Default Profile Photo

SarPhat User

26/07/2024

ရက်နဲ့ လျက်

1 min read
Book Review
Education
General Knowledge
ရက်နဲ့ လျက်'s photo


*****
ရေးထုံး သတ်မှတ်ထားပုံကို သိထားမှ စာရေးတဲ့အခါ လျော်ကန်အောင် ရေးစီနိုင်မှာ ဖြစ်ပါတယ်။
သမ္ဗန္ဓအနေနဲ့ 'လျက်'လို့ သတ်မှတ်ထားတာပဲ ရှိပြီး 'ရက်'လို့ သတ်မှတ်ထားတာ မရှိပါ။ သမ္ဗန္ဓအသုံး 'လျက်'ကို အသံထွက်ရင်တော့ 'လယက်'ဖြစ်ဖြစ်၊ 'ယက်'ဖြစ်ဖြစ် ၂ မျိုးထဲက နှစ်သက်ရာတစ်မျိုး အသံထွက်နိုင်ပါတယ်။ ဒါကြောင့် စာရေးတဲ့အခါ 'အရေးစကားပြေ'နဲ့ ရေးရေး၊ 'အပြောစကားပြေ'နဲ့ ရေးရေး 'လျက်'လို့ပဲ ရေးသားရပါမယ်။
* ဘေးချင်းကပ်'လျက်' နေသည်။
* ဘေးချင်းကပ်'လျက်' နေတယ်။
သမ္ဗန္ဓအသုံး 'လျက်'ကို အဓိပ္ပာယ် ၂ မျိုး သတ်မှတ်ထားတာ လေ့လာကြည့်နိုင်ပါတယ်။
* လျက် (သမ္ဗန္ဓ)= (၁) ရှေ့ကြိယာနှင့် နောက်ကြိယာတို့၏အနက်ကို တစ်ပြိုင်နက် ဖြစ်ကြောင်း ပြသော စကားလုံး။ (၂) ရှေ့ဝါကျနှင့် နောက်ဝါကျကို ဆန့်ကျင်သောအနက်ဖြင့် ဆက်ပေးသော စကားလုံး။
'လျက်'ရဲ့ သမ္ဗန္ဓအသုံးအဓိပ္ပာယ် ၂ မျိုးကို နမူနာဝါကျတွေနဲ့ လေ့လာကြည့်နိုင်ပါတယ်။
(၁) မှောက်'လျက်' အိပ်သည်။
(၂) ဆုံးမပါ'လျက်' နားမထောင်။
ဒါတွေက 'အရေးစကားပြေ'နဲ့ ရေးစီထားတဲ့ ဝါကျတွေ ဖြစ်ပြီး 'အပြောစကားပြေ'နဲ့ ရေးစီရင်လဲ 'လျက်'ကိုပဲ သုံးရမှာ ဖြစ်ပါတယ်။
ကိုးကား ။ ။ အထက်ဖော်ပြပါ အကြောင်းအရာသည် ဆရာအေးကျော်မင်း၏ သင်ခန်းစာပို့ချချက်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။
#ရေးမယ်ထရိန်နင်
#အသုံးအနှုန်းအလွဲ
(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)
မယ်ရေးတို့ ဝေမျှနေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။
?Telegram channel
https://t.me/yaymaltraining
?Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5
?Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q
?LinkedIn
https://www.linkedin.com/company/yay-mal/
?Viber Channel
https://invite.viber.com/?g2=AQA6ciOWEhWMNlL7oX%2B%2Bh8GhiWmVgfetedr8mYgu%2B2FaeHFryD7Q6iib9uL3ZaAA

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