WANA THU
Name - Paper (Paging Through History Reprint Edition)
Author - Mark Kurlansky
PDF - https://t.me/black_white_Library/17015/17463
နေ့စဉ်နေ့တိုင်း လူသားတွေရဲ့လက်တစ်ကမ်းမှာရှိပြီး ဗုံးပေါလအောသုံးမိနေတဲ့ သမိုင်းဝင်ထုတ်ကုန်တစ်ခုကို သိကြပါသလား? အဲဒီထုတ်ကုန်ဟာ လူ့သမိုင်းကို အများကြီးအထောက်အကူပြုခဲ့တဲ့ ပစ္စည်းတစ်ခုဖြစ်သလို လူ့ယဉ်ကျေးမှုနဲ့ လူသားတွေရဲ့ဖန်တီးမှုအတတ်ပညာကိုပါ ထင်ဟပ်စေခဲ့တဲ့ ထုတ်ကုန်ဖြစ်ပါတယ်။
English လို Paper၊ ဂျပန်လို ကာမိ၊ ကိုရီးယားလို ဂျုံးစီ၊ မြန်မာလိုတော့ စက္ကူလို့ခေါ်ကြပါတယ်။ ဒီလိုသမိုင်းဝင်ထုတ်ကုန်တစ်ခုကို အခုအချိန်မှာ ကမ္ဘာ့လူဦးရေအားလုံးနီးပါးက နေ့စဉ်လွယ်လွယ်ကူကူအသုံးပြုနေကြပါပြီ။
ဒီနေ့ခေတ်မှာ စက္ကူဟာ ဆက်သွယ်ရေး၊ သင်ကြားမှုသင်ယူမှုမှာသာမက၊ မှတ်တမ်းတင်မှုကိစ္စတွေအပါအဝင် ယဉ်ကျေးမှုနဲ့ စာပေကိုလက်ဆင့်ကမ်းရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကြားခံပစ္စည်းဖြစ်တဲ့အပြင် ထုပ်ပိုးမှုပစ္စည်းအနေနဲ့ပါ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြုနေကြတာကိုတွေ့ရမှာပါ။
လူသားတွေရဲ့ နေ့စဉ်ဘဝကိုကြည့်လိုက်ရင် လူတွေအားလုံး နေ့တိုင်းဖတ်နေကြတဲ့ သတင်းစာတွေ၊ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ နေ့စဉ်သုံးတစ်ရှူးတွေ၊ အစားအသောက် စားသောက်ရာမှာသုံးတဲ့ စက္ကူခွက်တွေ၊ စီးကရက်နဲ့ အရက်တွေရဲ့ ထုပ်ပိုးမှုတွေ၊ သွားရေစာမုန့်ထုပ်တွေ စသဖြင့် နေရာတိုင်းလိုလိုမှာ စက္ကူကိုတွေ့ရမှာပါ။
လက်ရှိအချိန်မှာ သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့ စက္ကူအသုံးပြုမှုကိုလျှော့ချနေကြရပေမဲ့ နည်းပညာတွေ ဘယ်လောက်ပဲတိုးတက်တိုးတက် စက္ကူ (Paper) ရဲ့နေရာကိုတော့ အစားထိုးနိုင်ဖွယ်ရာမရှိသေးပါဘူး။
တကယ်တော့ စက္ကူဆိုတာ သဘာဝထုတ်ကုန်မဟုတ်ဘူးဆိုတာ လူတွေအားလုံးသိကြပါတယ်။ စက္ကူကို မတီထွင်နိုင်သေးခင်အခါတုန်းက လူသားတွေဟာ ကျောက်တုံးတွေ၊ သားမွေးသားရေပြားတွေ၊ အရိုးတွေ၊ Tapa လို့ခေါ်တဲ့ သစ်ခေါက်တွေ၊ မီးဖုတ်ထားတဲ့ ရွှံ့စေးပြားတွေ(အုတ်ခွက်စာ)၊ ဖယောင်းပြားတွေပေါ်မှာ စာရေးသားခဲ့ကြပြီး အဲဒီ နောက်မှာတော့ ဝါးခြမ်း၊ ပိုးသားပိတ်စ၊ စက္ကူတွေပေါ်မှာ ရေးသားခဲ့ကြပါတယ်။
တကယ်လို့များ စက္ကူသာမရှိခဲ့ဘူးဆိုရင် လူသားတွေရဲ့နေ့စဉ်ဘဝက ဘယ်လိုဖြစ်သွားမလဲ? စက္ကူကိုသာ မတီထွင်နိုင်ခဲ့ရင် စာပေဆိုတာရှိလာပါ့မလား? စာပေမရှိရင် မှတ်တမ်းတင်မှုတွေ၊ ယဉ်ကျေးမှုတွေ၊ သမိုင်းကြောင်းတွေကို ဘယ်က နေသွားပြီး ရှာဖွေကြမလဲ? လူသားတွေရဲ့ ပညာသင်ကြားမှုကရော ဘယ်လိုနည်းစနစ်တွေများ ဖြစ်နေမလဲ?
