Author's Profile Photo

Hnin

25/07/2024

နားလည်မှုလွှဲနေကြတဲ့အခါ

1 min read
Personal Development
General Knowledge


ကျွန်မတို့မှာလေ လောကကြီးကို ဖြတ်သန်းနေကြရင်း ကြုံတွေ့ရတတ်တဲ့ ကိစ္စလေးတစ်ခုပြောပြမယ်နော။ အဲဒါကတော့ လူနှစ်ယောက်ရဲ့ကြားထဲမှာနေရတာဘဲ။ တစ်ဖက်လူကပြောချင်တဲ့အကြောင်းအရာကို ကိုယ်ကနားလည်တယ်။ကျန်တစ်ဖက်လူပြောတာကိုလည်း ကိုယ်ကနားလည်တယ်။ဒါပေမဲ့ အဲဒိလူနှစ်ယောက်က အချင်းချင်းနားလည်မှုလွှဲနေကြတာဆိုတာ ကိုယ်ကသိနေတယ် ဒါပေမဲ့ မြန်မာစကားပုံလေးတစ်ခုရှိတယ်လေ ကြားသုံးကြား မဝင်ကောင်းဘူးတဲ့။ကိုယ်ဝင်ပါလိုက်မှ ရှုတ်သွားမှာလည်းစိုးတယ်။အဲလို အချိန်လေးတွေ စာဖတ်သူတွေကြုံဖူးလားတော့ မသိဘူး။.

ကျွန်မကတော့လေ အဲဒိအခါကျရင် နှစ်ဖက်လုံးစကားကို သေချာနားထောင်ကြည့်ပြီး ဘာကြောင့်အဲလိုဖြစ်ရတာလဲဆိုတဲ့ အဓိကအချက်ကို ရှာကြည့်လိုက်တယ်။လူတစ်ယောက်မှာ ဆိုးကွက်ရော၊ကောင်းကွက်ရော ရှိတဲ့အတွက် တစ်ဖက်လူဆီမှာ ဆိုးကွက်ရယ်၊ကောင်းကွက်ရယ် ရှာကြည့်လိုက်တယ်၊ ကျန်တစ်ဖက်ကိုလည်း ဆိုးကွက်၊ကောင်းကွက် ကြည့်လိုက်တယ် ၊အဲဒါပြီး ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကိုရှာပြီး သင်ခန်းစာယူလိုက်တယ်။.

လောကကြီးက သိပ်ကိုမာယာများပါတယ်။ကိုယ်ထင်ထားတဲ့အရာတွေက ဖြစ်မလာတတ်သလို၊မထင်ထားတဲ့အရာတွေက ဖြစ်လာတတ်တယ်။ လူမှုပတ်ဝန်းကျင်မှာ ကိုယ်ဝင်ပါလိုက်မှ အဆင်ပြေသွားမယ်ဆိုတဲ့အရာတွေရှိသလို၊ ကိုယ်ဝင်ပါလိုက်မှပိုရှုတ်သွားတတ်တဲ့ အခြေအနေတွေရှိတတ်ပါတယ်။.

လုပ်ငန်းခွင်၊ပတ်ဝန်းကျင်တစ်ခုမှာနေရင် ကိုယ်ဘယ်လိုမျိုးရှင်သန်နေထိုင်မလဲဆိုတာလည်း အရေးကြီးပါတယ်။


Hnin(25.7.24)9pm

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်