Honey cho
ကျွန်မတို့ လူ့လောကကြီးမှာ လူရယ်လို့စတင်ဖြစ်လာချိန်မွေးဖွားချိန်ကနေ သံသရာတစ်ပတ်လည်သည့်အချိန်သေဆုံးချိန်ထိ လူလူချင်း ဂာစကားမပြောဘဲတသီးတခြားထဲ ရပ်တည်ရှင်သန်နေထိုင်လို့မရပါဘူး။
"ရောမရောက်ရင် ရောမလိုကျင့်"ဆိုတဲ့အတိုင်း ဘဝမှာ လူမှုပတ်ဝန်းကျင်နဲ့ ဆက်ဆံနေထိုင်တဲ့အခါမှာ နေတတ်စားတတ်ဖို့ ရှဉ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ သဘောနေထိုင်ဖို့ကို လုံးဝလမ်းပျောက်နေတယ်ဆိုရင်တော့ ဒီစာအုပ်လေးနှစ်အုပ်ကသင့်ကိုလမ်းပြပေးပါလိမ့်မည်။
ပထမဆုံးစာအုပ်လေးကတော့ The concise laws of human nature ဆိုတဲ့ လူ့သဘော လူ့မနောလို့ခေါ်တဲ့English to Myanmar ဘာသာပြန်စာအုပ်လေးဘဲဖြစ်ပါတယ်။
သူဟာလည်း အမေရိကန်နိုင်ငံရဲ့ News York times ရဲ့best selling author ဖြစ်တဲ့ Robert Greene ရေးသားထားတာဖြစ်ပါတယ်။
နောက်တစ်အုပ်ကတော့ ဦးနု မိတ္တဗလ ဋီကာဘဲဖြစ်ပါတယ်။
How to win friends and influence people လို့လည်းခေါ်ပါသေးတယ်။
သူဟာလည်းလုံးဝကို အနှစ်သာရပြည့်ဝပြီး ကောင်းမွန်တဲ့ဘဝနေထိုင်နည်းတွေကို လမ်းညွှန်ပေးနိုင်မှာဘဲဖြစ်ပါတယ်။
စာဖတ်သူများ
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဆုမွန်ကောင်းတောင်းလျက်
မဟန်နီ
Keep Reading