Author's Profile Photo

WANA THU

24/07/2024

အခက်အခဲတွေများနေရင် ဒီစာအုပ်လေးတွေဖတ်ပါ

6 mins read
Book Review
General Knowledge
18 Again
အခက်အခဲတွေများနေရင် ဒီစာအုပ်လေးတွေဖတ်ပါ's photo

အခက်အခဲ၊ အကျပ်အတည်းကြားမှာ ရုန်းကန်ရှင်သန်နိုင်စွမ်းရှိစေဖို့ ဖတ်ရမယ့်စာအုပ် (၁၅) အုပ်

အခက်အခဲတွေ၊ ပြဿနာတွေဆိုတာရှောင်လွှဲလို့ရတဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။

လူတိုင်းတစ်နည်းမဟုတ် တစ်နည်းနဲ့ ကြုံနေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို စိတ်ခွန်အားကောင်းကောင်းနဲ့ ဖြေရှင်းကျော်လွှားနိုင်သူတွေ ရှိပါတယ်။

သူတို့တွေလို ကိုယ်လည်း အောင်အောင်မြင်မြင် ရင်ဆိုင်ဖြတ်သန်းနိုင်ချင်တယ်ဆိုရင်တော့ စာအုပ်တွေထဲမှာ နည်းလမ်းရှာပါ။

အခက်အခဲ၊ အကျပ်အတည်းကြားမှာ အကောင်းမွန်ဆုံး ရှင်သန်နိုင်ဖို့ ကူညီပေးမဲ့ စာအုပ် (၁၅) အုပ်ကိုလဲ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

PDF တွေဟာ မိနစ် ၃၀ စာ ဘာသာပြန်အနှစ်ချုပ်တွေဖြစ်ပါတယ်။

> ၁။ Frida

PDF - https://t.me/black_white_Library/17015/17270

မက္ကဆီကန်တွေရဲ့ အသည်းကျော် ဂန္ထဝင်မြောက်တဲ့လက်ရာပိုင်ရှင်လို့ ပြောလိုက်ရင် "ဖရီဒါ ခါလို" ကိုသတိရမိကြမှာပါ။ ဖရီဒါဟာ သူမရဲ့ ပုံတူ (self-portraits) ပန်းချီတွေကိုပဲ အများဆုံး ဆွဲလေ့ရှိပြီးထူထဲတဲ့မျက်ခုံး နဲ့ ခေါင်းပေါ်မှာ ပန်ထားတဲ့ ပန်းကုံးတွေကို အဲဒီပုံတွေထဲမှာ တွေ့မြင်ရလေ့ရှိပါတယ်။

ဖရီဒါဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပေမဲ့သူမရဲ့ ဘဝလောကဓံကတော့ အတော်လေး ကြမ်းတမ်းခဲ့ပါတယ်။ သူမဟာ အသက် (၆)နှစ်အရွယ်မှာ ပိုလီယိုရောဂါ ခံစားခဲ့ရသလို၊ အသက် (၁၈)နှစ်မှာ ကားအက်စီးဒင့်ကြောင့် အရိုးတွေကျိုးပြီး ခွဲစိတ်ကုသမှု (၃၂)ကြိမ်လောက် လုပ်ခဲ့ရပါတယ်။

သူမရဲ့အိမ်ထောင်ရေးကလည်း လောကဓံတွေ အပြည့်နဲ့ပါ။ ဖရီဒါဟာ အောင်မြင်မှုတွေကို ကောင်းကောင်းကြီးရယူနိုင်သေးတဲ့ အသက်(၄၇)နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

ကြီးမားတဲ့ဆင်းရဲဒုက္ခတွေ၊ ခက်ခဲကြမ်းတမ်းတဲ့လောကဓံတွေနဲ့အတူ ထူးခြားတဲ့စွမ်းရည်တွေနဲ့ ပြည့်နှက်နေတဲ့ ဖရီဒါရဲ့ ဘဝဇာတ်လမ်းဟာ သူမရဲ့ ပန်းချီလက်ရာတွေလိုပဲ ဒီနေ့တိုင် စိတ်ဝင်စားဖို့ ကောင်းနေဆဲပါ။

