Author's Profile Photo

Leo(Nann)❤️

23/07/2024

ဒီနေ့အတွက်idiom(4)?

1 min read
Personal Development
Education
General Knowledge
ဒီနေ့အတွက်idiom(4)?'s photo

ဒီနေ့မှာတော့ English idiomလေးတွေ
မဝေမျှဖြစ်တာကြာပြီဖြစ်လို့အသုံးဝင်မဲ့
idiomလေးတွေကို ထပ်မံဖော်ပြပေးသွားပါမယ်ရှင့်။

မြန်မာစာဝေါဟာရမှာစကားလုံးအသစ်သစ်တွေပေါ်ပေါက်လာသလိုEnglish idiomတွေဟာလည်းအသစ်တိုး ပေါ်ပေါက်လာကြပါတယ်။
Idiomဆိုတာကဗန်းစကားတစ်မျိုးဖြစ်တာကြောင့် မလေ့လာထားဘူးဆိုရင်
သင်ဟာခေတ်နောက်ကျကျန်ခဲ့ပါပြီ။
အဆင်မြင့်အင်္ဂလိပ်စာကို တတ်ထားချင်တယ်ဆိုရင်တော့
idiomတွေဟာလည်း အရေးကြီးပါတယ်။
Englishစာလေ့လာခြင်းရဲ့skill(၄)ခုမှာဆိုရင် Speaking skillဟာ
communicationအတွက် အဓိက ကဏ္ဍ
မှပါဝင်ပါတယ်။
အခုခေတ်မှာဆိုရင် ကမ္ဘာတစ်ဝှမ်း၌
အသုံးအနှုန်းအသစ်တွေကိုတီထွင်သုံးစွဲလာခဲ့ကြပြီဖြစ်တာကြောင့်idiomတွေကို သိကိုသိထားသင့်တဲ့အခြေအနေမှာရှိနေပါတယ်။Idiomရဲ့အရေးပါမှုကိုသိသွားပြီဆိုတော့
ဒီနေ့မျှဝေပေးသွားမဲ့ idiomလေးတွေကို
ကြည့်လိုက်ကြရအောင်လားရှင့်။

(1)Hold your shoes
Wait a minuteနဲ့အဓိပ္ပာယ်ချင်းတူပြီး
ခဏလောက်လို့အဓိပ္ပာယ်ရပါတယ်။
Example
Hold your shoes! I will check it out.
ခဏနေပါဦး။ငါ စစ်ကြည့်ဦးမယ်။


(2)Get out of hand
Get out of control(ထိန်းချုပ်မရဖြစ်သည်)နှင့်အတူတူပါဘဲ။
Example
As the situation was too nervous,
my mind got out of control.
အခြေအနေက အလွန်ရှုပ်ထွေးနေခဲ့တာကြောင့်
ငါ့စိတ်တွေလွတ်သွားခဲ့တယ်။


(3)Butterflies in my stomach
To be nervous(ရှုပ်ထွေးသည်)နှင့်
အဓိပ္ပာယ်တူပါတယ်။
Example
The condition was butterflies in my stomach.
အခြေအနေကရှုပ်ထွေးနေခဲ့တယ်။


(4)Give it a whirl
To try something.(ကြိုးစားသည်)ဆိုသောphraseနဲ့
အတူတူပါဘဲ။
Example
Give it a whirl.Don't give up.
ကြိုးစားပါ။အရှုံးမပေးလိုက်နဲ့။

(5)Go down in flames
To fail suddenly and spectacularly
(မမျှော်လင့်ဘဲ ဆုံးရှုံးရသည် )
နှင့်အဓိပ္ပာယ်တူပါတယ်။
Example
After she left me ,I went down in flames my happiness.
သူမထားခဲ့ပြီးနောက် ငါ့ပျော်ရွှင်မှုတွေကို
ဆုံးရှုံးခဲ့ရတယ်။

(6)Hit the sack
Go to sleep(အိပ်ရာဝင်သည်/အိပ်သည်)
နှင့်အတူတူဘဲဖြစ်ပါတယ်။
Example
After doing my homework,
I hit the sack.
ငါ့အိမ်စာတွေပြီးတဲ့နောက်အိပ်ယာဝင်ခဲ့တယ်။

(7)Down to the wire
At the last minute(နောက်ဆုံးအချိန်၊နောက်ဆုံးမိနစ်)ဆိုတဲ့phraseနဲ့အတူတူပါဘဲ။
Example
Being excited,I chose the wrong one down to the wire.
နောက်ဆုံးအချိန်မှာ ငါဟာမှားနေတဲ့အရာကို စိတ်လှုပ်ရှားပြီးတော့ ရွေးလိုက်မိတယ်။

အထက်မှာဖော်ပြပေးခဲ့တဲ့idiom (7)လုံး
ဟာဆိုရင်မှတ်သားရအလွန်လွယ်ကူပါတယ်နော်။
Leoက စာဖတ်သူလေးတို့
မှတ်သားရလွယ်ကူအောင် ဥပမာလေးတွေ ဖန်တီးပြီးထည့်ပေးထားပါတယ်နော်။
အားလုံးအတွက်မဟုတ်တောင် တစ်စုံတစ်ဦးအတွက် အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Englishစာကို စတင်လေ့လာကြမဲ့ beginner လေးတွေဖြစ်တဲ့ စာဖတ်သူလေးတို့ထံကို idiom knowledge တစ်စွန်းတစ်စလေး ဝေမျှခွင့်ရလို့ဝမ်းသာပါတယ်နော်။
masterအဆင့် စာဖတ်သူလေးတို့ကလည်း
ဖြည့်စွက်ပြီးဖတ်ရှုပေးကြပါဦးရှင့်။

------------------------------------
Example အပိုင်းမှာ ကိုယ်တိုင်ဖန်တီးထားတာဖြစ်လို့
အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်
သည်းခံပေးပါဦးလို့ ကြိုတင်တောင်းပန်ထားပါရစေရှင့်။
ဝေဖန်အကြံပေးလိုပါက
Leoရဲ့ Telegram channelနှင့်
Telegram accountများသို့
လာရောက်အကြံပေးထောက်ပြနိုင်ပါတယ်ရှင့်။

Telegram channel:
https://t.me/+y3BSdjLXIcw0MjBl
Telegram account:@Nanthirihlai

အားလုံးကိုအစဥ်လေးစားလျှက်....
Leo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်