Author's Profile Photo

SarPhat Author

21/11/2023

ထိုင်းနိုင်ငံမှာ ကျောင်းတတ်ချင်တဲ့ လူငယ်များအတွက် Child Dream ပညာသင်ဆု။

1 min read
Personal Development
Education
General Knowledge
ထိုင်းနိုင်ငံမှာ ကျောင်းတတ်ချင်တဲ့ လူငယ်များအတွက် Child Dream ပညာသင်ဆု။'s photo

ဒီနေ့တော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တွေမှာ ပညာသင်ကြားလိုသူတွေအတွက် Child's Dream ပညာသင်ဆုအကြောင်းကို မျှဝေပေးချင်ပါတယ်။

Child's Dream ဆိုတာ ဘာလဲ?

Child's Dream ဆိုတာ မြန်မာနိုင်ငံလူငယ်တွေ ထိုင်းနိုင်ငံက တက္ကသိုလ်​တွေမှာ အဆင့်မြင့် ပညာရေးကို ဆက်လက်သင်ကြားနိုင်ဖို့ Undergraduate Degree အတွက် ပညာသင်ဆု အပြည့်အဝ (100% Fully-funded) ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Child's Dream ပညာသင်ဆုရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားမှာ ပညာသင်ပြီး တတ်မြောက်လာတဲ့ ပညာရပ်တွေကို မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်လိုသူများအတွက် ရွေးချယ်ပေးအပ်တဲ့ Need-based Program တစ်ခုဖြစ်ပါတယ်။

Child's Dream ပညာသင်ဆုက Grant သဘောမျိုးဖြစ်တာကြောင့် ငွေကြေးပိုင်းသာ ထောက်ပံ့ပေးမှာဖြစ်ပြီး ကျောင်းဝင်ခွင့်ရရှိဖို့ကတော့ မိမိကိုယ်တိုင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

တက်ရောက်နိုင်တဲ့ တက္ကသိုလ်များနှင့် ဘာသာရပ်များ။

- Asia-Pacific International University
Education in Teaching
- King Mongkut
Software Engineering
- Mahidol University
Environmental Science
- Rangsit University
International Relations and Development
- Mae Fah Luang University
Public Health, Environmental Health
- Bangkok University
Communication strategy and Ideation, Innovative Media Production
- Chiang Mai University
Social Science, Economics, Environmental Science
- Thammasat University
Civil Engineering, Mechanical Engineering, Social Policy and Development, Global Studies and Social Entrepreneurship အစရှိတဲ့ဘာသာရပ်တွေကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။

ပညာသင်ဆုရဲ့ အကျိုးကျေးဇူးများ။

- Tuition Fees
- Rental Expense, Food, Transportation Fees
- Uniform Fees, Lab Fees, Books and etc
- Health Insurance and Other Fees
- Visa Fees, Passport Fees, Air Ticket Fees

ပညာသင်ဆုလျှောက်ဖို့ ဘာတွေသတ်မှတ်ထားလဲ?

- လျှောက်ထားမဲ့သူဟာ အသက် (၃၀) နှစ်အောက် မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
- ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် Financial Aid အမှန်တကယ် လိုအပ်နေသူဖြစ်ရပါမယ်။
- မိမိလျှောက်မယ့် Program အပေါ်မူတည်ပြီး ဘာသာစကား English Language or Thai Language ကျွမ်းကျင်ရပါမယ်။
- တစ်ခြားမည်သည့်အဖွဲ့စည်းများမှ ငွေကြေးထောက်ပံ့မှုရရှိထားသူ မဖြစ်ရပါဘူး။
- UNHCR မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေမဖြစ်ရပါဘူး။

လိုအပ်တဲ့ Documents များ။

- ၆ လအတွင်း ရိုက်ထားတဲ့ Passport-sized ဓာတ်ပုံ။
- မှတ်ပုံတင်။
- အိမ်ထောင်စုဇယား။
- မိမိရဲ့လက်မှတ် Scan။
- Passport ( လျှောက်ထားချိန်မှာ Passport မရှိသေးလဲ ရပါတယ်။)
- တက်ရောက်ခဲ့တဲ့ ကျောင်းမှ (Academic Transcripts)။
- English Proficiency Test ( IELTS/ TOEFL,GED)။
- Recommendation Letters ၂စောင် ( Academics and Work)။
- မိမိတက်ရောက်ထားသောသင်တန်းများမှ Certificates များ။
- Essay 3 ပုဒ်ကို ရေးသားပြီး Application Form ကိုတင်သွင်းနိုင်ပါတယ်။
(Character 3000 ရှိတဲ့ Essay 3 ပုဒ်ကို ရေးသားရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက Character 3000 နှင့် Words 3000 မတူတာကို သတိထားစေချင်ပါတယ်။)

ပညာသင်ဆု Apply Process ကြာချိန်။

- Deadline (28th February)
- December to February (Application Form Opens)
- March (Shortlist Candidates)
- April (Interview Process)
- May (Selected Applicants)
- June to August (Start to Attend Universities)

အသေးစိတ် ထပ်မံသိရှိလိုပါက Child’s Dream ရဲ့ Official Website မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို Email address ဖြစ်တဲ့ [email protected] သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဒါဆိုရင်တော့ Child Dream ပညာသင်ဆုအကြောင်းကို သေချာလေးသိရှိသွားမယ်လို့ ထင်ပါတယ်။ လူငယ်တွေအနေနဲ့လည်း ကိုယ်ရည်မှန်းထားတဲ့ တက္ကသိုလ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။







Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း