ဒီနေ့ လေ့လာရမဲ့ Frida စာအုပ်မှာတော့ ဖရီဒါ ခါလိုရဲ့ ဘဝဇာတ်ကြောင်းတွေ၊ ကြုံတွေ့ခဲ့ရတဲ့ ကြမ္မာဆိုးတွေအပြင် သူမရဲ့ အနုပညာလက်ရာတွေအကြောင်းကိုပါ လေ့လာ ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

> ၂။ Educated

PDF - https://t.me/black_white_Library/17015/17277

"သင်ယူလေ့လာခြင်း" (learning) ဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးမှုမရှိခဲ့တဲ့ မိန်းကလေးတစ်ဦးနာမည်ကတော့ Tara Westover ...II

သူမရဲ့ငယ်ဘဝတစ်လျှောက်လုံးကို ဖခင်ဖြစ်သူရဲ့ ပစ္စည်း ဟောင်းဂိုဒေါင်ထဲမှာ ကုန်ဆုံးခဲ့ရပါတယ်။ အသက် (၁၇)နှစ်မတိုင်ခင်အထိ ကျောင်းဆိုတာကို မရောက်ဖူးခဲ့ တဲ့အပြင် အစ်ကိုဖြစ်သူရဲ့ အကြမ်းဖက်နှိပ်ကွပ်မှုကိုပါ ခံခဲ့ရတဲ့ Taraရဲ့ ငယ်ဘဝဟာ အကြောက်တရားတွေနဲ့ ပြ ည့်နှက်နေခဲ့ပါတယ်။

Tara ဟာ ဆိုးရွားတဲ့မိသားစု ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရပြီး ကျောင်းမနေခဲ့ရဘဲ အိမ် မှာပဲစာသင်ရတဲ့အဆင့်ကနေ Brigham Young University (BYU) ကို ဝင်ခွင့်ရရှိခဲ့ပြီး သူမဘဝရဲ့ ထွက်ပေါက်ကို စတင်တွေ့ရှိခဲ့ပါတယ်။

သူမဟာ ၂ဝဝ၈ ခုနှစ်မှာ အနုပညာဘာသာရပ်နဲ့ Bachelor ဘွဲ့ရရှိခဲ့ပြီး Cambridge တက္ကသိုလ်ကို ဆက်တက်ခွင့်ရခဲ့ပါတယ်။

၂ဝဝ၉ ခုနှစ်မှာ Cambridge တက္ကသိုလ်ကနေ ဒဿနိကဗေဒနဲ့ Master ဘွဲ့ရရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်မှာ Harvard တက္ကသိုလ်ကနေ သမိုင်းပညာနဲ့ Ph.D ဘွဲ့ ရရှိခဲ့ပါတယ်။

ဒီနေ့လေ့လာရမယ့် Educated စာအုပ်ဟာ Tara Westover ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပြီး သူမရဲ့ခက်ခဲတဲ့ငယ်ဘဝ၊ သူမကြီးပြင်းခဲ့ရတဲ့ မိသားစု အကြောင်းတွေအပါအဝင် ပညာရေးက သူမရဲ့ဘဝကို ဘယ်လိုပြောင်းလဲပေးခဲ့သလဲဆိုတာတွေကိုပါ စိတ်ဝင်စားဖွယ် လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။

> ၃။ A Woman Makes a Plan

PDF - https://t.me/black_white_Library/17117

ဒီစာအုပ်ဟာ Maye Musk လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ အတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။

လူတော်တော်များများ ကတော့ Maye Musk ကို ကြားဖူးကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့သား Elon Musk ကိုတော့ လူတိုင်းနီးပါး သိကြပါလိမ့်မယ်။

ဒီစာအုပ်မှာ Elon Musk ရဲ့အမေဖြစ် သူ Maye Musk ရဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့ လောကဓံကို ကြံ့ကြံ့ခံနိုင်ပုံတွေကို လေ့လာဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

> ၄။ Can't Hurt Me

PDF - https://t.me/black_white_Library/17015/17279

Can't Hurt Meစာအုပ်ဟာ အမေရိကန် Navy SEAL တပ်ဖွဲ့ဝင်ဟောင်း David Goggins ရဲ့ ဘဝ အတွေ့အကြုံတွေနဲ့ လောကဓံကို ရင်ဆိုင်ပုံတွေ အကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