Paper: Paging Through the History စာအုပ်မှာတော့ စာရွက်ပေါ်မှာရေးသားရမဲ့ စာပေအက္ခရာတွေရဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ ဘာသာစကားပြောဆိုဆက်သွယ်မှုကနေစပြီး စိတ်ဝင်စားဖွယ်လေ့လာရမှာဖြစ်သလို ပုံစံအမျိုးမျိုးနဲ့ စမ်းသပ်ထုတ်လုပ်ခဲ့ကြတဲ့ စက္ကူထုတ်လုပ်ပုံတွေ၊ နိုင်ငံဒေသအသီးသီးရဲ့ စက္ကူတီထွင်မှုတွေ၊ စက္ကူထုတ်လုပ်မှု နည်းပညာ၊ ပုံနှိပ်ခြင်းနည်းပညာတွေ အပါအဝင် စက်မှုခေတ်မှာ စက္ကူထုတ်လုပ်မှု ဘယ်လိုတိုးတက် ပြောင်းလဲလာသလဲ? ဒီဂျစ်တယ် ခေတ်မှာ စက္ကူရဲ့အရေးပါမှုကကျဆင်းလာနေပြီလား? စတဲ့ အကြောင်းအရာတွေကို ဖတ်ရှုလေ့လာကြရမှာဖြစ်ပါတယ်။
ဒီစာအုပ်ရဲ့ စာရေးသူ "မာ့ခ်ကာလန်းစကီး" (Mark Kurlansky) ဟာ နာမည်ကျော် အမေရိကန်နိုင်ငံသား စာရေးဆရာ၊ ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး The International Herald Tribune Chicago Tribune တို့လို သတင်းစာတိုက်ကြီး တွေရဲ့ နိုင်ငံခြားသတင်းထောက်အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် မာ့ခ်ဟာ နိုင်ငံတကာရောင်းအားအကောင်းဆုံး စာအုပ်တွေဖြစ်တဲ့ Salt, Cod, The Basque History of the World စတဲ့စာအုပ်တွေကို ရေးသားခဲ့သူဖြစ်ပြီး စာပေဆိုင်ရာဆုတံဆိပ်တွေကိုပါ ရရှိထားသူလည်း ဖြစ်ပါတယ်။
Paper: Paging Through History စာအုပ်ရဲ့အနှစ်ချုပ်မှတ်စုကိုတော့ အခန်း(၃)ခန်း ခွဲပြီးရေးသားထားပါတယ်။
ပထမခန်း : စာပေရေးသားခြင်း၏ အစ
ဒုတိယခန်း : စက္ကူ၏ မူလမွေးဖွားရာဇာတိ
တတိယခန်း : လူ့သမိုင်းကို သက်ရောက်မှုကြီးမားခဲ့သော စက္ကူ
အင်မတန်ဗဟုသုတလည်းရ၊ စိတ်ဝင်စားဖို့လည်းကောင်းတာမလို့ မိနစ်၃၀ပေးပြီး ခုပဲသွားပြေးဖတ်လိုက်တော့နော်။
Mark Kurlansky
ရောင်နီ ( Book Review Sharing )
Keep Reading