Leo(Nann)❤️
Leoရဲ့စာဖတ်သူလေးတွေရေ.......
sarphatမှာ idiomတွေကိုမျှဝေပေးခဲ့တာ
အပိုင်း(၄)ပိုင်းအထိရှိခဲ့ပါပြီနော်။ အခုတစ်ခါမှာလဲ ထပ်မံမျှဝေပေးသွားပါဦးမယ်ရှင့်။
English 4 skills အတွက်လျစ်လျှူရှုထားလို့
မရတဲ့ idiomsလေးတွေဟာဆိုရင် လေ့လာလို့မကုန်ဆုံးနိုင်အောင်ဘဲရှိနေပါပြီ။
ဒီနေ့မှာတော့ leoက ခန္ဓာကိုယ်အစိတ်အပိုင်း(Human body parts)တွေနဲ့ဖွဲ့စည်းထားတဲ့
English idioms လေးတွေကို
ပြောပြပေးသွားပါမယ်နော်။
Body partsတွေနဲ့ဖွဲ့စည်းထားတဲ့
idiomတွေဟာအများအပြားကိုဘဲရှိနေတာပါ။ဒါ့ကြောင့်အပိုင်းလေးတွေခွဲပြီးဖော်ပြရေးသားပေးသွားပါမယ်နော်။
ဒီဆောင်းပါးလေးကိုတော့ Idioms comprising with body partsရဲ့
Part(1)အဖြစ်ဖော်ပြပေးသွားမှာ
ဖြစ်ပါတယ်။
မှတ်သားရလွယ်ကူတာမို့ Leoနဲ့အတူလေ့လာကြည့်ရအောင်လားရှင့်။
__________________________________
Idioms comprising with body parts
Part(1)
__________________________________
????????????
(1)Cost an arm and a leg
Cost an arm and a leg =Something is very expensive.
ဒီIdiomလေးကို အရာဝတ္ထုတစ်ခုခုဟာ အင်မတန်စျေးကြီးတယ်လို့ပြောတဲ့အခါမှာသုံးလေ့ရှိပါတယ်။
For example,
This shirt costs an arm and a leg . I will buy gold instead of it. ဒီရှပ်အင်္ကျီက မတရားဈေးကြီးလိုက်တာ။ ငါ ဒါကို ဝယ်မဲ့အစား ရွှေဘဲဝယ်တော့မယ်။
------------------------------------
????????????
(2)Heart in your mouth
Heart in your mouth=extremely frightened or anxious
ဒီidiomလေးကတော့ စိတ်ထဲမှာ အလွန်ကြောက်ရွံ့ထိတ်လန့်နေတဲ့အခါ နဲ့စိုးရိမ်ပူပန်မိတဲ့အခါတွေမှာအများဆုံး
သုံးလေ့ရှိပါတယ်။
For example,
What would you do when the heart is in your mouth?Face with your fear or cry ? မင်းအရမ်းကြောက်နေတဲ့အခါ မင်းဘာလုပ်မှာလဲ။မင်းရဲ့အကြောက်တရားကိုရင်ဆိုင်မလား။ငိုနေမှာလား။
------------------------------------
????????????
(3)Give someone the cold shoulder
give someone the cold shoulder
=ignore someone
"တစ်စုံတစ်ဦးကို လစ်လျှူရှုသည်"အနေနဲ့သုံးပါတယ်။
For example
Give Su Su the cold shoulder.She is not a good one to speak as she is so rough. စုစုကို လစ်လျှူရှုထားလိုက်စမ်းပါ။ သူမက ရိုင်းလွန်းလို့ ၊စကားပြောဖို့ကောင်းတဲ့သူမဟုတ်ဘူး။
------------------------------------
????????????
(4)Cold feet
cold feet=to feel nervous before a big event.
ကိစ္စကြီးကြီးမားမားတစ်ခုမဖြစ်ခင်မှာ
ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်လှုပ်ရှားခြင်း၊စိတ်ရှုပ်ထွေးခြင်းကို
ဖော်ပြရာမှာ cold feetကိုသုံးပါတယ်။
For example,
I got cold feet before I made this decision. ငါဒီဆုံးဖြတ်ချက်ကိုမချခင်မှာ စိတ်ရှုပ်ခဲ့ရတယ်။
------------------------------------
????????????
(5)All ears
All ears=listening intently
"သေချာစွာနားထောင်သည်၊စိတ်အားထက်သန်စွာနားထောင်သည်"လို့အဓိပ္ပာယ်ရပါတယ်။
For example,
I was all ears to her because she was talking about my crush. သူမကငါ့ရဲ့crushအကြောင်းကို ပြောနေတာမို့ ငါစိတ်အားထက်သန်စွာနဲ့နားထောင်ခဲ့တယ်။
------------------------------------
အထက်မှာ ဖော်ပြပေးခဲ့တဲ့idiomလေးတွေကို စာဖတ်သူလေးတို့သဘောကျကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
လက်တွေ့အသုံးချကြည့်ကြပါလို့လည်း
တိုက်တွန်းပါရစေရှင့်။
အားလုံးကိုအစဥ်လေးစားလျှက်.....
Leo
Keep Reading