိတ်တွေဆီခေါ်ဆောင်သွားနိုင်တဲ့ ဆေးရေးပန်းချီတစ်ချပ်လိုမျိုးစုတ်ချက်တစ်ချက်ပါဘဲ။
အချစ်စစ်တွေ ၊အချစ်တုတွေဆိုတာရယ်၊healthy relationship နဲ့toxic relationship ဆိုတာဟာတကယ်တော့ တတိယမျက်လုံးနဲ့ဆဌမအာရုံရှိမှမြင်နိုင်တာမဟုပါဘူး။အပြစ်ကိုအပြစ်မှန်း၊ အချစ်ကိုအချစ်မှန်းမသိတဲ့သူတွေအဖို့သာ မြင်နိုင်ဖို့ခဲယဉ်းနေတာပါ။
တကယ်တော့ အချစ်ရေးဘက်မှာဘဲ ကိုယ့်ရဲ့အာရုံတွေကိုလုံးဝနစ်မြှုပ်မထားဘဲ ကိုယ့်ဘဝရဲ့ကောင်းမွန်တဲ့အနာဂတ်တွေ၊တိုးတက်လမ်းတွေအတွက်လည်း အမြင်အာရုံ၊အကြားအာရုံတွေကိုဖွင့်စွင့်ထားဖို့ရာလည်းလိုပါတယ်။
Love yourself and invest yourself methods တွေကိုကျင့်သုံးတာဟာ တကယ်တော့တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး။ကိုယ့်ရဲ့ဘဝမှာ အချစ်ထက်အရေးကြီးတဲ့အလုပ်တွေ၊တာဝန်တွေ၊ဝတ္တရားတွေရှိနေသေးတယ်ဆိုတာဟာလုံးဝမမေ့လျော့သင့်ပါဘူး။အထူးသဖြင့်ကိုယ့်ကိုအမြဲ အနားမှာရှိနေပြီးကူညီ၊စောင့်ရှောက်ပေးခဲ့ကြတဲ့ မိဘတွေ၊မိသားစုဝင်တွေ၊ချစ်ခင်ရတဲ့သူငယ်ချင်းမိတ်ဆွေတွေအဖို့ကိုယ်ဟာ အကူအညီမပေးနိုင်ရင်တောင် အမြဲတမ်းကိုယ့်အတွက်သူတို့ဟာပူပန်နေရတဲ့၊စိတ်မချဖြစ်နေရတဲ့ ကမ်းစပ်နားမှာချထားရင်းရေဆော့နေတဲ့ကလေးသူငယ်လိုမျိုး ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့တော့အရေးကြီးလှပါတယ်။
၅နှစ်၆နှစ်ကြာအောင် တွဲတဲ့ ဆက်ဆံရေးဟာတစ်မိနစ်၊တစ်စက္ကန့်အတွင်းမှာ ပြိုပျက်သွားနိုင်ပေမဲ့ ၅နှစ်၊၆နှစ်ကြာအောင်ကိုယ်သင်ယူခဲ့တဲ့ပညာတွေ၊ဗဟုသုတတွေကတော့ ဘယ်တော့မှပျောက်ကွယ်မသွားနိုင်တဲ့ရတနာတွေပါဘဲ။ဒါကြောင့် ဘဝမှာ အဓိကနဲ့သာမည လိုမျိုး ခွဲခြားသိမှသာအောင်မြင်မှုသရဖူကိုဆောင်းနိုင်မှာဘဲဖြစ်ပါတယ်။
Your life, your choice ဆိုပေမဲ့ အရွေးမမှားဖို့ကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာသာ မူတည်နေပါတယ်။ဒါကြောင့် ဘဝဆိုတာဟာ လုံးဝကိုပေါ့ပေါ့တန်တန်နဲ့ ဆုံးဖြတ်ချက်ချလို့ရတဲ့ အရာတစ်ခုမဟုတ်ပါဘူးလို့ဘဲဟန်နီက ထပ်လောင်းသတိပေးပါရစေ။
Keep Reading