Min Khant (Verse)
တစ်ခါတလေ ကျွန်တော်တို့အဖြေပျောက်သလိုဖြစ်ကြတယ်၊ ပြောရမယ်ဆို တိုင်ပတ်ကြတယ်ပေါ့။ ဘာလုပ်ချင်မှန်းမသိ၊ ရေရေရာရာမဟုတ်ဘဲ တစ်နေ့တာသာကုန်သွားတယ် ကိုယ်လိုချင်နေတဲ့အဖြေကိုမသိဖြစ်ကြတယ်။
ဒါတွေက သင်တစ်ယောက်တည်းဖြစ်နေတယ်မထင်ပါနဲ့၊ ၁၀၀ မှာ အယောက် ၈၀ လောက်က အမြဲတိုင်ပတ်ပြီးလည်နေတာပါ။ သူတို့ရဲ့ passion က ဘာလဲဆိုတာသူတို့မသိဘူး၊ သူတို့ဘာဖြစ်ချင်ကြလဲ၊ ဘာဝါသနာပါသလဲဆိုတာကိုမသိကြဘူး။
ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုမို့ခေါင်းထဲကိုသိပ်ပြီးအဲ့တာနဲ့ပတ်သက်ပြီး Stress သိပ်မပိပါစေနဲ့။ ဒါပေမယ့် အဲ့လိုကလူတိုင်းဖြစ်တတ်ပါတယ်လေဆိုပြီး ကိုယ့်ကိုကိုယ်ဖြေသာအောင်တွေးပြီး နေ့ရက်တိုင်းနေချင်သလိုနေ၊ စားချင်သလိုစား ဆိုတာမျိုးနေခိုင်းတာမျိုးတော့မဟုတ်ပေ။
ပထမဆုံး ကိုယ့်ကိုကိုယ် မေးကြည့်ဖို့လိုပါမယ်။ သင့်ရဲ့မေးခွန်းတွေကို မညာတမ်းဖြေဖို့လိုအပ်တာက သင်ကိုယ်တိုင်ပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့မေးခွန်းတွေကိုသိရဖို့ သင်ကိုယ်သင် အရင်ဆုံး မေးခွန်းလေးတွေမေးကြည့်ပါ။
ဥပမာ - ငါပျော်နေရဲ့လား၊ ငါ Social Media ကြောင့် Stress ပိနေလား၊ ငါ ဘာဖြစ်ချင်တာလဲ၊ ငါ့ရဲ့ Passion ကဘာလဲ၊ ငါ ဘာလုပ်ရရင်ပျော်နေလဲ သသဖြင့် ကိုယ့်ကိုကိုယ်အရင်မေးကြည့်ပါ။
အဲ့လိုမေးကြည့်တဲ့အခါ ငါ ဘာဖြစ်ချင်တာလဲဆိုတာ မသိဘူး၊ ငါ့ရဲ့ဝါသနာကဘာလဲဆိုတာကို မသိဘူးဆိုရင်လည်း အရမ်းကြီး Depress ဖြစ်မသွားပါနဲ့။
တဖြည်းဖြည်းချင်းတည်ဆောက်လို့ရပါတယ်။ကျွန်တော်တို့ Passion တွေ နဲ့မဆိုင်တဲ့တခြားကိုယ့်ကိုကိုယ် Growth ဖြစ်ဖို့လုပ်လို့ရတာတွေကိုအရင်ဆုံးမွေးမြူပါ။
ဥပမာ - စာဖတ်တတ်တဲ့အလေ့အကျင့်၊ တရားထိုင်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ အိပ်ချိန်ပုံမှန်ထားတာ စတဲ့အရာလေးတွေပေါ့။ ဒီလို Habit ကောင်းလေးတွေကို အရင်ဆုံးမွေးမြူပါ။
ပြီးတော့ ကိုယ်ရူးသွပ်တာကိုရှာဖွေဖို့အတွက် လေ့လာနေပါ။ ကိုယ်ကဘာလုပ်ရရင်စိတ်ပျော်လဲ၊ အဲ့လိုပျော်တဲ့အရာ ၄ခုလား၊ ၅ခုလား အကုန်လုပ်ကြည့်ပါ။
တဖြည်းဖြည်းချင်း သင်လိုချင်နေတဲ့အဖြေတွေကိုသင့်ဆီကနေတွေ့ရပါလိမ့်မယ်။ ကျွန်တော်ဆိုရင်လည်း ဒိန်းဆိုပြီး စာရေးတာဝါသနာပါတယ်ကွာဆိုပြီးရေးဖြစ်သွားတာမဟုတ်ပါဘူး။
စာမရေးခင်မှာ ကျွန်တော် သီချင်းလည်းဆိုခဲ့တယ်၊ Online Shop လည်းလုပ်တာပဲ၊ တဖြည်းဖြည်းချင်းနဲ့ ကျွန်တော်တို့က Habit ကောင်းလေးတွေကိုမွေးမြူရင်း၊ စိတ်ဝင်စားတာလေးတွေကိုလေ့လာရင်းနဲ့ ကျွန်တော်တို့တကယ်ရှာနေတဲ့ အဖြေကိုတွေ့သွားပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။
ဒီ Post လေးကနေတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်၊ ရှယ်ပေးခြင်းအားဖြင့်သူငယ်ချင်းတွေသိသွားအောင်ကူညီနိုင်ပါတယ်။
Min Khant (Verse)
#minkhant #todaypost
Keep Reading