Author's Profile Photo

Content by Di

30/07/2024

မိမိကိုယ်မိမိခွင့်လွှတ်တတ်ခြင်း ✨

1 min read
Personal Development
General Knowledge
18 Again
မိမိကိုယ်မိမိခွင့်လွှတ်တတ်ခြင်း ✨'s photo

ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ်ပြီလား ?

ဘဝမှာ...သူတစ်ပါးကို ခွင့်လွှတ်တတ်ဖို့လိုသလို
ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်တတ်ဖို့အရမ်းအရေးကြီးပါတယ်။

ကျွန်တော်တို့တွေဟာ နှလုံးသားနဲ့ တည်ဆောက်ထားတဲ့
လူသားတွေဖြစ်တဲ့အလျောက် အမှားတွေနဲ့မကင်းကြပါဘူး။

ကျွန်တော်တို့ဟာ..တစ်ခုခုအမှားလုပ်မိပြီဆိုရင်
အရင်ဆုံး ကိုယ့်ကိုယ်ကိုအပြစ်တင်တတ်ပါတယ်။

" ငါဒီလိုလုပ်ခဲ့လို့ ... ဒီလိုမှားသွားတာ ..."
" ဒီလိုမလုပ်ခဲ့မိရင်ကောင်းသား..." ဆိုတဲ့ အပြစ်တင်တဲ့စကားကို တော်တော်များများ ပြောဆိုတတ်ပါတယ်။ ( ကျွန်တော်အပါအဝင်ပေါ့ဗျာ)

ဒါပေမဲ့ ...ဒီအမှားကနေ ဘယ်လို lesson တွေရလိုက်လဲလို့ ရှာဖွေတတ်တဲ့အကျင့်လေးကတော့ပါမလာခဲ့ပါဘူး။

ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ခြင်းရဲ့ အဓိကဆိုးကျိုးက...
ကိုယ်ရှေ့ဆက်မဲ့ လမ်းကြောင်းတွေကို ပိတ်ပင်သွားစေတာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်သေးသရွေ့...
ကျွန်တော်တို့ဟာရှေ့ဆက်သွားလို့ရမှာမဟုတ်ပါဘူး။

ဒီတော့...ဘယ်ကိစ္စမဆိုအမှားတစ်ခုခုလုပ်မိတဲ့အခါ
ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေမဲ့အစား ...

ဒီကနေဘယ်လို #Lesson လေးတွေရလိုက်လဲဆိုတဲ့ ... ရှာဖွေတတ်တဲ့အလေ့အကျင့်လေးတစ်ခုမွေးမြူခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်နိုင်သူတွေဖြစ်ကြပါစေ။

ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ခြင်းဖြင့်လည်း... ဘဝရဲ့လမ်းကြောင်းအသစ်တွေရှာဖွေနိုင်ကြပါစေ?။

#မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျား။
#content_by_d

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အခြေအနေအရ ဖြစ်တည်မှု