ယဥ်သီရိလှိုင်(ဆောင်း)
ကျွန်မတို့ ဟိုးငယ်ငယ်မူကြိုကစပြီး ကျောင်းပြီးတဲ့အထိသင်ခဲ့ရတာတခုရှိပါတယ် ကုန်ကုန်ပြောရရင်တော့4ခုပေါ့ ဘာလဲဆိုတော့ ပြောသည်ဆိုတဲ့ဝေါဟာရစကားလုံးတခုပါ ကျွန်မတို့ပြောသည်ဆိုတာကို4မျိုးခေါ်ကြပါတယ်
1. talk=ပြောသည်
2. Say=ပြောသည်
3. Tell=ပြောသည်
4. Speak=ပြောသည်
ဒီလိုမျိုးသိကြပါတယ် ဒီ4မျိုးလုံးကိုမြန်မာလိုဘာသာပြန်တဲ့အခါပြောသည်လို့ဘဲသိကြပါတယ် ကျွန်မကိုယ်တိုင်လဲဒီလိုဘဲသိခဲ့ပါတယ် စာဖတ်သူတို့ရောဘယ်လိုမျိုးသိကြလဲ သိတာချင်းကွာချင်ကွာလိမ့်မယ် အခုကျွန်မပြောပြတာကိုစာဖတ်သူတို့
သိရင်လဲသိနေပါလိမ့်မယ် ဒါပေမယ့်မသိသေးတဲ့သူတွေအတွက် ရှင်းပြပေးပါရစေ
နံပါတ် (1 ) Talk
Talkလိုပြောတဲ့နေရာမှာပြောသည်ဆိုတာမှန်ပါတယ် ဒါပေမယ့်ဘယ်နေရာမှာသုံးတာလဲဘာအတွက်သုံးတာလဲ talk ကို discuss လိုအဓိပ္ပာယ်ဖွဲပါတယ် discussဆိုတာဆွေးနွေးသည်ဟုအဓိပ္ပာယ်ရပါတယ်
ဥပမာ -We often talk business=ငါတို့တခါတရံစီးပွားရေးအကြောင်းစကားပြောကြတယ်
ဒီစာကြောင်းကgrammerမှားချင်မှားနေပါလိမ့်မယ်ဒါပေမယ့်စာဖတ်သူတို့နားလည်မှာပါ ငါတို့တခါတရံစီးပွားရေးအကြောင်းစကားပြောကြတယ်ဆိုတာဟာ စီးပွားရေးအကြောင်းဆွေးနွေးတယ်ဆိုတာကိုပြောချင်တာပါ ဒါကြောင့်talkဆိုတဲ့စကားလုံးကိုတခုခုဆွေးနွေးတဲ့နေရာမှာသုံးပါတယ်
နံပါတ် (2)Say
Sayကတော့ referလို့ဆိုလိုပါတယ် တခုခုကိုရည်ညွှန်းချင်တဲ့အခါကိုးကားပြီး ပြောချင်တဲ့အခါသုံးပါတယ်
ဥပမာ -I said that I love you
ငါမင်းကိုချစ်တယ်လို့ပြောခဲ့တယ် said သူပြောတယ် ချစ်တယ်လို့ပြောတာကိုရည်ညွှန်းလိုက်တာပါ ဒါကြောင့်sayကိုတခုခုကိုရည်ညွှန်းပြီး ပြောချင်
တဲ့အခါမှာသုံးပါတယ်
နံပါတ် (3) Tell
Tell ကိုnarrate လို့အဓိပ္ပာယ်ရပါတယ် ဇာတ်ကြောင်းတခုခုကိုပြောပြတာ အကြောင်းရာတခုခုကိုပြန်ပြောပြတဲ့နေရာမှာtellကိုသုံးပါတယ်
ဥပမာ-Please tell me about yourself ကျေးဇူးပြုပြီးသင့်အကြောင်းကိုပြောပြပါ
အကြောင်းရာတခုခုကိုပ့န်ပြောပြတဲ့နေရာပြောပြခိုင်းတဲ့နေရာမှာသုံးပါတယ် telling the storyပုံပြင်ပြောတယ် ဒီလိုမျိုးပါ
နံပါတ် (4)Speak
Speak ကို language and chat လို့အဓိပ္ပာယ်ရပါတယ် ဘာသာစကားတခုခုပြောတဲ့အခါမျိုး စကားစမြည်ပြောတာမျိုးတွေမှာspeakကိုသုံးပါတယ်
ဥပမာ-Do you speak English မင်းအဂ်လိပ်စကားပြောတတ်လား
They speak a strange dialect ထူးဆန်းတဲ့ဒေသိယစကားတွေကိုသူတို့ပြောကြတယ်
အခုပြောပြသွားတာလေးတွေက ကျွန်မတို့မှားတတ်တာလေးတွေမသိသေးတာလေးတွေကို ရေးသားဖော်ပြပေးသွားတာပါ ဗဟုသုတလေးတခုပြန်ဝေမျှတာမို့ စာဖတ်သူများအတွက် မထောက်ကူဖြစ်နိုင်ကြပါစေ ဗဟုသုတတွေဒီထက်ပိုပြီးတိုးပွားနိုင်ကြပါစေရှင့်
အမှားပါခဲ့ရင်သည်းခံဖတ်ပေးကြပါဦးနော်
ချစ်သောreadersလေးတွေ?
Keep Reading