Author's Profile Photo

Lunar

4/08/2024

ဘာသာစကားလေ့လာနေသူတွေဆီသို့.....

3 mins read
Personal Development
Education
General Knowledge

သင်ဘာသာစကားအသစ်လေ့လာနေတာလား၊လေ့လာရတာ ပင်ပန်းလား၊လေ့လာရတာ ပျင်းနေပြီးလား၊ဘာသာစကားလေ့လာနေသူတွေနှင့် ဘာသာစကားအသစ်သင်ယူရန် ပြင်ဆင်နေတဲ့သူအတွက် ရည်ရွယ်ပါတယ်။
???
မိမိကိုယ်ကိုမြှုပ်နှံပါ၊သင်ယူမှုကိုစိတ်ဝင်စားဖွယ်ကောင်းအောင်လုပ်ပါ

မိမိဝါသနာပါရာ၊စိတ်ဝင်စားရာနှင့်လေ့လာပါ။ဥပမာ-သင်က ကိုရီးယားဘာသာစကားကိုလေ့လာသင်ယူမယ်ဆိုပါစို့။ကိုရီးယားစကားပြောတဲ့ Vlogs တွေကိုကြည့်ပါ။ကိုယ်က Food နဲ့ပတ်သက်တာကြိုက်ရင် Food Vlogsတွေ,ခရီးသွားရတာကြိုက်ရင် Travel Vlogs တွေကိုကြည့်ပါ။ဒီmusic
ကိုကမ္ဘာပေါ်ကလူအများစုကသီချင်းနားထောင်ရတာကို ကြိုက်မယ်လို့ကျွန်မထင်ပါတယ်။မကြိုက်တဲ့လူတွေလည်းရှိပါတယ်။လူအများစုကတော့ ကြိုက်ပါတယ်။သီချင်းနားထောင်တာဟာ သင့်ရဲ့ listening skill ကိုတိုးတက်စေပါတယ်။သင်က ဂျပန်ဘာသာစကားလေ့လာမယ်ဆိုရင် ဂျပန်သီချင်းကိုနားထောင်၊ကိုရီးယားဘာသာစကားလေ့လာမယ်ဆိုရင် ကိုရီးယားသီချင်းနားထောင် စသည်ဖြင့်ပေါ့နော်။သီချင်းကနေ ကျွန်မတို့ စကားလုံးအသစ်တွေရလာမယ်။အသံထွက်တွေကောင်းလာမယ်။နားထောင်တဲ့စွမ်းရည်တွေ တိုးတက်လာမှာပါ။သင်ကရုပ်ရှင်ဇာတ်ကားတွေကြိုက်တယ်ဆိုရင်လည်း ရုပ်ရှင်တွေကနေသင်ယူလို့ရပါတယ်။ဒရမ်မာ,စီးရီးအရူးအမူး၊သင်က အဲ့တာနဲ့ပဲ အချိန်ကုန်နေတယ်ဆိုရင် အဲ့အားနည်းချက်ကိုအားသာချက်ဖြင့်ပြောင်းလိုက်ပါ။ရုပ်ရှင်ကြည့်ရင် အသံပိတ်ပြီးမကြည့်နဲ့လို့အကြံပေးပါရစေ။အသံဖွင့်ထားမှ သင်ကသူတို့ရဲ့ conversation အသံတွေ,လေယူလေသိမ်းတွေကို ရင်းနှီးလာမှာပဲဖြစ်ပါတယ်။အဲ့ထဲက conversation တွေက သင့်ကိုအထောက်အကုပြုပေးပါလိမ့်မယ်။
သင့်မှာ idol တွေရှိရင်ပိုအဆင်ပြေပါတယ်။idol ရဲ့မိခင်ဘာသာစကားကို လေ့လာနေတဲ့သင့်အတွက်လည်း motivation ရစေပါတယ်။အားလျှော့မယ်ကြံလိုက်တိုင်း ခွန်အားတွေပြန်ရမှာပဲဖြစ်ပါတယ်။တစ်နေ့သူတို့နဲ့စကားပြောခွင့်ရရင် သူတို့ဘာသာစကားနှင့်သူတို့နှင့်စကားပြောနိုင်မှာပေါ့နော်။သင်နားလည်သည်ဖြစ်စေ၊နားမလည်သည်ဖြစ်စေ သင်လေ့လာမဲ့ဘာသာစကားနဲ့သီဆိုထားတဲ့ သီချင်းတွေနားထောင်ပါ။​​ဒီနည်းတွေကပေါ့ပေါ့ပါးပါးလေးနှင့် အသုံးဝင်တယ်မဟုတ်လား။ဒီလိုနည်းနှင့်သင်ရဲ့ သင်ယူမှုကိုစိတ်ဝင်စားဖွယ်ကောင်းအောင်ပြုလုပ်နိုင်ပါတယ်။

?အခြေခံပိုင်နိုင်အောင်လေ့လာပါ ?

