Author's Profile Photo

SarPhat Author

29/11/2023

အွန်လိုင်းပေါ်ကနေ ‌စျေးကွက်အခြေအနေခန့်မှန်းတတ်စေဖို့။

1 min read
Business
Startup
အွန်လိုင်းပေါ်ကနေ ‌စျေးကွက်အခြေအနေခန့်မှန်းတတ်စေဖို့။'s photo


ဒီနေ့မှာတော့ စီးပွားရေးတစ်ခုစတော့မယ်ဆို စျေးကွက်အခြေအနေကို ခန့်မှန်းတတ်ဖို့လည်း အရေးကြီးတယ်ဆို
တာ ဆောင်းပါးတော်တော်များများမှာ တွေ့ရလေ့ရှိမှာပါ။
စျေးကွက်ရှိလား။ ဘယ်လို အခြေအနေရှိလဲ။ စျေးကွက်အလားအလာကဘယ်လိုရှိလဲ။ စသဖြင့် တွေ့မိကြမှာပါ။ ဆို‌တော့ ဒီနေရာမှာ မေးစရာတစ်ခုက စျေးကွက်အခြေ
အနေကို အွန်လိုင်းပေါ်ကပဲ ဘယ်လို တွက်ချက်ကြမလဲ။

နံပါတ်တစ် - နမူနာ ဖောက်သည်များကို စဉ်းစားကြည့်ပါ။

ကနဦးအနေနဲ့ ကိုယ်က ထုတ်ကုန်ထုတ်တော့မယ်ဆို ဒီမြို့မှာ ဝယ်ယူနိုင်မယ့် ဖောက်သည် အရေအတွက်ကို
သိထားဖို့ လိုအပ်ပါမယ်။

ဥပမာ ကြည့်ရ‌အောင်ဗျာ။ ကိုယ်က ဆပ်ပြာထုတ်တော့မယ်။ စျေးကလည်း ၅၀၀၀ ဝန်းကျင်။ အမျိုးသမီးသီးသန့်။ အမျိုးသမီးထဲမှာမှ ရုံးသွားလေ့ရှိတဲ့ အမျိုးသမီးတွေ။ အဲ့လိုဆိုတော့ ကိုယ်ရောင်း
ချမယ့် မြို့နယ်မှာ ဒီအချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ အမျိုးသမီးဘယ်နှယောက်ရှိလဲ။

ဒါမျိုးကို ကြိုတင်စဉ်းစားဖို့လိုပြီ။ ဒီရပ်ကွက်မှာ ဒီလိုအမျိုးသမီး (၁၀၀) ရှိတယ်ဆို။ ငါးထောင်နဲ့ (၁၀၀) မြှောက်။ ငါးသိန်း။ ဒါဆို ဒီရပ်ကွက်မှာဒီထုတ်ကုန်ရောင်းမယ်ဆို အများဆုံးစျေးကွက်အရွယ်အစားက ငါးသိန်း။ ဒီလိုမျိုးတွက်လို့ရမယ်။

နံပါတ်နှစ် - Report တွေကနေ တဆင့် သိနိုင်တယ်။

အွန်လိုင်းပေါ်မှာ အခမဲ့မျှဝေပေးလျက်ရှိတဲ့ Report တွေရှိသလို၊ အ‌ချို့ကလည်း ပိုက်ဆံပေးပြီး ဝယ်မှ ရတာလေးတွေလည်း ရှိတယ်။ ဒီလိုအဖွဲ့အစည်းတွေက အကြမ်းဖျင်းအားဖြင့် မိတ်ဖက်ပါတနာများနဲ့ ချိတ်ဆက်
ထားပြီး Report တွေ ထုတ်တယ်။ ဒီလိုဒေတာတွေကို လုပ်ငန်းရှင်တွေက ဖတ်ရှုပြီး လုပ်ငန်းအတွက် ပြန်အသုံးချနိုင်တယ်။

တစ်ချို့ဟာတွေက မှန်တာလည်း ရှိနိုင်သလို မှားတာလည်း ရှိနိုင်တယ်။ ဆိုတော့ကား ဆင်ခြင်ပြီး
တော့ ကြည့်ဖို့တော့ လိုတာပေါ့ဗျာ။

နံပါတ်သုံး - ပြိုင်ဘက်များကို လေ့လာကြည့်ပါ။

ကိုယ့်ပြိုင်ဘက်တွေမှာ ရောင်းအားဘယ်လောက်တက်ကြလဲ။ ဒီလိုသတင်းအချက်အလက်တွေကို ကျ တစ်ချို့အွန်လိုင်းပေါ်မှာတော့ ရှာရခက်ပါတယ်။ အလွယ်ပြောရရင် ကိုယ်က နည်းပညာ Application တစ်ခု ထုတ်မယ်ဆို။ ဒီလို Application မှာ တစ်ဖက်မှာလည်း ဘယ်သူတွေ ဘယ်လောက် ဒေါင်းလုဒ်ဆွဲထားလည်း ဆိုတာ အကြမ်းဖျင်း သိနိုင်တယ်။

သို့သော် အချို့စီးပွားရေးလုပ်ငန်းတွေကျ မသိနိုင်ဘူး။ ဒါကြောင့်မို့ ဒီအချက်ကတော့ စောနက အချက် (၂) ခုထက်စာရင် ကျွန်တော်ကတော့ သိပ်အားမပေးချင်ဘူး။

အဆုံးသတ်ကတော့ ကိုယ်အနေနဲ့အင်တာနက်လေးရှိရုံနဲ့ စျေးကွက်ကို အကြမ်းဖျင်းခန့်မှန်းလို့ရတာက ပထမဆုံး
နမူနာဖောက်သည်တွေကို အရင်ဆုံးစဉ်းစားကြည့်ပါ။

အွန်လိုင်းပေါ်က ‌ဒေတာတွေ ရှာဖတ်ကြည့်ပါ။ ပြိုင်ဘက်တွေကို လေ့လာပါ။ ဒီလိုနည်းများနဲ့ စျေးကွက်အခြေအနေကို ခန့်မှန်းလို့ရပါတယ်ခင်ဗျာ။

နောက်ထပ်အကြံပြုချင်တာလေးတစ်ခုက အွန်လိုင်းတစ်ခုတည်းကို မယုံဖို့ပါ။


အချို့စီးပွားရေးတွေက လုပ်ကြည့်လိုက်မှ သိလာတယ်။ မြေပြင်ကို ဆင်းကြည့်မှ သိလာတာမျိုးတွေ ရှိတယ်။ ဒါကြောင့်မို့ မြေပြင်ကို လေ့လာကြည့်ပါ။ အွန်လိုင်းကိုလည်း လေ့လာကြည့်ပါ။ ဒါဆို ၃၆၀ ဒီဂရီ အတွေးအမြင်တွေ ရနိုင်ပါတယ်။ ဒီလို ရတဲ့အခါ လုပ်ငန်းအတွက် ဆုံးဖြတ်ချက်ကောင်းတွေ ပိုရလာနိုင်ပါတယ်။ ဆောင်းပါးလေးကတော့ ဒီလောက်ပါပဲ။
အားလုံးပဲ အဆင်ပြေပါစေဗျာ။


Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်မြေပြင် ပေါက်ဈေး နှင့် အနီးစပ်ဆုံး တန်ဖိုးဖြတ် စံနှုန်း သတ်မှတ်ခဲ့လျင်