Author's Profile Photo

အေးမြတ်သူ

22/07/2024

မေးခွန်း လေးတွေနဲ့ အဖြေရှာ

1 min read
Personal Development
General Knowledge
Art
မေးခွန်း လေးတွေနဲ့ အဖြေရှာ's photo


စာရေးခြင်းကို ဘာလို့နှစ်သက်လဲ...။

စာရေးခြင်းကို ဘာလို့နှစ်သက်လဲလို့ဆိုရင်
ကိုယ့်ရဲ့ အမြင်၊ကိုယ့်အတွေး၊ကိုယ့်ခံစားချက်လေးတွေ ကို စာလုံးလေးတွေနဲ့ ပုံဖော်နိုင်တယ်။
ကိုယ့်အမြင် ကိုယ့် စိတ်ကူးလေးတွေ၊ကိုယ့်ပုံဖော်ထားတာလေးတွေ နောက်ပိုင်း ပြန်ခံစားခွင့်ရမယ်...
အဲ့ဒါကြောင့်စာရေးရတာနှစ်သက်တယ်။


စာရေးခြင်းအနုပညာ နဲ့ပတ်သပ်ပြီး ဘယ်လို နားလည်လဲ...

စာရေးခြင်းနဲ့ပတ်သပ်ပြီးသိပ်မကြာခင်ကမှဖတ်ထားလို့မှတ်မိနေတာလေးတခုရှိတယ်။
စာရေးခြင်းဆိုတာတဲ့ လက်နဲ့ရေးခြင်း၊ခေါင်းနဲ့ရေးခြင်း၊နှလုံးသားနဲ့ရေးခြင်းဆိုပြီးသုံးမျိုးရှိတယ်တဲ့။
ကိုယ်ကတော့အဲ့သုံးမျိုးလုံးနဲ့ ရေးခြင်းကို စာရေးခြင်းလို့နားလည်ထားပါတယ်။

စာရေးတာ ကိုဘလိုရည်ရွယ်ချက်မျိုးထားပြီးရေးလဲ...

စာရေးတဲ့ရည်ရွယ်ချက်ကရှင်းရှင်းလေးပါပဲ။
ကိုယ်ရေးတာကို တခြားသူတွေ ခံစားနားလည်နိုင်ဖို့
ကိုယ့်စိတ်ကူးလေးတွေ မျှဝေဖို့၊ကိုယ့်အတွေးအမြင်လေးတွေမျှဝေဖို့ပြီးတော့
စာဖတ်သူလေးတွေစိတ်အမောတွေပြေပျောက်စေဖို့
တခုခုကိုသိရှိသွားစေဖို့ ရည်ရွယ် ပြီးစာတွေရေးဖြစ်ပါတယ်။

ကိုယ် ရေးတဲ့စာကို ဖတ်သူမရှိမှာ မကြောက်ဘူးလား...။

ကိုယ် ရေးတဲ့စာကို ဖတ်သူမရှိမှာ မကြောက်ဘူးလားဆိုတော့ အများနားလည်လက်ခံနိုင်အောင်ရေးနိုင်ရင်
ကြောက်ဖို့မလိုဘူးလို့ထင်ပါတယ်။


စာကောင်းတပုဒ်ရေးဖို့ဘာတွေလိုအပ်လဲ..။

စာကောင်းတပုဒ်ရေးဖို့ဆိုရင် (စာရေးဆရာ မဟုတ် တဲ့အတွက် )
စာရေးသူတယောက်အနေနဲ့ဆိုရင်
စာများများဖတ်ရမယ်။၊မေခွန်းလေးတွေ မေးတတ်ရမယ်။တွေးရမယ်၊ရေးရမယ်အဲ့ဒီအချက်တွေ လိုမယ်လို့ ထင်ပါတယ်။


ကျေးဇူး တင်ပါတယ် ။
A.M.T
22.7.2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အခြေအနေအရ ဖြစ်တည်မှု