Goggins ဟာ လက်လျှော့အရှုံးပေးချင်စိတ် ပေါ်လာ တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆူဆဲမာန်မဲပြီး၊ အားနည်းချက် တွေကို ပြင်ဆင်နိုင်အောင် နာကျင်မှုတွေ ကြားထဲကနေ မဆုတ်မနစ် ကြိုးစားတတ်တဲ့ လူတစ်ယောက်ပါ။

ဒီစာအုပ်မှာ Goggins ဟာ သူ့ဘဝတစ်လျှောက် ကြုံတွေ့ ခံစားခဲ့ရတဲ့ ခက်ခဲမှုတွေကိုရော၊ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မောင်းနှင် မှု နည်းဗျူဟာတွေကိုပါ ပွင့်ပွင့်လင်းလင်း ရေးသား ဖော်ပြထားတာကို ဖတ်ရှုလေ့လာကြရမှာ ဖြစ်ပါတယ်။

> ၅။ The Story of My Life

PDF - https://t.me/black_white_Library/17281

The Story of My Life စာအုပ်ဟာ ဟယ်လင်ကယ် လာရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ်ဖြစ်ပြီး၊ သူမရဲ့မှတ်ဉာဏ်ထဲက ဖျောက်ဖျက်မပစ်နိုင်တဲ့ ရင်နင့် ဖွယ်အတွေ့အကြုံတွေကို လေးလေးနက်နက် ပြန်လည် ရေးသားဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ဟယ်လင်ကယ်လာတစ်ယောက် အမှောင်အတိပြီးတဲ့ကမ္ဘာထဲကို ရောက်ရှိသွားပုံတွေ၊ သူမရဲ့ နာကျင်ဖွယ်အခက်အခဲ တွေ၊ သူမရဲ့စိတ်ဓာတ်ကြံ့ခိုင်ပုံတွေ၊ သူမရဲ့အောင်ပွဲတွေ အားလုံးကို ဒီစာအုပ်မှာ လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။

> ၆။ The Last Lecture

PDF - https://t.me/black_white_Library/17283

ဒီစာအုပ်ဟာ ကင်ဆာရောဂါနဲ့ လပိုင်းလောက်ပဲ အသက် ရှင်ရတော့မယ့် ကွန်ပျူတာပညာရှင်တစ်ယောက်ရဲ့ နောက်ဆုံးသင်ခန်းစာ (Last Lecture) ကို လေ့လာရ မယ့် စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဖတ်ရှုပြီးတဲ့အခါ ကိုယ့်ဘဝမှာ ဘာအဖြစ်ချင်ဆုံးလဲ? ကိုယ့်ဘဝရဲ့ စိတ်ကူး အိပ်မက်တွေက ဘာတွေလဲ? မသေခင်မှာ ဘဝကို ဘယ်လိုနည်းနဲ့ ဖြတ်သန်းကြမလဲ? အစရှိတဲ့ မေးခွန်း တွေကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးနိုင်လာပါလိမ့်မယ်။

> ၇။ Emotional First Aid

PDF - https://t.me/black_white_Library/17285

အိမ်တိုင်းအိမ်တိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ကု သဖို့ ဆေးဗီဒိုတွေ ထားရှိကြပေမယ့်၊ စိတ်ပိုင်းဆိုင်ရာ ကု သဖို့တော့ ဆေးမရှိကြတာကို တွေ့ရပါတယ်။ ငြင်းပယ်ခံရမှု ၊ အထီးကျန်မှု၊ စိတ်ပျက်အားလျော့မှု အစရှိတဲ့ ခံစားချက်တွေဟာ လူတိုင်း မလွဲမသွေကြုံတွေ့ရပြီး၊ အချိန်မှီကုသသင့်တဲ့ စိတ်ဒဏ်ရာတွေ ဖြစ်ပါတယ်။

Emotional First Aid စာအုပ်မှာတော့ အဲဒီလို စိတ်ဝေဒနာတွေကို လျော့ပါးသက်သာစေမယ့် ရိုးရှင်းလွယ်ကူတဲ့ ဆေးနည်း တွေကို ဖော်ပြထားပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမျိုးစုံကို အရေးပေါ်ကုသနိုင်မယ့် ဆေးသေတ္တာလေးကို ပိုင်ဆိုင်နိုင်လာမှာ ဖြစ်ပါတယ်။