ဘာသာစကားတစ်ခုမှာ အခြေ ခံကတော့အရေးကြီးဆုံးပါပဲ။ဗျည်းတို့၊သရတို့၊အက္ခရာတို့ အသတ်ရှိရင်လည်းအသတ်တို့ စသည်ဖြင့်ပေါ့နော်။ဘာသာစကားတစ်ခုနှင့်တစ်ခုကလည်း မတူတာတွေရှိပါတယ်။တူတာတွေလည်းရှိပါတယ်။ဒါပေမယ့် ဘယ်ဘာသာစကားမဆို အခြေခံ ပိုင်နိုင်ဖို့လိုပါတယ်။

?ရေးပါ၊ဖတ်ပါ၊တွေးပါ၊လိုက်ပြောကြည့်ပါ?

သင်ရဲ့တစ်နေ့တာ activities တွေကိုညအခါ diary ရေးတတ်တဲ့အကျင့်ရှိရင် မိမိလေ့လာနေတဲ့ဘာသာစကားနဲ့ရေးပါ။ဒီနည်းကတော့ ကျွန်မအကြိုက်ဆုံးနည်းပါ။နောက်ပြီး စာအုပ်တွေဝယ်ပြီးလေ့လာပါ။
မိမိလေ့လာမဲ့ဘာသာစကားနဲ့ရေးထားတဲ့ စာအုပ်တွေ,post တွေ,ဖတ်ပါ။များများဖတ်ပါ။
သင့်အတွေးတိုင်းကို သင်လေ့လာမဲ့ဘာသာစကား လွှမ်းမိုးပါစေ။You Tube မှာ podcast တွေနားထောင်ပြီးလိုက်ပြောကြည့်ပါ။

မိတ်ဆွေဖွဲ့ပါ ?

သင့်ထိုင်းဘာသာစကားလေ့လာမယ်ဆိုရင် ထိုင်းနိုင်ငံသားနှင့်သူငယ်ချင်းဖွဲ့ပါ။ဒါမှမဟုတ် မိမိသူငယ်ချင်းထဲက မိမိနဲ့ဘာသာစကားတူလေ့လာနေတာရှိရင် ပူးပေါင်းပါ။Study language channels တွေကို joinပါ၊you Tube မှာဆိုရင်လည်း subscribe လုပ်ပါ။Facebook မှာဆိုရင်လည်း group တွေ join ပါ။သင့်သူငယ်ချင်းတွေနဲ့ practice လုပ်ပါ။စာလုပ်တဲ့ gp တွေဝင်ပြီး အပြန်အလှန် sharing တွေလုပ်ပါ။သူငယ်ချင်းတွေနဲ့ စကားပြောလေ့ကျင့်ပါ။သင်က ကျွန်ုပ် လို့သူငယ်ချင်းမရှိဘူးဆိုရင် မှန်ကြည့်ပြီး ပြောပါ။မရှက်ပါနဲ့။နောက်ပြီး video ရိုက်ထားပါ။ဒါမှသင့်ရဲ့ အသံနေအသံထား တွေကို သင်ပြန်ကြည့်ပြီး အမှားရှိရင်ပြန်ပြင်နိုင်မှာပဲဖြစ်ပါတယ်။

?Vocabulary လေ့လာရာတွင် ?

Vocabulary တွေလေ့လာတဲ့အခါ သီးသန့်မကျက်ပါနဲ့။သီးသန့်ကျက်ရင် မေ့လွယ်ပါတယ်။ဟုတ်တယ်မလား။ဒါကြောင့်အကြံတစ်ခုပေးမယ်။အဲ့တာကတော့,ဥပမာ-post တစ်ခုကိုဖတ်ပြီး အဲ့ထဲကကိုယ်နားမလည်တဲ့ဟာကို ရှာပြီးကျက်မှတ်ပါ။အဲ့လိုလုပ်တာက သူ့ဟာသူသီးသန့်ကျက်ထားသလို လွယ်လွယ်နဲ့မမေ့ပါဘူး။သီချင်းနားထောင် မသိတဲ့စကားလုံးတွေ့ရင် Dictionary မှာ Translate လုပ်၊ပြီးရင် မှတ်ထားပါ။podcastတွေ,ရုပ်ရှင်တွေ,သီချင်းတွေ,စာအုပ်တွေကိုလေ့လာနေရင်း သင်မသိတဲ့စကားလုံးကို ရှာဖွေနိုင်ပါတယ်။ဒီလိုနည်းကတော့ ကျွန်မအတွက်တော့တော်တော်လေးကိုအသုံးဝင်ပါတယ်။နောက်တစ်ခုက ရုပ်ပုံတွေနဲ့မှတ်ပါ။ဒီနည်းကလည်း Vocab တွေကိုလွယ်လွယ်နဲ့မမေ့စေပါဘူး။နောက်တစ်ခုက တွဲမှတ်တာပါ။ကျွန်မဆိုရင်လည်း အဲ့လိုပါပဲ,Eng Vocab တွေလေ့လာတုန်းကဆိုရင် scar ဆိုရင် အမာရွတ်၊ငါ့အမမှာအမာရွတ်ရှိတယ် အဲ့လိုဆိုတော့အမကိုတွေ့တိုင်း scar ဆိုတဲ့စကားကိုမှတ်မိနေပါတယ်။သင်လည်းစမ်းကြည့်ပါ။သင့်ပတ်ဝန်းကျင်ကလူ,သူငယ်ချင်းတွေနဲ့ Vocab လေ့လာလို့ရပါတယ်။

?Study with Traditional ?

