Moe
ဒီအပင်အကြောင်းကို ပြောပြပါ့မယ်ရှင့်။
ဒီအပင်ကတော့ ဟိုးအရင်တင်ဆက်ဖူးခဲ့တဲ့ ရေတကောင်းပင်၊နေနှင်းပေါက်ပင်နဲ့နတ်သမီးထောင်ချောက်ပင်တွေလိုမဟုတ်ဘဲ ရေထဲမှာပေါက်တာပါရှင့်။
ပေါက်ရောက်တာက ေရကန်တွေနဲ့ရေလွှမ်းနေတဲ့စပါးခင်းတွေမှာပေါက်ကြပါတယ်။အရွယ်ကတော့ပထမပုံမှာမြင်ကြရတဲ့အတိုင်းသေးပါတယ်ရှင့်။
အရွက်ကတော့ အစိမ်းရောင်ပါပဲရှင့်။
ပထမပုံထဲမှာမြင်ရသလို အမြစ်ပိုင်းကရေထဲမှာလုံးဝရောက်နေတာပါရှင့်။
ဘာလို့Bladder-wortလို့ခေါ်သလဲ?
စာဖတ်သူများသေချာကြည့်လိုက်ရင်ဒီအပင်ရဲ့အရွက်က ပူဖောင်းပုံစံရှိလို့ဒီလိုခေါ်ရတာဖြစ်ပါတယ်ရှင့်။
သားကောင်ဖမ်းပုံ
ဒီအပိုင်းကစိတ်ဝင်စားဖို့ကောင်းပါတယ်ရှင့်။
ဒီအပင်တွေရဲ့ပူဖောင်းအိတ်(ဒုတိယပုံ)ရဲထိပ်မှာ အဝသေးသေးလေးရှိနေပါတယ်ရှင့်။
အဲ့ဒီပူဖောင်းအိတ်ရဲအဝမှာရှည်တဲ့အမွေး(အခင်)လေးတွေပါ ပါတယ်ရှင့်။
ရေစီးကြောင်းမှာပါလာတဲ့ပိုးကောင်လေးတွေက သူတို့အရွယ်လေးတွေနဲ့ရေရဲ့စီးဆင်းဒဏ်ကိုမခံနိုင်တဲ့အဆုံးအဲ့ဒီအမွေးတွေကိုတွန်းပြီးပူဖောင်အ်တ်ထဲကိုဝင်သွားတတ်ပါတယ်ရှင့်။ပိုးကောင်ဝင်သွားရင် အမွေး(အခင်)တွေကautoပိတ်သွားမှာပါ။ဒီလိုနည်းနဲ့သားကောင်ဖမ်းတာဖြစ်ပါတယ်ရှင့်။
#Moe
Keep Reading