> ၈။ A Guide to the Good Life

PDF - https://t.me/black_white_Library/17335

ဒီစာအုပ်က Stoicism လို့ခေါ်တဲ့ အတွေးအခေါ် အကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ Stoicism ဆိုတာ ဘဝနေထိုင်မှုနဲ့ပတ်သက်တဲ့ အတွေးအခေါ်တစ်ခုပါ။ Stoicism က ဘဝကို အကောင်းမြင်စိတ်နဲ့ တည်တည်ငြိမ်ငြိမ် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။ စည်းစိမ်ဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှု၊ ချီးကျူးခံရမှု၊ ကဲ့ရဲ့ခံရမှု၊ အိုမင်းရင့် ရော်မှု၊ သေဆုံးမှုတွေကို မှန်မှန်ကန်ကန် အဓိပ္ပါယ်ဖွင့်နိုင် ဖို့အတွက် လေ့လာထားသင့်တဲ့ စာအုပ်ကောင်းလေးတစ် အုပ်ပါပဲ။

> ၉။ Reasons To Stay Alive

PDF - https://t.me/black_white_Library/17287

စိတ်ဓာတ်ကျခြင်း (depression) ဟာ အင်မတန် ဆိုးရွားတဲ့ ရောဂါတစ်ခုပါ။ အခုလို နိုင်ငံရေးမတည်ငြိမ် တဲ့အချိန်, ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်တွေမှာဆိုရင် စိတ်ဓာတ်ကျမှုတွေ, စိုးရိမ်သောကဖြစ်မှုတွေ ပိုပြီး ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေကျရင် လည်း ဘာကို စိတ်ဓာတ်ကျလို့ ကျနေမှန်းမသိဘဲ၊ ကိုယ့် ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်နေတတ်ပါတယ်။ စိတ်ကျရောဂါရဲ့ လက္ခဏာတွေဟာ ဘာလဲ? စိတ်ကျ ရောဂါ ခံစားနေရသူဟာ ဘယ်လိုခံစားနေရသလဲ? စိတ်ဓာတ်ကျခြင်းကို ဘယ်လိုရင်ဆိုင်ရမလဲ? အစရှိတဲ့ မေးခွန်းတွေကို Reasons to Stay Alive စာအုပ်မှာ လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။

> ၁၀။ 10% Happier

PDF - https://t.me/black_white_Library/17289

10% Happier စာအုပ်မှာ ABC သတင်းဌာနရဲ့ သတင်းထောက်နဲ့ အစီအစဉ်တင်ဆက်သူဟောင်း ဒန် ဟားရစ်စ် (Dan Harris) က သူ့ရဲ့ ပြင်းထန်တဲ့စိုးရိမ် သောကတွေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို တရား အားထုတ်ခြင်းကတစ်ဆင့် ထိန်းချုပ်နိုင်ခဲ့ပုံတွေကို ဖော်ပြထားပါတယ်။

Harris ဟာ တရားထိုင်ခြင်းနဲ့ပတ်သက်တဲ့ အယူအဆ မှားတွေကိုလဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် တရားအားထုတ်ပြီး အနေအေးသူတွေဟာ တခြားလူတွေ ရဲ့အနိုင်ယူဗိုလ်ကျမှုကိုခံရမယ်၊ တရားထိုင်ရင် ဘဝ အောင်မြင်မှုတွေကိုစွန့်လွှတ်ရမယ်၊ တရားထိုင်ခြင်းဟာ တီထွင်ဖန်တီးနိုင်စွမ်းကိုလျော့ကျစေတယ် အစရှိတဲ့ အယူအဆမျိုးတွေပါ။

တကယ်တော့ လူတစ်ယောက်ဟာ ဘဝအောင်မြင်မှုနဲ့ သတိရှိမှုကို မျှတအောင်ထိန်းညှိနိုင် စွမ်းရှိပါတယ်လို့ Harris က ဒီစာအုပ်မှာ ရှင်းလင်းဖော်ပြ ထားပါတယ်။