ယဥ်ကျေးမှုကနေလေ့လာပါ။
ဒါကစိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်ပါတယ်။ဘာကြောင့်လဲဆိုရင်မိမိမသိသေးတဲ့ သူတို့ရဲ့စိတ်ဝင်စားဖွယ်ယဥ်ကျေးမှုတွေ၊မိမိနိုင်ငံနှင့် မတူညီကွဲပြားဓလေ့ထုံးတမ်းအစဥ်အလာတွေလေ့လာရင်း စာပါရသွားတာပေါ့။တစ်နေ့မိမိကအဲ့နိုင်ငံကို သွားရောက်လည်ပတ်နိုင်မယ်ဆိုရင်လည်း မိမိကထင်ရှားတဲ့နေရာ၊သွားသင့်တဲ့နေနေရာ၊ပြုလုပ်သင့်တဲ့ activities တွေ,တားမြစ်ထားတဲ့လုပ်ရပ်တွေ,စားသွားသင့်တဲ့ဒေသထွက်အစားအစာတွေ စသည်ဖြင့်ကိုယ်ကသိနေမှာပဲဖြစ်ပါတယ်။သူတို့ရဲ့ဘာသာစကားလည်းတတ်၊ထုံးတမ်းစဥ်လာ၊သူတို့ရဲ့အထွေထွေ ဗဟုသုတပါသိနေမယ်ဆိုရင်တော့ တကယ်ကို perfect ပေါ့နော်။

?Timetable ဆွဲပါ ?

တစ်နေ့တာရဲ့ဘယ်အချိန်မှာလုပ်မှာလဲ
ဘယ်နှစ်နာရီ လေ့လာမှာလဲ၊နာရီဝက်လား၊၁နာရီလား၊စသည်ဖြင့်ပေါ့နော် Timetable လေးဆွဲထားပါ။

?Deadline သတ်မှတ်ပါ ?

ဘယ်နေ့၊ဘယ်ရက်မှာငါ beginners level ကနေ တက်ရမယ်အဲ့သလိုလေးသတ်မှတ်ထားပါ။အဲ့နေ့မှာပြီးကိုပြီးရမယ်ဆိုပြီးတော့ လေးလေးနက်နက်ဖြစ်အောင်သတ်မှတ်ထားပါ။

ဘာသာစကား​လေ့လာတဲ့နေရာမှာ အရမ်းကြီးမပျင်းသွားအောင်ပေါ့ပေါ့ပါးပါးလေးလေ့လာတဲ့နည်းတွေပါ။သီချင်းတို့၊ရုပ်ရှင်တို့၊မိမိဝါသနာပါရာနနဲ့ စိတ်ဝင်စားဖွယ်ကောင်းအောင်လုပ်ပြီးလေ့လာပါ။ဘာသာစကားတစ်ခုထက်ပိုပြီးတတ်တဲ့သူတွေဟာ impression ကောင်းတယ်။မိခင်ဘာသာစကားတစ်ခုပဲ တတ်တဲ့သူတွေထက် multitaskind ကောင်းတယ်။အလုပ်အကိုင်အခွင့်အလမ်းလည်း ဘာသာစကားတစ်အျိုးပဲတတ်တဲ့သူတွေထက်အခွင့်အလမ်းပိုများတယ်။သူတစ်ကားတွေလည်းအထင်ကြီးပါတယ်။ဆက်လေ့လာပါ၊ရှာဖွေသင်ယူပါ။အရာအားလုံးကိုသင်လုပ်နိုင်ပါတယ်။တစ်နေ့ကိုနည်းနည်းချင်းစီလေ့လာပါ။ကျွန်ုပ်တို့ကြိုးစားမှုကို တစ်နေ့တော့ resultထွက်လာမှာပါ။အချိန်ပေးဖို့တော့​လိုတာပေါ့နော်။လူကြီးတွေပြောသလိုအခု ရေတွင်းတူး အခုရေကြည်သောက်လို့မှမရတာ။စောင့်ရမှာပေါ့။ဒီနေ့ဖော်ပြခဲ့တဲ့အချက်တွေက စာဖတ်သူတွေအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်။

ဖတ်ရှုပေးခဲ့တဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။
???
#ချစ်ခြင်းမေတ္တာဖြင့်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်