SarPhat Author

ရှေ့ရက်တွေတုန်းက နိုင်ငံခြားမှာ ကျောင်းတက်ချင်သူများအတွက် နိုင်ငံအလိုက် လျှောက်လို့ရတဲ့ Scholarship နဲ့ Exchange Program တွေရဲ့ အကြောင်းကို သေချာလေးပြောပြခဲ့ပြီးပြီဖြစ်ပါတယ်။
ကိုယ့်အနေနဲ့ ဒီ Program အမျိုးအစားနှစ်ခုတည်းက မရွေးချယ်ခင် အဆိုပါ Program တွေရဲ့ အကြောင်းကိုလည်း သိထားဖို့လိုအပ်ပါတယ်။
ဒီနေ့တော့ ကျွန်တော်မျှဝေပေးခဲ့တဲ့ Scholarship နဲ့ Exchange Program နှစ်ခုက ဘာတွေ ကွာခြားချက်ရှိလဲ၊ဘယ်လိုသူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။
Scholarship Program
ပထမဆုံးအနေနဲ့ Scholarship ဆိုတာ နိုင်ငံခြားက တိုင်းပြည်တစ်ခုမှာ အဆင့်မြှင့်ပညာရေးကို သင်ယူနိုင်ဖို့ နိုင်ငံအလိုက် သက်ဆိုင်ရာ အဖွဲ့အစည်းက ထောက်ပံ့ပေးတဲ့ အစီအစဥ်တစ်ခုဖြစ်ပါတယ်။
အဆိုပါ Program မှာ Scholarship ရတဲ့ ကျောင်းသားတွေအနေနဲ့ ဘွဲ့တစ်ခုရရှိသည်အထိ (ဒါမှမဟုတ်) နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တစ်ခုမှာ ဘွဲ့တစ်ခုရဲ့ အရေးပါတဲ့ ပညာရပ်တစ်ခုကို သင်ယူနိုင်ဖို့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
Scholarship Program ကနေ နိုင်ငံခြားက တက္ကသိုလ်တစ်ခုမှာ ဘွဲ့တစ်ခုရနိုင်တာကြောင့် ကျောင်းသားတွေအနေနဲ့ ပြီးပြည့်စုံတဲ့ အဆင့်မြှင့်ပညာရေးကို လေ့လာနိုင်မှာဖြစ်ပါတယ်။
Scholarship Program ရဲ့ ကြာချိန်ကတော့ ကိုယ်ရွေးချယ်တဲ့ အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားနိုင်တာဖြစ်လို့ Semester တစ်ခုကနေ စာသင်နှစ်တနှစ်ပြည့်တဲ့အထိ (ဒါမှမဟုတ်) အဲ့ထက်လည်း ပိုကြာနိုင်ပါတယ်။
Exchange Program
Exchange Program ကနေ ကျောင်းသားတွေကို နိုင်ငံခြားက တိုင်းပြည်တစ်ခုမှာရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုမှာ ပညာသင်ကြားနေစဥ်ကာလ (ပုံမှန်အားဖြင့် အနည်းဆုံး Semester တစ်ခုကနေ စာသင်နှစ်တစ်နှစ်အတွင်း) အဖိုးတန်တဲ့ ကာလတို ပညာရေးအတွေ့အကြုံကို သင်ယူလေ့လာနိုင်ပါတယ်။
Scholarship Program နဲ့မတူပဲ Exchange Program မှာ ပါဝင်တဲ့ ကျောင်းသားများက ပုံမှန်အားဖြင့် မိမိနိုင်ငံရဲ့ အဖွဲ့အစည်းတစ်ခုမှာ စာရင်းသွင်းပြီး နိုင်ငံခြားမှာ ပညာသင်ယူပြီးချိန်မှာ ကိုယ့်နိုင်ငံကို ပြန်လာပြီး မိမိနိုင်ငံရှိ တက္ကသိုလ်မှာ ပညာသင်ဖို့အတွက် ကျူရှင်စရိတ်ကို ဆက်လက်ထောက်ပံ့ပေးပါတယ်။
Exchange Program ရဲ့ အဓိက ရည်ရွယ်ချက်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံကြားမှာရှိတဲ့ ယဥ်ကျေးမှု ဖလှယ်ရေးနှင့် အဖွဲ့အစည်းများအကြား နားလည်မှုကို မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။
Exchange Program ကနေ ကျောင်းသားတွေကို သူတို့ရဲ့ ပညာရေးဘွဲ့ကို သင်ယူနေချိန်မှာ နိုင်ငံခြားက ပတ်ဝန်းကျင်အသစ်တစ်ခုမှာ ဆက်လက်လေ့လာနိုင်ဖို့အတွက် ကြိုးစားနိုင်ပါတယ်။
Exchange Program မှာဆိုရင်
- Semester/Year-Long Exchange
- Language Immersion Exchange
- Internship Exchange
- Research Exchange
- Faculty-Led Exchange ဆိုပြီး စသဖြင့် အမျိုးမျိုးရှိပါတယ်။
အဆိုပါ Scholarship နဲ့ Exchange Program အမျိုးအစားနှစ်ခုလုံးက ကိုယ့်ရဲ့ ပညာရေးလေ့လာမှုမှာ များစွာအထောက်အကူပြုနိုင်ပေမဲ့ ကိုယ်နှစ်သက်ရာ Program ကို ရွေးချယ်ပြီး ရရှိလာမဲ့ အကျိုးကျေးဇူးတွေကလည်း ကွဲပြားသွားမှာဖြစ်လို့ သေချာလေး ရွေးချယ်ပြီး လျှောက်ကြဖို့ အကြံပြုလိုပါတယ်။
ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားခွင့်ပြုပါ။ နောက်နေ့တွေမှာ ပညာရေးဆိုင်ရာ ဆောင်းပါးအသစ်တွေနဲ့ ပြန်လည်ဆုံတွေ့ကြပါမယ်...
Keep Reading