> ၁၁။ Savage Continent

PDF - https://t.me/black_white_Library/17015/17327

ဥရောပတိုက်ဆိုတာ လူတိုင်းသွားလာလည်ပတ်ချင်တဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ပြီး ကာလမှာ တော့ ဥရောပတိုက်ဟာ အနိဋ္ဌာရုံတွေနဲ့ ပြည့်နှက်နေတဲ့ ငရဲခန်းတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ Savage Continent စာအုပ်ဟာ စစ်ပြီးခေတ် ဥရောပတိုက်ရဲ့ ရုပ်ပိုင်း, စိတ် ပိုင်း ပျက်စီးမှုတွေ, ဥရောပသားတွေရဲ့ ဂျာမန်တွေကို ကလဲ့စားချေမှုတွေနဲ့ အကြမ်းဖက်မှုတွေအကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

> ၁၂။ Embracing Defeat

PDF - https://t.me/black_white_Library/17015/17329

Embracing Defeat စာအုပ်မှာတော့ ဒုတိယကမ္ဘာ စစ်ပြီးခေတ်နဲ့ အမေရိကန်တွေသိမ်းပိုက်ထားတဲ့ ဂျပန် နိုင်ငံအကြောင်း အဓိကရေးသားဖော်ပြထားတာကို တွေ့ ရပါတယ်။

သမိုင်းကို အနိုင်ရသူတွေကသာရေးတယ်လို့ ပြောလေ့ရှိ ကြပေမဲ့ ဒီစာအုပ်မှာတော့ ရှုံးနိမ့်သူတွေရဲ့ ရှုထောင့်က နေ သမိုင်းကြောင်းကိုရှုမြင်ရေးသားထားပါတယ်။ စာရေး သူဟာ သမိုင်းအချက်အလက်ရင်းမြစ် အများအပြားကို အသေးစိတ် ကောက်ယူစုဆောင်းခဲ့ပြီး ဂျပန်လူ့အဖွဲ့အစည်းအလွှာအသီးသီးက ပြည်သူတွေရဲ့အသံနဲ့ ရှုပ်ထွေးတဲ့လူမှုနိုင်ငံရေးတွေအကြောင်း ရှင်းလင်းဖော်ပြ ထားတာကို တွေ့ရပါတယ်။

> ၁၃။ The Better Angels of Our Nature

PDF - https://t.me/black_white_Library/17331

The Better Angels of Our Nature စာအုပ်ဟာ Bill Gates ကိုယ်တိုင် ဖတ်သင့်တယ်လို့ ညွှန်းဆိုထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ၂၁ ရာစုရဲ့ မျက်မှောက်ကမ္ဘာကြီးဟာ အတိတ်ကနဲ့ယှဉ်ရင် အကြမ်းဖက်မှုတွေ လျော့နည်းလာကြောင်းကို ဖော်ပြ ထားပါတယ်။

လူအများစုဟာ အကြမ်းဖက်မှုတွေကို သတင်းမီဒီယာတွေမှာ နေ့စဉ်တွေ့မြင်နေရာတာကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ လွန်ကဲနေတတ်ကြပါတယ်။ ဒါပေမဲ့ ဒီစာအုပ်ကို ဖတ်ပြီးရင်တော့ ဒီနေ့ခေတ်ကမ္ဘာ ကြီးဟာ အရင်ကထက် ငြိမ်းချမ်းသာယာကြောင်းကို သဘောပေါက်နားလည်လာမှာဖြစ်ပြီး၊ အနာဂတ်ကိုရင် ဆိုင်ဖို့ ခွန်အားတွေ ရလာနိုင်မှာဖြစ်ပါတယ်။

> ၁၄။ Abundance

PDF - https://t.me/black_white_Library/17015/17333

ရာသီဥတုတွေ ဖောက်ပြန်လာပြီ, လူဦးရေတွေထူထပ် လာပြီ, သဘာဝသယံဇာတတွေ ရှားပါးလာပြီ, ကမ္ဘာကြီး ပျက်စီးတော့မယ်လို့ သင်ခဏခဏ တွေးမိတယ်မဟုတ် လား? ဒီစာအုပ်ကတော့ ဒါနဲ့ပြောင်းပြန်ပါပဲ။ အနာဂတ် ကမ္ဘာကြီးမှာ ဘယ်လိုတိုးတက်ကောင်းမွန်မှုတွေ ရှိနေ တယ်ဆိုတာ ဒီစာအုပ်မှာ ဖတ်ရှုလေ့လာရမှာ ဖြစ်ပါ တယ်။

ဦးနှောက်ရဲ့ သဘာဝနဲ့၊ မီဒီယာတွေရဲ့ ပုံကြီးချဲ့မှုကြောင့်အနာဂတ်ကမ္ဘာကို အဆိုးချည်းပဲ မြင်နေတတ်ပါတယ်။

အနာဂတ်ကမ္ဘာမှာ ကောင်းမွန်တိုးတက်လာနိုင်ခြေ ရှိတာတွေ အများကြီးရှိပါတယ်။ လူသားတွေရဲ့ ဘဝတွေဟာအရင်တုန်းကထက် ပိုအဆင့်မြင့်ပြီး၊ ပိုကောင်းမွန်လာပါလိမ့်မယ်။ ဆင်းရဲချမ်းသာကွာဟမှု, လူဦးရေထူထပ်မှုတွေဟာလည်း ဝိုင်းဝန်းအဖြေရှာပြီး ဖြေရှင်းလို့ရနိုင်တဲ့ပြဿနာတွေပါ။ Abundance စာအုပ်ဟာ အရာရာတွေးကြောက်ပြီး ထိတ်ထိတ်လန့်လန့်နဲ့ မနေရဖို့အတွက်၊ ၂၁ ရာစုလူသား တိုင်း မဖတ်မဖြစ်ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လဲဖြစ်ပါ တယ်။

စာရေးဆရာ Peter H. Diamandis ဟာ အမေရိကန် နိုင်ငံသား အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဆရာဝန်ဘွဲ့လဲ ရရှိ ထားကာ စွန့်ဦးတီထွင်သမား တစ်ဦးလဲ ဖြစ်ပါတယ်။ သူ ဟာ XPRIZE ဖောင်ဒေးရှင်းကို တည်ထောင်ပြီး လူသား တွေရဲ့ အခက်အခဲတွေအတွက် ဆန်းသစ်တဲ့ အကြံဉာဏ်နဲ့ နည်းပညာတွေ တီထွင်နိုင်သူတွေကို မြေတောင်မြှောက်ပေးနေသူ ဖြစ်ပါတယ်။

> ၁၅။ The Rational Optimist

PDF - https://t.me/black_white_Library/17015/17337

ကမ္ဘာကြီးဟာ အရင်တုန်းကထက် ဆုတ်ယုတ်လာ သလား? သာယာဝပြောလာသလား? ၂၁ ရာစုမှာ အသက်ရှင်ရတာ ကံကောင်းသလား? ကံဆိုးသလား? ဒီ မေးခွန်းတွေဟာ ဖြေရတာ တော်တော်ခက်တဲ့ မေးခွန်း တွေ ဖြစ်ပါတယ်။ လူတစ်ချို့က ကမ္ဘာကြီးရဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ, ကပ်ရောဂါ ဖြစ်ပွားမှုတွေကိုကြည့်ပြီး အဆိုးမြင်ကြပါလိမ့်မယ်။ တစ်ချို့ကတော့ ကြောင်းကျိုး ဆင်ခြင်ပြီး အကောင်းမြင်တတ်ကြပါလိမ့်မယ်။

Rational Optimist စာအုပ်ကို ဖတ်ရှုလေ့လာပြီးရင် တော့ မျက်မှောက်ခေတ် ကမ္ဘာကြီးကို တိကျခိုင်လုံတဲ့ အချက်အလက်တွေနဲ့ အကောင်းမြင်တတ်လာမှာ ဖြစ်ပါ တယ်။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ Covid-19 လို ကပ် ရောဂါတွေကြောင့် စိတ်ညစ်စရာကောင်းနေတဲ့ ကမ္ဘာ ကြီးအပေါ်မှာ အကောင်းမြင်စိတ် မွေးနိုင်ပြီး စိတ်သက်သာရာ အနည်းငယ် ရနိုင်ပါစေလို့ မျှော်လင့်ပါတယ်။

ဖတ်စရာတွေ များနေပြီမလား ?

ရောင်နီ ( Book Review Sharing )

Keep Reading

တဇောက်ကန်းသမားဟိုလိုလို ဒီလိုလို ဝေလည်လည်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၁၅-၂၅) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) မြကတ္တီပါလမ်း (Book review)ပန်းကြာဝတ်မှုံ - ခင်ခင်ထူး ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